လီဗာပူးဘယ်အစွန်လူ ကိုစတက် ဆီမီးကတ်စ်က ရာသီသစ်မှာ ပွဲထွက်ခွင့်အတွက် ရော်ဘတ်ဆန်နဲ့ ယှဉ်ပြိုင်ရမယ့် အခြေအနေအပေါ် ထုတ်ဖော် ပြောဆိုမှု လုပ်လာပါတယ်။

ယူရိုပြိုင်ပွဲဝင် စကော်တလန်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ ရော်ဘတ်ဆန်ဟာ လက်ရွေးစင်ပွဲတွေအပြီး အနားယူနေသေးကာ လာမယ့်အပတ်မှ အသင်းနဲ့အတူ ပူးပေါင်းမှာဖြစ်တယ်။ ကိုစတက်ကတော့ လက်ရွေးစင်ပွဲတွေ မရှိခြင်းကြောင့် ဂျူလိုင်လ ၁၂ ရက်နေ့မှာ စတင်တဲ့ ရာသီကြိုမှာပဲ အသင်းနဲ့အတူ ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။

မနှစ်ကရာသီမှာ ကိုဗစ်နဲ့ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့် ရာသီသစ်မှာ ပွဲကစားခွင့်တွေ ပိုရလိုကြောင်းနဲ့ ထိပ်တန်းဘယ်အစွန်လူဖြစ်တဲ့ ရော်ဘတ်ဆန်နဲ့ ယှဉ်ပြိုင်ရမှာ နားလည်ကြောင်းကို ကိုစတက်က

“ အသင်းဖော်တွေနဲ့အတူ ပြန်လည်တွေ့ဆုံရတာကို ကျနော် အရမ်းပျော်ပါတယ်။ အရာအားလုံး အဆင်ပြေပါတယ်။ လေ့ကျင့်ရေးတွေက ခက်ခဲပြီး ပြင်းထန်လှတယ် ဒါပေမယ့် အဲ့တာကပဲ လာမယ့် ပွဲတွေအတွက် အကူအညီဖြစ်ပါလိမ့်မယ်။

ချစ်ကြည်ရေးပွဲတွေနဲ့ စတင်ရမှာဖြစ်ပြီး အတူတကွပဲ ဆက်ပြီး ကြိုးစားရပါလိမ့်မယ်။ ကိုဗစ်နဲ့ ဒဏ်ရာတွေကြောင့် လီဗာပူးနဲ့ ပူးပေါင်းခဲ့ရတဲ့ အစောပိုင်း ၆ လလောက်က ခက်ခဲခဲ့ပါတယ်။ ဒုတိယရာသီဝက်ကတော့ အဆင်ပြေပါတယ်။ ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် ကျနော် အကောင်းဆုံး လေ့ကျင့်နိုင်ခဲ့တယ်။

အခုချိန်မှာတော့ အသင်းရဲ့ ရည်မှန်းချက်တွေအတွက် ကူညီပေးနိုင်အောင် အစွမ်းကုန် ကြိုးစားဖို့အတွက် ပုံစံကောင်းတွေနဲ့အတူ အဆင်သင့်ဖြစ်နေပါပြီ။

ကျနော်က ကမ္ဘာအကောင်းဆုံး ဘယ်အစွန်လူနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတာ သိပါတယ်။ ဒါကပဲ ကျနေ်ာကို နေ့တိုင်းမှာ အကောင်းဆုံးလုပ်ပြီး တတ်နိုင်သလောက်ကို ကြိုးစားဖို့အတွက် အင်အားတွေ ပေးပါတယ်။ ရာသီသစ်အတွက် ကျနော်ရဲ့ ပစ်မှတ်ကတေ့ ကျန်းမာနေဖို့နဲ့ ပွဲတွေ ပိုကစားပေးနိုင်ဖို့ပါပဲ။

လေ့ကျင့်ရေးတွေမှာ ကျနော် အရမ်း စိတ်လှုပ်ရှားမိတယ်။ ဒီရာသီမှာ ကျနော် ပွဲထွက်ကစားခွင့် ရလိုပါတယ်။ ကျနေ်ာတို့မှာ တိုးတက်လာဖို့ကော ဖြေရှင်းဖို့တွေပါ လိုအပ်နေပါတယ်။ ဒါပေမယ့် အသင်းက အစွမ်းကုန် ကြိုးစားပြီး ရည်မှန်းချက်တွေ ပြည့်အောင် လုပ်နိုင်မယ်လို့ ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဘယ္အစြန္လူ ကိုစတက္ ဆီမီးကတ္စ္က ရာသီသစ္မွာ ပြဲထြက္ခြင့္အတြက္ ေရာ္ဘတ္ဆန္နဲ႔ ယွဥ္ျပိဳင္ရမယ့္ အေျခအေနအေပၚ ထုတ္ေဖာ္ ေျပာဆိုမႈ လုပ္လာပါတယ္။

ယူရိုျပိဳင္ပြဲဝင္ စေကာ္တလန္အသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္သူ ေရာ္ဘတ္ဆန္ဟာ လက္ေရြးစင္ပြဲေတြအျပီး အနားယူေနေသးကာ လာမယ့္အပတ္မွ အသင္းနဲ႔အတူ ပူးေပါင္းမွာျဖစ္တယ္။ ကိုစတက္ကေတာ့ လက္ေရြးစင္ပြဲေတြ မရွိျခင္းေၾကာင့္ ဂ်ဴလိုင္လ ၁၂ ရက္ေန႔မွာ စတင္တဲ့ ရာသီၾကိဳမွာပဲ အသင္းနဲ႔အတူ ပူးေပါင္းခဲ့ျပီျဖစ္ပါတယ္။

မႏွစ္ကရာသီမွာ ကိုဗစ္နဲ႔ ဒဏ္ရာျပႆနာေတြေၾကာင့္ ရုန္းကန္ခဲ့ရေပမယ့္ ရာသီသစ္မွာ ပြဲကစားခြင့္ေတြ ပိုရလိုေၾကာင္းနဲ႔ ထိပ္တန္းဘယ္အစြန္လူျဖစ္တဲ့ ေရာ္ဘတ္ဆန္နဲ႔ ယွဥ္ျပိဳင္ရမွာ နားလည္ေၾကာင္းကို ကိုစတက္က

“ အသင္းေဖာ္ေတြနဲ႔အတူ ျပန္လည္ေတြ႔ဆံုရတာကို က်ေနာ္ အရမ္းေပ်ာ္ပါတယ္။ အရာအားလံုး အဆင္ေျပပါတယ္။ ေလ့က်င့္ေရးေတြက ခက္ခဲျပီး ျပင္းထန္လွတယ္ ဒါေပမယ့္ အဲ့တာကပဲ လာမယ့္ ပြဲေတြအတြက္ အကူအညီျဖစ္ပါလိမ့္မယ္။

ခ်စ္ၾကည္ေရးပြဲေတြနဲ႔ စတင္ရမွာျဖစ္ျပီး အတူတကြပဲ ဆက္ျပီး ၾကိဳးစားရပါလိမ့္မယ္။ ကိုဗစ္နဲ႔ ဒဏ္ရာေတြေၾကာင့္ လီဗာပူးနဲ႔ ပူးေပါင္းခဲ့ရတဲ့ အေစာပိုင္း ၆ လေလာက္က ခက္ခဲခဲ့ပါတယ္။ ဒုတိယရာသီဝက္ကေတာ့ အဆင္ေျပပါတယ္။ ဒဏ္ရာကေန ျပန္သက္သာလာျပီးေနာက္ က်ေနာ္ အေကာင္းဆံုး ေလ့က်င့္ႏုိင္ခဲ့တယ္။

အခုခ်ိန္မွာေတာ့ အသင္းရဲ႕ ရည္မွန္းခ်က္ေတြအတြက္ ကူညီေပးႏုိင္ေအာင္ အစြမ္းကုန္ ၾကိဳးစားဖို႔အတြက္ ပံုစံေကာင္းေတြနဲ႔အတူ အဆင္သင့္ျဖစ္ေနပါျပီ။

က်ေနာ္က ကမၻာအေကာင္းဆံုး ဘယ္အစြန္လူနဲ႔ ယွဥ္ျပိဳင္ရမယ္ဆိုတာ သိပါတယ္။ ဒါကပဲ က်ေန္ာကို ေန႔တိုင္းမွာ အေကာင္းဆံုးလုပ္ျပီး တတ္ႏုိင္သေလာက္ကို ၾကိဳးစားဖို႔အတြက္ အင္အားေတြ ေပးပါတယ္။ ရာသီသစ္အတြက္ က်ေနာ္ရဲ႕ ပစ္မွတ္ကေတ့ က်န္းမာေနဖို႔နဲ႔ ပြဲေတြ ပိုကစားေပးႏုိင္ဖို႔ပါပဲ။

ေလ့က်င့္ေရးေတြမွာ က်ေနာ္ အရမ္း စိတ္လႈပ္ရွားမိတယ္။ ဒီရာသီမွာ က်ေနာ္ ပြဲထြက္ကစားခြင့္ ရလိုပါတယ္။ က်ေန္ာတို႔မွာ တိုးတက္လာဖို႔ေကာ ေျဖရွင္းဖို႔ေတြပါ လိုအပ္ေနပါတယ္။ ဒါေပမယ့္ အသင္းက အစြမ္းကုန္ ၾကိဳးစားျပီး ရည္မွန္းခ်က္ေတြ ျပည့္ေအာင္ လုပ္ႏုိင္မယ္လို႔ ထင္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

Andy Robertson has shown no signs of slowing down at all and Tsimikas will have quite the job on his hands if he’s hoping to start.

However, pre-season and cup games are the time to prove your worth and if the 25-year-old can up his game, Robbo will also be forced to unlock another gear which could be incredible for the Reds.