ချယ်ဆီးအသင်းကတော့ အဲဗာတန်အသင်းကို ဒီ စနေနေ့ ညနေ မြန်မာအချိန် ၇ နာရီမှာ အဝေးကွင်း ဂွတ်ဒီဆင့်ပါ့ခ်ထံ သွားရောက် ရင်ဆိုင် ကစားရဦးမှာ ဖြစ်ပါတယ်။ နိုင်ပွဲ ပြန်ရလာပြီး အပြောင်းအရွှေ့ ပိတ် ပြစ်ဒဏ်လည်း လွတ်ခဲ့ပြီ ဖြစ်လို့ တက်ကြွနေတဲ့ ချယ်ဆီးဟာ လောလောလတ်လတ် နည်းပြ ထုတ်ခံထားရပြီး တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ အဲဗာတန်ကို တွေ့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီပွဲစဉ်မှာ ချယ်ဆီးတစ်ယောက် အလေးသာမှာ မဟုတ်ဘူးလို့ မိုက်ကယ်အိုဝင်က သုံးသပ်ထားပါတယ်။ အိုဝင်ရဲ့ သုံးသပ်ချက် အပြည့်အစုံကတော့ အောက်ပါအတိုင်းပါ။

” အဲဗာတန်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကပဲ တန်းဆင်းဇုန်ထဲ စ ဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းတို့က ချယ်ဆီးနဲ့ နောက်ဆုံး သုံးပွဲဆက် ဆုံရာမှာ ရှုံးပွဲ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ရာသီ ဂွတ်ဒီဆန်ပါ့ခ်မှာ ချယ်ဆီးကို အနိုင်တောင် ကန်ခဲ့သေးတာပါ။

” မာကိုဆေးလ်ဗား ထုတ်ပယ် ခံခဲ့ရပြီးနောက် အဲဗာတန်က လမ်းပတ်ရဲ့ ချယ်ဆီးအသင်းနဲ့ ရင်ဆိုင်ရာမှာ တာဝန်ယူဖို့ ဒွန်ကန် ဖာဂူဆန်ကို တာဝန်ပေးထားပါတယ်။ မာကိုဆေးဗားဟာ ပြီးခဲ့တဲ့ အပတ် ကြားရက်ကပွဲမှာ အန်းဖီးမှာ လီဗာပူးကို ဂိုးပြတ် ရှုံးနိမ့်တဲ့ ပွဲ အပြီး ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပါတယ်။ ”

” ချယ်ဆီးကတော့ ဒဏ်ရာကနေ ပြန် ကောင်းမွန်လာတဲ့ တိုက်စစ်မှူး တမ်မီ အေဗရာဟမ်ကို ပြန် သုံးနိုင်ခဲ့ပြီ ဖြစ်ပြီး ကြားရက်က အက်စတွန်ဗီလာနဲ့ ပွဲမှာ ခြားနားချက်ကြီးကို မြင်ခဲ့ရတယ်။ ပြီးခဲ့တဲ့ရာသီ ဗီလာမှာ အေဗရာဟမ် အငှား သွားရောက် ကစားဖြစ်ခဲ့တာက အကျိုုးရှိခဲ့တာ အမှန်ပါ။ ”

အဲဗာတန်က ရလဒ်ကောင်း တစ်ခု အသည်းအသန် လိုအပ်နေပြီး သရေတစ်မှတ်တော့ အဲဗာတန် ရမယ် ထင်ပါတယ်။ ဂွတ်ဒီဆင်ပါ့ခ်မှာ ခက်ခဲတဲ့ ပွဲတစ်ပွဲ မြင်ရဦးမှာပါ။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

အိုဝင်ခန့်မှန်းရလဒ်ကလည်း အဲဗာတန် ချယ်ဆီးတို့ သရေပါ။

Zawgyi

ခ်ယ္ဆီးအသင္းကေတာ့ အဲဗာတန္အသင္းကို ဒီ စေနေန႔ ညေန ျမန္မာအခ်ိန္ ၇ နာရီမွာ အေ၀းကြင္း ဂြတ္ဒီဆင့္ပါ့ခ္ထံ သြားေရာက္ ရင္ဆိုင္ ကစားရဦးမွာ ျဖစ္ပါတယ္။ နိုင္ပြဲ ျပန္ရလာျပီး အေျပာင္းအေရႊ႕ ပိတ္ ျပစ္ဒဏ္လည္း လြတ္ခဲ့ျပီ ျဖစ္လို႔ တက္ၾကြေနတဲ့ ခ်ယ္ဆီးဟာ ေလာေလာလတ္လတ္ နည္းျပ ထုတ္ခံထားရျပီး တန္းဆင္းဇုန္မွာ ရုန္းကန္ေနရတဲ့ အဲဗာတန္ကို ေတြ႔မွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီပြဲစဥ္မွာ ခ်ယ္ဆီးတစ္ေယာက္ အေလးသာမွာ မဟုတ္ဘူးလို႔ မိုက္ကယ္အို၀င္က သံုးသပ္ထားပါတယ္။ အို၀င္ရဲ႕ သံုးသပ္ခ်က္ အျပည့္အစံုကေတာ့ ေအာက္ပါအတိုင္းပါ။

” အဲဗာတန္ကေတာ့ ျပီးခဲ့တဲ့ သီတင္းပတ္ကုန္ကပဲ တန္းဆင္းဇုန္ထဲ စ ၀င္သြားခဲ့ျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ၄င္းတို႔က ခ်ယ္ဆီးနဲ႕ ေနာက္ဆံုး သံုးပြဲဆက္ ဆံုရာမွာ ရွံဳးပြဲ မရွိေသးပါဘူး။ ျပီးခဲ့တဲ့ရာသီ ဂြတ္ဒီဆန္ပါ့ခ္မွာ ခ်ယ္ဆီးကို အနိုင္ေတာင္ ကန္ခဲ့ေသးတာပါ။

” မာကိုေဆးလ္ဗား ထုတ္ပယ္ ခံခဲ့ရျပီးေနာက္ အဲဗာတန္က လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းနဲ႔ ရင္ဆိုင္ရာမွာ တာ၀န္ယူဖို႔ ဒြန္ကန္ ဖာဂူဆန္ကို တာ၀န္ေပးထားပါတယ္။ မာကိုေဆးဗားဟာ ျပီးခဲ့တဲ့ အပတ္ ၾကားရက္ကပြဲမွာ အန္းဖီးမွာ လီဗာပူးကို ဂိုးျပတ္ ရွံဳးနိမ့္တဲ့ ပြဲ အျပီး ထုတ္ပယ္ ခံခဲ့ရတာ ျဖစ္ပါတယ္။ ”

” ခ်ယ္ဆီးကေတာ့ ဒဏ္ရာကေန ျပန္ ေကာင္းမြန္လာတဲ့ တိုက္စစ္မွဴး တမ္မီ ေအဗရာဟမ္ကို ျပန္ သံုးနိုင္ခဲ့ျပီ ျဖစ္ျပီး ၾကားရက္က အက္စတြန္ဗီလာနဲ႕ ပြဲမွာ ျခားနားခ်က္ၾကီးကို ျမင္ခဲ့ရတယ္။ ျပီးခဲ့တဲ့ရာသီ ဗီလာမွာ ေအဗရာဟမ္ အငွား သြားေရာက္ ကစားျဖစ္ခဲ့တာက အက်ိဳုးရွိခဲ့တာ အမွန္ပါ။ ”

အဲဗာတန္က ရလဒ္ေကာင္း တစ္ခု အသည္းအသန္ လိုအပ္ေနျပီး သေရတစ္မွတ္ေတာ့ အဲဗာတန္ ရမယ္ ထင္ပါတယ္။ ဂြတ္ဒီဆင္ပါ့ခ္မွာ ခက္ခဲတဲ့ ပြဲတစ္ပြဲ ျမင္ရဦးမွာပါ။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

အို၀င္ခန္႔မွန္းရလဒ္ကလည္း အဲဗာတန္ ခ်ယ္ဆီးတို႔ သေရပါ။