လီဗာပူးနဲ့ ယူနိုက်တက်ပွဲကို ဒိုင်လူကြီးအဖြစ် ပေါလ် တီယာနေးက ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မက်ဆီ၊ အဂွယ်ရို၊ ပေါ့ဘာ အစရှိတဲ့ ထိပ်သီးတွေကို ဒီနွေမှာ ခေါ်ယူသွားလိုပြီး အမ်ဘတ်ပီကို ပြန်လည်ရောင်းထုတ်သွားလိုစိတ် ရှိနေတယ်လို့ သိရပါတယ်။

ပြင်သစ်က ဒုတိယတန်းလိဂ်ကို အငှားထွက်ကစားနေတဲ့ လီဗာပူး ဘယ်အစွန်လူ အဒမ် လူးဝစ်ဟာ ဇန်နဝါရီမှာ လီဗာပူးကို ပြန်လာရမယ်လို့ သိရပါတယ်။

မန်နေဂျာကလော့ပ်ဟာ ဂန္တဝင်မန်နေဂျာတွေဖြစ်တဲ့ ဆာကင်နီ၊ ဆာအဲလက်စ်တို့နဲ့အတူ ရံပုံငွေပွဲတစ်ခုအတွက် အတူတကွ တက်ရောက် စကားပြောမှု လုပ်သွားမှာ ဖြစ်ပါတယ်။

အင်္ဂလန်ခံစစ်သမားဟောင်း မီဂါရစ်ချက်က မီလ်နာဟာ ဇာလက်တာလို ကစားသမားမျိုးဖြစ်ပြီး အသက် ၄၀ အရွယ်ထိ စံနမူနာ ကစားသမားအဖြစ် ဦးဆောင် ကစားနိုင်မယ့်သူလို့ ချီးကျူးလိုက်ပါတယ်။

လီဗာပူး တိုက်စစ်မှူးဟောင်းကြီး ဂျွန် အဲဒရစ်ချ်က အမှတ်ပေးဇယား ထိပ်ပိုင်းနေရာအတွက် အရေးပါတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲမှာ လီဗာပူးက စကေးလ်ကျွမ်းတဲ့ တကယ့် ကွင်းလယ်ကောင်း သီယေဂို အယ်ကန်တာရာ ကို ပွဲထုတ်ဖြစ်အောင် ထုတ်ဖို့ ကလော့ပ်အား တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ တိုက်စစ်သမားတွေက လီဗာပူး ညာအစွန်လူ ထရန့်နဲ့ ညာခြမ်း ဗဟိုခံစစ်မှူးကြားက နေရာလွတ်ကို အဓိကထား ထိုးနှက်လိမ့်မယ်လို့ ထောက်ပြမှုတွေ များပြားနေပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရားဟာ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ ယူနိုက်တက်ပွဲ မတိုင်ခင် ဘန်လေနဲ့ပွဲမှာ အဝါကဒ် ပြသခံရပါက အင်္ဂလန်ဒါဘီကို လွဲချော်မှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှ တောင်ပံတိုက်စစ်သမား ဂနာဘီက လီဗာပူးက စိတ်ဝင်စားနေတဲ့ အသင်းဖော် ဂျမယ် မူဆီယာလာဟာ ထူးချွန်တဲ့ အရည်အချင်းရှိကာ အင်္ဂလန်ကို ပြောင်းဖို့ထက် ဂျာမနီမှာပဲ ဆက်နေသင့်တယ်လို့ တိုက်တွန်းပါတယ်။

ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါစကီက ဆရာဟောင်းဖြစ်တဲ့ ယာဂင်ကလော့ပ်ဟာ ဖခင်တစ်ဦးလို ပုဂ္ဂိုလ်ဖြစ်သလို တပည့်တွေကို ထူးချွန်စေချင်လွန်းတဲ့ ခပ်ဆိုးဆိုး ဆရာလည်းဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲကို ဒိုင္လူၾကီးအျဖစ္ ေပါလ္ တီယာေနးက ကိုင္တြယ္သြားမွာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီ၊ အဂြယ္ရို၊ ေပါ့ဘာ အစရွိတဲ့ ထိပ္သီးေတြကို ဒီေႏြမွာ ေခၚယူသြားလိုျပီး အမ္ဘတ္ပီကို ျပန္လည္ေရာင္းထုတ္သြားလိုစိတ္ ရွိေနတယ္လို႔ သိရပါတယ္။

ျပင္သစ္က ဒုတိယတန္းလိဂ္ကို အငွားထြက္ကစားေနတဲ့ လီဗာပူး ဘယ္အစြန္လူ အဒမ္ လူးဝစ္ဟာ ဇန္နဝါရီမွာ လီဗာပူးကို ျပန္လာရမယ္လို႔ သိရပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ ဂႏၱဝင္မန္ေနဂ်ာေတြျဖစ္တဲ့ ဆာကင္နီ၊ ဆာအဲလက္စ္တို႔နဲ႔အတူ ရံပံုေငြပြဲတစ္ခုအတြက္ အတူတကြ တက္ေရာက္ စကားေျပာမႈ လုပ္သြားမွာ ျဖစ္ပါတယ္။

အဂၤလန္ခံစစ္သမားေဟာင္း မီဂါရစ္ခ်က္က မီလ္နာဟာ ဇာလက္တာလို ကစားသမားမ်ိဳးျဖစ္ျပီး အသက္ ၄၀ အရြယ္ထိ စံနမူနာ ကစားသမားအျဖစ္ ဦးေဆာင္ ကစားႏုိင္မယ့္သူလို႔ ခ်ီးက်ဴးလိုက္ပါတယ္။

လီဗာပူး တိုက္စစ္မွဴးေဟာင္းၾကီး ဂၽြန္ အဲဒရစ္ခ်္က အမွတ္ေပးဇယား ထိပ္ပိုင္းေနရာအတြက္ အေရးပါတဲ့ မန္ခ်က္စတာ ယူနိုက္တက္ နဲ႕ ပြဲမွာ လီဗာပူးက စေကးလ္ကၽြမ္းတဲ့ တကယ့္ ကြင္းလယ္ေကာင္း သီေယဂို အယ္ကန္တာရာ ကို ပြဲထုတ္ျဖစ္ေအာင္ ထုတ္ဖို႔ ကေလာ့ပ္အား တိုက္တြန္း ေျပာဆိုသြားခဲ့ပါတယ္။

ယူႏုိက္တက္ရဲ႕ တိုက္စစ္သမားေတြက လီဗာပူး ညာအစြန္လူ ထရန္႔နဲ႔ ညာျခမ္း ဗဟိုခံစစ္မွဴးၾကားက ေနရာလြတ္ကို အဓိကထား ထိုးႏွက္လိမ့္မယ္လို႔ ေထာက္ျပမႈေတြ မ်ားျပားေနပါတယ္။

ယူႏုိက္တက္အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ တနဂၤေႏြေန႔မွာ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲ မတိုင္ခင္ ဘန္ေလနဲ႔ပြဲမွာ အဝါကဒ္ ျပသခံရပါက အဂၤလန္ဒါဘီကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းမွ ေတာင္ပံတိုက္စစ္သမား ဂနာဘီက လီဗာပူးက စိတ္ဝင္စားေနတဲ့ အသင္းေဖာ္ ဂ်မယ္ မူဆီယာလာဟာ ထူးခၽြန္တဲ့ အရည္အခ်င္းရွိကာ အဂၤလန္ကို ေျပာင္းဖို႔ထက္ ဂ်ာမနီမွာပဲ ဆက္ေနသင့္တယ္လို႔ တိုက္တြန္းပါတယ္။

ဘိုင္ယန္တိုက္စစ္မွဴး လီဝမ္ေဒါစကီက ဆရာေဟာင္းျဖစ္တဲ့ ယာဂင္ကေလာ့ပ္ဟာ ဖခင္တစ္ဦးလို ပုဂၢိဳလ္ျဖစ္သလို တပည့္ေတြကို ထူးခၽြန္ေစခ်င္လြန္းတ့ဲ ခပ္ဆိုးဆိုး ဆရာလည္းျဖစ္တယ္လို႔ မွတ္ခ်က္ေပးပါတယ္။