လီဗာပူးခံစစ်မှူးသစ် ကိုနတေးက သူဟာ ဘယ်လိုကစားသမားလဲဆိုတာကို မိတ်ဆက်မှု ပြုလုပ်သွားရာမှာ သူဟာ ဂိုးသွင်းနိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်ကြောင်းကိုပါ ထုတ်ဖော် ပြောဆိုပါတယ်။

သြစတြီးယားက ရာသီကြို လေ့ကျင့်ရေးကို အသင်းဖော်တွေနဲ့အတူ ရောက်ရှိနေတဲ့ ကိုနတေးဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေ ပြန်လည်တည်ဆောက်တဲ့ လေ့ကျင့်ရေးတွေနဲ့ ယာဂင်ကလော့ပ် နည်းပြအဖွဲ့ဝင်တွေရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေကို သင်ယူနေပြီဖြစ်ပါတယ်။

ကိုနတေးက ” ကျနော်က လူကောင်ကြီးပြီး သန်မာပါတယ်။ ဘောလုံးကိုင်ဖို့လည်း ကြောက်ရွံ့မနေတတ်သူပါ ” ဆိုပြီး လီဗာပူးအသင်းဝဘ်ဆိုဒ်ကနေ သူ့ရဲ့ ကစားဟန်နဲ့ ပတ်သက်လို့ ဖြေဆိုမှု လုပ်ပေးပါတယ်။

ခံစစ်မှူးက ” ကျနော်က ခေါင်းနဲ့ သွင်းတာထက်တောင် ခြေထောက်နဲ့ ဂိုးပိုသွင်းနိုင်ပါတယ်။ ဒါက နည်းနည်းထူးဆန်းလောက်ပေမယ့် ကျနော်က အဲ့လို ကစားသမားဖြစ်ပါတယ်။ ကျနော်က ဂိုးသွင်းနိုင်တဲ့ အရည်အချင်းလည်း ရှိပါတယ်။ ဒါပေမယ့် ထပ်ခါ ထပ်ခါ အလုပ်ကို ကြိုးစားပြီး ပိုကောင်းတဲ့ ခံစစ်သမားဖြစ်လာဖို့ ပိုပိုပြီး ကြိုးစားသွားရမှာ ဖြစ်ပါတယ် ” လို့ ဆိုပါတယ်။

ကိုနတေးက ရုပ်ပိုင်းဆိုင်ရာ အတော်လေး သန်မာသူဖြစ်တယ်။ သူဟာ မြန်ဆန်ပြီး ဘောလုံးကိုင်ကစားနိုင်စွမ်းလည်း ရှိတယ်လို့ သိထားရကာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်ရဲ့ အရှိန်ကို ရင်ဆိုင်နိုင်မယ်လို့ ကိုနတေးက ယုံကြည်ချက်ရှိနေပါတယ်။

ခံစစ်မှူးကပဲ ” ပရီးမီးယားလိဂ်ပွဲတွေကို ကျနော် စောင့်ကြည့်ဖြစ်ပါတယ်။ လူတိုင်းကလည်း ဒီမှာက သန်မာတဲ့ ကစားသမားတွေနဲ့အတူ ပြိုင်ဆိုင်မှု အရမ်းပြင်းထန်တာကို သိကြပါတယ်။ အဲ့တာက ခက်ခဲပေမယ့် ကျနော်က စိန်ခေါ်မှုတွေကို နှစ်သက်ပါတယ် ” လို့လည်း ကိုနတေးက ဆိုခဲ့သေးတာ ဖြစ်ပါတယ်။

ကိုနတေးဟာ လီဗာပူးကို မပြောင်းလာခင်မှာ ပြင်သစ်နဲ့ ဂျာမနီလိဂ်တွေမှာ ကစားခဲ့သေးသူ ဖြစ်ပါတယ်။ သူဟာ အင်္ဂလန်မှာ စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴးသစ္ ကိုနေတးက သူဟာ ဘယ္လိုကစားသမားလဲဆိုတာကို မိတ္ဆက္မႈ ျပဳလုပ္သြားရာမွာ သူဟာ ဂိုးသြင္းႏုိင္စြမ္းရွိတဲ့ ကစားသမားျဖစ္ေၾကာင္းကိုပါ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ၾသစၾတီးယားက ရာသီၾကိဳ ေလ့က်င့္ေရးကို အသင္းေဖာ္ေတြနဲ႔အတူ ေရာက္ရွိေနတဲ့ ကိုနေတးဟာ ရုပ္ပိုင္းဆိုင္ရာ ၾကံ႕ခိုင္မႈေတြ ျပန္လည္တည္ေဆာက္တဲ့ ေလ့က်င့္ေရးေတြနဲ႔ ယာဂင္ကေလာ့ပ္ နည္းျပအဖြဲ႔ဝင္ေတြရဲ႕ နည္းစနစ္ပိုင္းဆိုင္ရာ လမ္းညႊန္မႈေတြကို သင္ယူေနျပီျဖစ္ပါတယ္။

ကိုနေတးက ” က်ေနာ္က လူေကာင္ၾကီးျပီး သန္မာပါတယ္။ ေဘာလံုးကိုင္ဖို႔လည္း ေၾကာက္ရြံ႔မေနတတ္သူပါ ” ဆိုျပီး လီဗာပူးအသင္းဝဘ္ဆိုဒ္ကေန သူ႔ရဲ႕ ကစားဟန္နဲ႔ ပတ္သက္လို႔ ေျဖဆိုမႈ လုပ္ေပးပါတယ္။

ခံစစ္မွဴးက ” က်ေနာ္က ေခါင္းနဲ႔ သြင္းတာထက္ေတာင္ ေျခေထာက္နဲ႔ ဂိုးပိုသြင္းႏုိင္ပါတယ္။ ဒါက နည္းနည္းထူးဆန္းေလာက္ေပမယ့္ က်ေနာ္က အဲ့လို ကစားသမားျဖစ္ပါတယ္။ က်ေနာ္က ဂိုးသြင္းႏုိင္တဲ့ အရည္အခ်င္းလည္း ရွိပါတယ္။ ဒါေပမယ့္ ထပ္ခါ ထပ္ခါ အလုပ္ကို ၾကိဳးစားျပီး ပိုေကာင္းတဲ့ ခံစစ္သမားျဖစ္လာဖို႔ ပိုပိုျပီး ၾကိဳးစားသြားရမွာ ျဖစ္ပါတယ္ ” လို႔ ဆိုပါတယ္။

ကိုနေတးက ရုပ္ပိုင္းဆိုင္ရာ အေတာ္ေလး သန္မာသူျဖစ္တယ္။ သူဟာ ျမန္ဆန္ျပီး ေဘာလံုးကိုင္ကစားႏုိင္စြမ္းလည္း ရွိတယ္လို႔ သိထားရကာ ျပိဳင္ဆုိင္မႈျပင္းထန္တဲ့ ပရီးမီးယားလိဂ္ရဲ႕ အရွိန္ကို ရင္ဆိုင္ႏုိင္မယ္လို႔ ကိုနေတးက ယံုၾကည္ခ်က္ရွိေနပါတယ္။

ခံစစ္မွဴးကပဲ ” ပရီးမီးယားလိဂ္ပြဲေတြကို က်ေနာ္ ေစာင့္ၾကည့္ျဖစ္ပါတယ္။ လူတိုင္းကလည္း ဒီမွာက သန္မာတဲ့ ကစားသမားေတြနဲ႔အတူ ျပိဳင္ဆိုင္မႈ အရမ္းျပင္းထန္တာကို သိၾကပါတယ္။ အဲ့တာက ခက္ခဲေပမယ့္ က်ေနာ္က စိန္ေခၚမႈေတြကို ႏွစ္သက္ပါတယ္ ” လို႔လည္း ကိုနေတးက ဆိုခဲ့ေသးတာ ျဖစ္ပါတယ္။

ကိုနေတးဟာ လီဗာပူးကို မေျပာင္းလာခင္မွာ ျပင္သစ္နဲ႔ ဂ်ာမနီလိဂ္ေတြမွာ ကစားခဲ့ေသးသူ ျဖစ္ပါတယ္။ သူဟာ အဂၤလန္မွာ စိန္ေခၚမႈသစ္ေတြကို ရင္ဆိုင္ရမွာျဖစ္ပါတယ္။