မန်ချက်စတာဒါဘီပွဲအတွက် ယူနိုက်တက်ရဲ့ အတည်ပြုလူစာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ကြားရက်က စပါးနဲ့ပွဲမှာ မပါနိုင်ခဲ့တဲ့ တိုက်စစ်သမား မာရှယ် ပြန်ပါလာခဲ့ပြီဖြစ်ပါတယ်။

မာရှယ်ဟာ အက်စတွန်ဗီလာကို သရေကျတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာနောက်ဆက်တွဲအဖြစ် စပါးနဲ့ပွဲမှာ မပါနိုင်ခဲ့ပါဘူး။ လူစာရင်းမှာ ပြန်ပါလာပေမယ့် မန်စီးတီးပွဲမှာ သူ့ကို ပွဲထွက်လူစာရင်းကနေ ထုတ်သုံးဖို့ ကြံ့ခိုင်မှု ပြည့်ဝနေဖို့ရာ မသေချာသေးတာဖြစ်တယ်။ မာရှယ်ဟာ ဒီရာသီမှာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ရုန်းကန်နေရပြီး ပွဲချိန်ပြည့် ပါဝင်ကစားနိုင်ဖို့ ရုန်းကန်နေရသူပါ။

ဆိုးရှားက ” မာရှယ်ကို ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သုံးနိုင်ဖို့ မျှော်လင့်ပါတယ်။ သူ ပွဲထွက်ခွင့်ရမလားဆိုတာ ကျနော် မသေချာပါဘူး။ ပေါ့ဘာက ကစားနိုင်မှာ မဟုတ်ဘူး။ သူ ဘယ်အချိန် ပြန်ကစားနိုင်မလဲဆိုရင် မကြာခင်တော့ ကစားနိုင်မှာပါ။ သူက မြက်ခင်းမှာတော့ ပြန်လေ့ကျင့်နေပါပြီ။ ၂၀၁၉ မှာ ကစားနိုင်မယ်လို့ မျှော်လင့်ထားပြီး နှစ်သစ်ကူး မတိုင်ခင် ကစားနိုင်မှာ သေချာပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်မှာ ဆိုးရှားဟာ နော်ဝေကနေ ယူနိုက်တက်ကို ပြောင်းလာခဲ့စဉ်မှာ မန်စီးတီးက အဆင့်မြင့်တန်းကနေ တန်းဆင်းသွားခဲ့ရတာဖြစ်တယ်။ နောက်ပိုင်းမှာ ဒုတိယတန်းကနေလည်း ထပ်မံ တန်းဆင်းခဲ့ရပြီး ၂၀၀၀ ခုနှစ်မှာမှ တန်းပြန်တက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

Confirmed United squad members

David de Gea, Sergio Romero, Lee Grant

Aaron Wan-Bissaka, Victor Lindelof, Harry Maguire, Axel Tuanzebe, Luke Shaw, Ashley Young, Brandon Williams

Fred, Andreas Pereira, James Garner, Scott McTominay, Jesse Lingard, Juan Mata,

Mason Greenwood, Daniel James, Anthony Martial, Marcus Rashford

ZAWGYI

မန္ခ်က္စတာဒါဘီပြဲအတြက္ ယူႏုိက္တက္ရဲ႕ အတည္ျပဳလူစာရင္း ထြက္ေပၚလာခဲ့ျပီျဖစ္ျပီး ၾကားရက္က စပါးနဲ႔ပြဲမွာ မပါႏုိင္ခဲ့တဲ့ တိုက္စစ္သမား မာရွယ္ ျပန္ပါလာခဲ့ျပီျဖစ္ပါတယ္။

မာရွယ္ဟာ အက္စတြန္ဗီလာကို သေရက်တဲ့ပြဲမွာ ဒဏ္ရာရခဲ့တာျဖစ္ျပီး ဒဏ္ရာေနာက္ဆက္တြဲအျဖစ္ စပါးနဲ႔ပြဲမွာ မပါႏုိင္ခဲ့ပါဘူး။ လူစာရင္းမွာ ျပန္ပါလာေပမယ့္ မန္စီးတီးပြဲမွာ သူ႔ကို ပြဲထြက္လူစာရင္းကေန ထုတ္သံုးဖို႔ ၾကံ႕ခိုင္မႈ ျပည့္ဝေနဖို႔ရာ မေသခ်ာေသးတာျဖစ္တယ္။ မာရွယ္ဟာ ဒီရာသီမွာ ၾကံ႕ခိုင္မႈပိုင္းဆုိင္ရာ ရုန္းကန္ေနရျပီး ပြဲခ်ိန္ျပည့္ ပါဝင္ကစားႏုိင္ဖို႔ ရုန္းကန္ေနရသူပါ။

ဆိုးရွားက ” မာရွယ္ကို ပြဲရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ သံုးႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ သူ ပြဲထြက္ခြင့္ရမလားဆိုတာ က်ေနာ္ မေသခ်ာပါဘူး။ ေပါ့ဘာက ကစားႏုိင္မွာ မဟုတ္ဘူး။ သူ ဘယ္အခ်ိန္ ျပန္ကစားႏုိင္မလဲဆိုရင္ မၾကာခင္ေတာ့ ကစားႏုိင္မွာပါ။ သူက ျမက္ခင္းမွာေတာ့ ျပန္ေလ့က်င့္ေနပါျပီ။ ၂၀၁၉ မွာ ကစားႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ထားျပီး ႏွစ္သစ္ကူး မတုိင္ခင္ ကစားႏုိင္မွာ ေသခ်ာပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

၁၉၉၆ ခုႏွစ္မွာ ဆိုးရွားဟာ ေနာ္ေဝကေန ယူႏုိက္တက္ကို ေျပာင္းလာခဲ့စဥ္မွာ မန္စီးတီးက အဆင့္ျမင့္တန္းကေန တန္းဆင္းသြားခဲ့ရတာျဖစ္တယ္။ ေနာက္ပိုင္းမွာ ဒုတိယတန္းကေနလည္း ထပ္မံ တန္းဆင္းခဲ့ရျပီး ၂၀၀၀ ခုႏွစ္မွာမွ တန္းျပန္တက္လာႏုိင္ခဲ့တာ ျဖစ္ပါတယ္။

Confirmed United squad members

David de Gea, Sergio Romero, Lee Grant

Aaron Wan-Bissaka, Victor Lindelof, Harry Maguire, Axel Tuanzebe, Luke Shaw, Ashley Young, Brandon Williams

Fred, Andreas Pereira, James Garner, Scott McTominay, Jesse Lingard, Juan Mata,

Mason Greenwood, Daniel James, Anthony Martial, Marcus Rashford