မန်နေဂျာယာဂင်ကလော့ပ်က ဒီကနေ့ပွဲဖြစ်တဲ့ ဘုန်းမောက်နဲ့ပွဲမှာ တိုက်စစ်သမား ဟယ်ရီဝဲလ်ဆန် ပါဝင်ကစားခွင့်ရမှာ မဟုတ်ခြင်းကို အတော်လေး ပျော်ရွှင်မိတယ်လို့ ဝန်ခံသွားပါတယ်။

ဒီရာသီမှာ ဘုန်းမောက်အတွက် ပရီးမီးယားလိဂ်ပွဲ ၁၄ ပွဲ ကစားပေးထားတဲ့ ဝဲလ်ဆန်ဟာ သွင်းဂိုး ၆ ဂိုး သွင်းယူထားပြီး အဆိုပါဂိုးတွေထဲ မန်စီးတီး၊ စပါးတို့ကို လှပစွာ သွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးတွေလည်း ပါဝင်ခဲ့တာပါ။ ဝဲလ်ဆန်ဟာ လီဗာပူးက ဘုန်းမောက်ကို တစ်ရာသီ အငှားချပေးထားတဲ့ ကစားသမားဖြစ်တာကြောင့် မိခင်ကလပ်ကို ပြန်လည်ယှဉ်ပြိုင်တဲ့ပွဲမှာ ပါဝင်ခွင့်မရတာဖြစ်ပါတယ်။

ဟယ်ရီဝဲလ်ဆန်ရဲ့ အနေအထားအပေါ် မေးခွန်းထုတ်ခံရချိန်မှာ ကလော့ပ်က “ ဝဲလ်ဆန် ကျနေ်ာတို့နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲ မပါဝင်နိုင်တာကို အတော်လေး ပျော်ပါတယ်။ ဒါ ရိုးရိုးသားသားပြောတာပါ။ သူ့ရဲ့ တည်ကန်ဘောတိုင်းက တကယ်ကို ခြိမ်းခြောက်နိုင်မှုတွေဖြစ်ပါတယ်။ ဒါပေမယ့် ဝဲလ်ဆန်ရဲ့ ကန်သွင်းမှု စွမ်းရည်ကိုလည်း သံသယမရှိပါဘူး။ ပွဲတွေမှာ သူ့ရဲ့ စွမ်းရည်က မယုံနိုင်လောက်တဲ့ ကမ္ဘာအဆင့် ကန်သွင်းနိုင်မှုတွေဖြစ်တာ သေချာပါတယ်။

ဟယ်ရီက ဘုန်းမောက်မှာ ပွဲထွက်ကစားပြီး အရာအားလုံးမှာ တိုးတက်လာခဲ့တယ်။ သူက လိုင်းတွေကြားမှာ ပါဝင်နိုင်တယ်၊ သူ့ရဲ့ မြန်နှုန်းနဲ့ ပွဲကိုလည်း အဆုံးအဖြတ်ပေးနိုင်တယ်၊ အားလုံးမှာ ထူးချွန်လာပါတယ်။

ဘုန်းမောက်မှာ သူက တကယ် ခြေလှမ်းကြီးတွေ လှမ်းနိုင်ခဲ့ပြီး ဒါက အရေးကြီးပါတယ်။ ဘုန်းမောက်က အရမ်း ရလဒ်ကောင်းနေတာ မဟုတ်ပေမယ့် သူက နောက်ဆုံးပွဲမတိုင်ခင် သွင်းဂိုး နှစ်ဂိုး ရထားပါတယ်။ သွင်းဂိုးကောင်းတွေဖြစ်ပြီး အနိုင်ရဖို့ မလုံလောက်ခဲ့ပေမယ့် ဆက်ပြီး ကြိုးစားနေတာပါ။ တကယ်ကို ကောင်းပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဒီကေန႔ပြဲျဖစ္တဲ့ ဘုန္းေမာက္နဲ႔ပြဲမွာ တိုက္စစ္သမား ဟယ္ရီဝဲလ္ဆန္ ပါဝင္ကစားခြင့္ရမွာ မဟုတ္ျခင္းကို အေတာ္ေလး ေပ်ာ္ရႊင္မိတယ္လို႔ ဝန္ခံသြားပါတယ္။

ဒီရာသီမွာ ဘုန္းေမာက္အတြက္ ပရီးမီးယားလိဂ္ပြဲ ၁၄ ပြဲ ကစားေပးထားတဲ့ ဝဲလ္ဆန္ဟာ သြင္းဂိုး ၆ ဂိုး သြင္းယူထားျပီး အဆိုပါဂိုးေတြထဲ မန္စီးတီး၊ စပါးတို႔ကို လွပစြာ သြင္းယူခဲ့တဲ့ ဖရီးကစ္ဂိုးေတြလည္း ပါဝင္ခဲ့တာပါ။ ဝဲလ္ဆန္ဟာ လီဗာပူးက ဘုန္းေမာက္ကို တစ္ရာသီ အငွားခ်ေပးထားတဲ့ ကစားသမားျဖစ္တာေၾကာင့္ မိခင္ကလပ္ကို ျပန္လည္ယွဥ္ျပိဳင္တဲ့ပြဲမွာ ပါဝင္ခြင့္မရတာျဖစ္ပါတယ္။

ဟယ္ရီဝဲလ္ဆန္ရဲ႕ အေနအထားအေပၚ ေမးခြန္းထုတ္ခံရခ်ိန္မွာ ကေလာ့ပ္က “ ဝဲလ္ဆန္ က်ေန္ာတို႔နဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲ မပါဝင္ႏုိင္တာကို အေတာ္ေလး ေပ်ာ္ပါတယ္။ ဒါ ရိုးရိုးသားသားေျပာတာပါ။ သူ႔ရဲ႕ တည္ကန္ေဘာတိုင္းက တကယ္ကို ျခိမ္းေျခာက္ႏုိင္မႈေတြျဖစ္ပါတယ္။ ဒါေပမယ့္ ဝဲလ္ဆန္ရဲ႕ ကန္သြင္းမႈ စြမ္းရည္ကိုလည္း သံသယမရွိပါဘူး။ ပြဲေတြမွာ သူ႔ရဲ႕ စြမ္းရည္က မယံုႏုိင္ေလာက္တဲ့ ကမၻာအဆင့္ ကန္သြင္းႏုိင္မႈေတြျဖစ္တာ ေသခ်ာပါတယ္။

ဟယ္ရီက ဘုန္းေမာက္မွာ ပြဲထြက္ကစားျပီး အရာအားလံုးမွာ တိုးတက္လာခဲ့တယ္။ သူက လိုင္းေတြၾကားမွာ ပါဝင္ႏုိင္တယ္၊ သူ႔ရဲ႕ ျမန္ႏႈန္းနဲ႔ ပြဲကိုလည္း အဆံုးအျဖတ္ေပးႏုိင္တယ္၊ အားလံုးမွာ ထူးခၽြန္လာပါတယ္။

ဘုန္းေမာက္မွာ သူက တကယ္ ေျခလွမ္းၾကီးေတြ လွမ္းႏုိင္ခဲ့ျပီး ဒါက အေရးၾကီးပါတယ္။ ဘုန္းေမာက္က အရမ္း ရလဒ္ေကာင္းေနတာ မဟုတ္ေပမယ့္ သူက ေနာက္ဆံုးပြဲမတိုင္ခင္ သြင္းဂိုး ႏွစ္ဂိုး ရထားပါတယ္။ သြင္းဂိုးေကာင္းေတြျဖစ္ျပီး အႏုိင္ရဖို႔ မလံုေလာက္ခဲ့ေပမယ့္ ဆက္ျပီး ၾကိဳးစားေနတာပါ။ တကယ္ကို ေကာင္းပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။