လီဗာပူးကွင်းလယ်လူ သီယာဂိုက လီဗာပူးပရိသတ်တွေနဲ့ ပြုလုပ်တဲ့ အမေးအဖြေ ကဏ္ဍမှာတော့ ကလပ်ရဲ့ ဂန္တဝင်တွေဖြစ်တဲ့ အလွန်ဆို၊ ဂျရတ်တို့နဲ့ ပက်သက်ပြီး သူ့အမြင်တွေကို ပြောခဲ့ပါတယ်။

သီဝာဂိုဟာ ဥရောပရဲ့ ပြီးပြည့်စုံသော ကွင်းလယ်လူတွေထဲက တစ်ဦးအဖြစ် မှတ်ယူခံထားရသူပါ။ ဒါပေမယ့် သူ့မတိုင်ခင် လီဗာပူးမှာ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူတွေအဖြစ် ထင်ရှားတဲ့ အလွန်ဆိုနဲ့ ဂျရတ်လို ကွင်းလယ်လူတွေကလည်း တောက်ပခဲ့ဖူးတာ ဖြစ်ပါတယ်။

သီယာဂိုက “ ကျနော်က ဇာဗီအလွန်ဆိုနဲ့ တွဲကစားခဲ့ဖူးပြီးပါပြီ။ ကျနော် သူနဲ့ တွဲဘက် ကစားနိုင်တယ်လို့ ပြောနိုင်ပါတယ်။ ဇာဗီက ကျနော်ရဲ့ သူငယ်ချင်းပါ၊ အသင်းဖော်လည်းဖြစ်သလို ဘိုင်ယန်နဲ့ လက်ရွေးစင် အသင်းတွေမှာ အတူတွဲကစားလာခဲ့တဲ့ ကျနော်အတွက် ဆရာလိုလူလည်း ဖြစ်ပါတယ်။

ကျနော်က ဇာဗီကို ကစားသမားတစ်ယောက် အနေနဲ့ကော မန်နေဂျာတစ်ယောက်အဖြစ်ပါ အတော်လေး လေးစားမှု ရှိပပါတယ်။

လီဗာပူးအသင်းအတွက် စတီဗင်ဂျရတ်ရဲ့ ဇာတ်လမ်းတွေကို သိထားတာကြောင့်လည်း သူ့ကို သိပ်လေးစားမိပါတယ်။ သူက အသင်းကို ပြောင်းလဲစေခဲ့သသူလည်း ဖြစ်ပါတယ်။ သူနဲ့ တွေ့ဖို့ ရည်မှန်းထားပါတယ်။ စတီဗင်ဂျရတ်က ဂန္တဝင်တစ်ဦး ဖြစ်ပါတယ်။ အကယ်လို့ ကျနော် သူနဲ့အတူ တွဲဘက် ကစားရမယ်ဆိုရင် ဘောလုံးနဲ့ ပက်သက်ပြီး ပိုပြီးတော့ သင်ယူနိုင်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒါဆိုရင် စတီဗင်ဂျရတ်နဲ့ ဇာဗီအလွန်ဆို နှစ်ဦးထဲက ဘယ်သူနဲ့ တွဲကစားလိုသလဲဆိုတဲ့ အမေးကိုလည်း သီယာဂိုက ပြန်ဖြေပါတယ်။

“ ကွင်းလယ်နေရာက အကျယ်ကြီးပါ။ ကျနော် နှစ်ဦးလုံးကို ရွေးပါတယ်။ သူတို့ နှစ်ဦးနဲ့အတူ ကွင်းလယ် သုံးယောက်တန်းအဖြစ် ကစားနိုင်ပါတယ်။

သူတို့ နှစ်ဦးက လီဗာပူးရဲ့ ဂန္တဝင်တွေပါ။ သူတို့က ဘောလုံးလောကရဲ့ ဂန္တဝင်တွေ ဖြစ်ပါတယ်။ သူတို့က စက်တွေလိုပါပဲ။ သိပ်ကို အံ့သြဖို့ကောင်းတဲ့ ကစားသမားတွေ ဖြစ်ပါတယ် ” လို့ သီယာဂိုက ထုတ်ပြောသွားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ သီယာဂိုက လီဗာပူးပရိသတ္ေတြနဲ႔ ျပဳလုပ္တဲ့ အေမးအေျဖ က႑မွာေတာ့ ကလပ္ရဲ႕ ဂႏၱဝင္ေတြျဖစ္တဲ့ အလြန္ဆို၊ ဂ်ရတ္တို႔နဲ႔ ပက္သက္ျပီး သူ႔အျမင္ေတြကို ေျပာခဲ့ပါတယ္။

သီဝာဂိုဟာ ဥေရာပရဲ႕ ျပီးျပည့္စံုေသာ ကြင္းလယ္လူေတြထဲက တစ္ဦးအျဖစ္ မွတ္ယူခံထားရသူပါ။ ဒါေပမယ့္ သူ႔မတိုင္ခင္ လီဗာပူးမွာ ျပီးျပည့္စံုတဲ့ ကြင္းလယ္လူေတြအျဖစ္ ထင္ရွားတဲ့ အလြန္ဆိုနဲ႔ ဂ်ရတ္လို ကြင္းလယ္လူေတြကလည္း ေတာက္ပခဲ့ဖူးတာ ျဖစ္ပါတယ္။

သီယာဂိုက “ က်ေနာ္က ဇာဗီအလြန္ဆိုနဲ႔ တြဲကစားခဲ့ဖူးျပီးပါျပီ။ က်ေနာ္ သူနဲ႔ တြဲဘက္ ကစားႏုိင္တယ္လို႔ ေျပာႏုိင္ပါတယ္။ ဇာဗီက က်ေနာ္ရဲ႕ သူငယ္ခ်င္းပါ၊ အသင္းေဖာ္လည္းျဖစ္သလို ဘိုင္ယန္နဲ႔ လက္ေရြးစင္ အသင္းေတြမွာ အတူတြဲကစားလာခဲ့တဲ့ က်ေနာ္အတြက္ ဆရာလိုလူလည္း ျဖစ္ပါတယ္။

က်ေနာ္က ဇာဗီကို ကစားသမားတစ္ေယာက္ အေနနဲ႔ေကာ မန္ေနဂ်ာတစ္ေယာက္အျဖစ္ပါ အေတာ္ေလး ေလးစားမႈ ရွိပပါတယ္။

လီဗာပူးအသင္းအတြက္ စတီဗင္ဂ်ရတ္ရဲ႕ ဇာတ္လမ္းေတြကို သိထားတာေၾကာင့္လည္း သူ႔ကို သိပ္ေလးစားမိပါတယ္။ သူက အသင္းကို ေျပာင္းလဲေစခဲ့သသူလည္း ျဖစ္ပါတယ္။ သူနဲ႔ ေတြ႔ဖို႔ ရည္မွန္းထားပါတယ္။ စတီဗင္ဂ်ရတ္က ဂႏၱဝင္တစ္ဦး ျဖစ္ပါတယ္။ အကယ္လို႔ က်ေနာ္ သူနဲ႔အတူ တြဲဘက္ ကစားရမယ္ဆိုရင္ ေဘာလံုးနဲ႔ ပက္သက္ျပီး ပိုျပီးေတာ့ သင္ယူႏုိင္ပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒါဆုိရင္ စတီဗင္ဂ်ရတ္နဲ႔ ဇာဗီအလြန္ဆို ႏွစ္ဦးထဲက ဘယ္သူနဲ႔ တြဲကစားလိုသလဲဆိုတဲ့ အေမးကိုလည္း သီယာဂိုက ျပန္ေျဖပါတယ္။

“ ကြင္းလယ္ေနရာက အက်ယ္ၾကီးပါ။ က်ေနာ္ ႏွစ္ဦးလံုးကို ေရြးပါတယ္။ သူတို႔ ႏွစ္ဦးနဲ႔အတူ ကြင္းလယ္ သံုးေယာက္တန္းအျဖစ္ ကစားႏိုင္ပါတယ္။

သူတို႔ ႏွစ္ဦးက လီဗာပူးရဲ႕ ဂႏၱဝင္ေတြပါ။ သူတို႔က ေဘာလံုးေလာကရဲ႕ ဂႏၱဝင္ေတြ ျဖစ္ပါတယ္။ သူတို႔က စက္ေတြလိုပါပဲ။ သိပ္ကို အံ့ၾသဖို႔ေကာင္းတဲ့ ကစားသမားေတြ ျဖစ္ပါတယ္ ” လို႔ သီယာဂိုက ထုတ္ေျပာသြားတာ ျဖစ္ပါတယ္။