လီဗာပူးအသင်းဟာ ကစားသမား ရောင်းထုတ်မှုတွေ အဆင်မပြေဖြစ်နေခြင်းနဲ့အတူ ဒီနွေမှာ နောက်ထပ် ခေါ်ယူမှုကြီးတွေ ဖြစ်မလာတော့မယ့် အနေအထားမျိုး ရင်ဆိုင်ရနိုင်ကြောင်း ဒေးလီးမေလ်းက ဖော်ပြပါတယ်။
မန်နေဂျာကလော့ပ်က ဒီနွေမှာပဲ ပီအက်စ်ဂျီအသင်းထံ ရောက်ရှိသွားပြီဖြစ်တဲ့ ဝိုက်နယ်ဒမ်နေရာ အစားထိုးဖို့ရာ ကွင်းလယ်လူသစ်ကို ခေါ်ယူလိုနေတယ်။ ကလပ်ဘက်က ပေါင် ၆၄ သန်း တန်ကြေးရှိ လက်စတာကွင်းလယ်လူ တိုင်လီမန်း၊ ဘာစီလိုနာမှ ဆောနဲ့ မိုချန်ဂလာဘတ် ကွင်းလယ်လူ နွိုက်ဟောက်စ်တို့ကို ပစ်မှတ်ထားခဲ့ပါတယ်။
ဆောက ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ကြား ညိနှိုင်းမှုနဲ့အတူ ဂရစ်စမန်း အပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်းအဖြစ် ဘာစီလိုနာထံ ရောက်သွားနိုင်တယ်။ နွိုက်ဟောက်စ်ကလည်း ပုံမှန်ပွကစားခွင့် ရရှိနေတဲ့ ဂလာဘတ်မှာ တစ်ရာသီ ဆက်ကစားလိုနေသလို လက်စတာကလည်း တိုင်လီမန်းကို စာချုပ်သစ်ပေးဖို့အတွက် အစွမ်းကုန် ကြိုးစားမှာဖြစ်ပါတယ်။
လီဗာပူးအသင်းမှာတော့ ကလပ်ရဲ့ ကစားသမား တစ်ဦးကိုမှ မရှင်းထုတ်နိုင်မှုနဲ့အတူ ဒီနွေရဲ့ အဓိက ခေါ်ယူမှုအဖြစ် ပေါင် ၃၆ သန်း ပေးပြီး ခေါ်ယူထားရတဲ့ ကိုနတေး တစ်ဦးတည်းဖြင့်ပဲ ဈေးကွက်ကို ပိတ်သိမ်းရဖွယ် ရှိနေပါတယ်။
ဂရုဂျစ်၊ ဝဲလ်ဆန်၊ ရှာကွီရီ၊ နီကိုး၊ နက်ဖီးလစ် အစရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်မှုနဲ့အတူ ဈေးကွက်ထဲမှာ ပေါင် သန်း ၆၀ လောက်ရှာဖို့ ကြိုးစားနေပေမယ့် လီဗာပူးရဲ့ အပြောင်းအရွှေ့ဆိုင်ရာ ကော်မတီက အခုချိန်ထိ အလားအလာကောင်းတွေကို မဖော်ဆောင်နိုင်သေးပါဘူး။
လီဗာပူးက ကားရီးယက်စ်၊ အိုရီဂီ၊ မီနာမီနို အစရှိတဲ့ ကစားသမားတွေရဲ့ အနာဂတ်ကိုလည်း သေချာအောင် လုပ်ပေးဖို့လိုနေတာဖြစ်တယ်။ ယူရိုပြိုင်ပွဲ အပြီးမှာ လီဗာပူးရဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ဖြစ်ပေါ်လာမယ် မျှော်လင့်ထားခဲ့ရပေမယ့် ကစားသမား ရှင်းထုတ်မှုတွေ မလုပ်နိုင်မှုနဲ့အတူ ခက်ခဲတဲ့ နွေဈေးကွက်တစ်ခုကို ကျော်ဖြတ်နေရတာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ကစားသမား ေရာင္းထုတ္မႈေတြ အဆင္မေျပျဖစ္ေနျခင္းနဲ႔အတူ ဒီေႏြမွာ ေနာက္ထပ္ ေခၚယူမႈၾကီးေတြ ျဖစ္မလာေတာ့မယ့္ အေနအထားမ်ိဳး ရင္ဆိုင္ရႏုိင္ေၾကာင္း ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။
မန္ေနဂ်ာကေလာ့ပ္က ဒီေႏြမွာပဲ ပီအက္စ္ဂ်ီအသင္းထံ ေရာက္ရွိသြားျပီျဖစ္တဲ့ ဝိုက္နယ္ဒမ္ေနရာ အစားထိုးဖို႔ရာ ကြင္းလယ္လူသစ္ကို ေခၚယူလိုေနတယ္။ ကလပ္ဘက္က ေပါင္ ၆၄ သန္း တန္ေၾကးရွိ လက္စတာကြင္းလယ္လူ တိုင္လီမန္း၊ ဘာစီလိုနာမွ ေဆာနဲ႔ မိုခ်န္ဂလာဘတ္ ကြင္းလယ္လူ ႏိြဳက္ေဟာက္စ္တို႔ကို ပစ္မွတ္ထားခဲ့ပါတယ္။
ေဆာက ဘာစီလိုနာနဲ႔ အက္သလက္တီကိုတို႔ၾကား ညိႏိႈင္းမႈနဲ႔အတူ ဂရစ္စမန္း အေျပာင္းအေရႊ႔ရဲ႕ အစိတ္အပိုင္းအျဖစ္ ဘာစီလိုနာထံ ေရာက္သြားႏုိင္တယ္။ ႏိြဳက္ေဟာက္စ္ကလည္း ပံုမွန္ပြကစားခြင့္ ရရွိေနတဲ့ ဂလာဘတ္မွာ တစ္ရာသီ ဆက္ကစားလိုေနသလို လက္စတာကလည္း တိုင္လီမန္းကို စာခ်ဳပ္သစ္ေပးဖို႔အတြက္ အစြမ္းကုန္ ၾကိဳးစားမွာျဖစ္ပါတယ္။
လီဗာပူးအသင္းမွာေတာ့ ကလပ္ရဲ႕ ကစားသမား တစ္ဦးကိုမွ မရွင္းထုတ္ႏုိင္မႈနဲ႔အတူ ဒီေႏြရဲ႕ အဓိက ေခၚယူမႈအျဖစ္ ေပါင္ ၃၆ သန္း ေပးျပီး ေခၚယူထားရတဲ့ ကိုနေတး တစ္ဦးတည္းျဖင့္ပဲ ေစ်းကြက္ကို ပိတ္သိမ္းရဖြယ္ ရွိေနပါတယ္။
ဂရုဂ်စ္၊ ဝဲလ္ဆန္၊ ရွာကီြရီ၊ နီကိုး၊ နက္ဖီးလစ္ အစရွိတဲ့ ကစားသမားေတြကို ေရာင္းထုတ္မႈနဲ႔အတူ ေစ်းကြက္ထဲမွာ ေပါင္ သန္း ၆၀ ေလာက္ရွာဖို႔ ၾကိဳးစားေနေပမယ့္ လီဗာပူးရဲ႕ အေျပာင္းအေရႊ႔ဆိုင္ရာ ေကာ္မတီက အခုခ်ိန္ထိ အလားအလာေကာင္းေတြကို မေဖာ္ေဆာင္ႏုိင္ေသးပါဘူး။
လီဗာပူးက ကားရီးယက္စ္၊ အိုရီဂီ၊ မီနာမီႏို အစရွိတဲ့ ကစားသမားေတြရဲ႕ အနာဂတ္ကိုလည္း ေသခ်ာေအာင္ လုပ္ေပးဖို႔လိုေနတာျဖစ္တယ္။ ယူရိုျပိဳင္ပြဲ အျပီးမွာ လီဗာပူးရဲ႕ အေျပာင္းအေရႊ႔ ကိစၥေတြ ျဖစ္ေပၚလာမယ္ ေမွ်ာ္လင့္ထားခဲ့ရေပမယ့္ ကစားသမား ရွင္းထုတ္မႈေတြ မလုပ္ႏုိင္မႈနဲ႔အတူ ခက္ခဲတဲ့ ေႏြေစ်းကြက္တစ္ခုကို ေက်ာ္ျဖတ္ေနရတာ ျဖစ္ပါတယ္။