လီဗာပူး နာမည်ကျော် သတင်းထောက်ဖြစ်သူ ဂျိမ်းပီယော့ဇ်က အသင်းရဲ့ ဈေးကွက်အတွင်း လှုပ်ရှားနေတဲ့ အခြေအနေကို The Athletic က ဖော်ပြခဲ့ရာမှာ ပရိသတ်တွေကြား အငြင်းပွားမှုတွေ ကြီးမားခဲ့ပါတယ်။

ပီယောဇ့်က ဆိုရာမှာ အားကစားဒါရိုက်တာ အတ်ဝပ်၊ လက်ထောက်ဒါရိုက်တာ ဂျူလီယန်ဝတ်တို့ဟာ ကစားသမားခေါ်ယူရေးဆိုင်ရာ အကြီးအကဲ ဒေ့ဖော်လိုး၊ ကင်းထောက်ချုပ် ဘယ်ရီဟန်တာတို့နဲ့အတူ ကလပ်အတွက် အဝင်အထွက် စာရင်းတွေကို ကြိုးစား စီမံပေးနေတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပြင်ပမှ ကစားသမားအချို့ကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် အရင်ဆုံး ကစားသမား ရောင်းထုတ်ဦးမှာဖြစ်ပြီး အဲ့နောက်ပိုင်းမှ ကစားသမား ခေါ်ယူမှုကို ပြန်လုပ်မယ်လို့ ဆိုပါတယ်။ ဒါဟာ မနှစ်တုန်းကလိုပဲ ဈေးကွက်နှောက်ပိုင်းမှ ကစားသမား အဝင်တွေ ရှိလာမယ်လို့ ဆိုလိုခြင်းဖြစ်တယ်။

လီဗာပူးပရိသတ်တွေကတော့ ကစားသမားရောင်းပြီးမှ ကစားသမားဝယ်တဲ့ အသင်းရဲ့ ပေါ်လစီအပေါ် အမြင်တွေ ကွဲခဲ့ကြပါတယ်။

ပရိသတ် အများအပြားက ထိပ်တန်းဆုဖလားတွေကို အနိုင်ယူလိုတဲ့ ကလပ်ဟာ ကစားသမား ရင်းနှီးမြုပ်နှံမှုတွေ လုပ်နိုင်ရမယ်လို့ ဝေဖန်ကြတယ်။ လီဗာပူးက ဒီနွေမှာ ကစားသမား ၈ ဦးလောက်ထိ ရောင်းထုတ်ပြီး အသုံးစရိတ် ပေါင် သန်း ၈၀ လောက် ရှာဖွေကာ ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ အစီအစဉ် ဆွဲထားတယ်။ ဒါပေမယ့်လို့ ကစားသမား ၈ ဦးထဲက ထက်ဝက်ကိုတောင် ရောင်းနိုင်မယ့် အလားအလာ မရှိသေးတာကြောင့် အရောင်း မရှိရင် အဝယ်မရှိတော့ဘူးလားဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။

အခြားတစ်ဘက်မှာလည်း အသင်းပရိသတ်တွေက FSG ဟာ လီဗာပူးအသင်းထံက ရတဲ့ အကျိုးအမြတ်တွေကို အခုချိန်ထိ သူတို့ ကိုယ်ကျိုးအတွက် မထုတ်ယူဘဲ အသင်းမှာပဲ ပြန်လည် ရင်းနှီးမြုပ်နှံထားမှုကို ထောက်ပြခဲ့တယ်။ အထူးသဖြင့် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်လို အသင်းတွေတောင် ကြီးမားတဲ့ ဘဏ္ဍာရေး ကြွေးမှီတွေကြောင့် အခက်တွေ့နေချိန်မှာ ကိုဗစ်ကပ်ဘေးကို မယိုင်မလဲ ကျော်ဖြတ်နိုင်စေတဲ့ အသင်းရဲ့ ကစားသမားရောင်းပြီးမှ ကစားသမားဝယ်တဲ့ ပေါ်လစီဟာ အမှားတော့ မဟုတ်ဘူးလို့ တုန့်ပြန်ပါတယ်။

လီဗာပူးပရိသတ်တွေကြား ငြင်းခုန်မှုက ဂျိမ်းပီယော့ဇ်ရဲ့ သတင်းအပြီးမှာ ပိုမို ကြီးမားလာခဲ့ပြီး ကိုနတေး တစ်ဦးတည်းကို ခေါ်ယူထားခြင်းကို အသင်းပရိသတ်တွေဘက်က အဆိုး မမြင်ပါဘူး။ ဒါပေမယ့်လို့ မာတစ်၊ ကိတ်တာ၊ ချိန်ဘာလိန် အစရှိတဲ့ ဒဏ်ရာရလွယ် ကစားသမားတွေအပြင် နီကိုး၊ ရိုင်း၊ ဂျုံးလို သင်ယူနေဆဲ လူငယ်တွေဖြင့် ရာသီသစ်မှာ ဆုဖလားတွေကို စိန်ခေါ်ဖို့ လုံလောက်ပြီလို့ ယုံကြည်ပေးဖို့က ခက်ခဲလွန်းပါကြောင်း တုန့်ပြန်မှုတွေ ပြင်းထန်လာနေခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး နာမည္ေက်ာ္ သတင္းေထာက္ျဖစ္သူ ဂ်ိမ္းပီေယာ့ဇ္က အသင္းရဲ႕ ေစ်းကြက္အတြင္း လႈပ္ရွားေနတဲ့ အေျခအေနကို The Athletic က ေဖာ္ျပခ့ဲရာမွာ ပရိသတ္ေတြၾကား အျငင္းပြားမႈေတြ ၾကီးမားခဲ့ပါတယ္။

ပီေယာဇ့္က ဆိုရာမွာ အားကစားဒါရိုက္တာ အတ္ဝပ္၊ လက္ေထာက္ဒါရိုက္တာ ဂ်ဴလီယန္ဝတ္တို႔ဟာ ကစားသမားေခၚယူေရးဆိုင္ရာ အၾကီးအကဲ ေဒ့ေဖာ္လိုး၊ ကင္းေထာက္ခ်ဳပ္ ဘယ္ရီဟန္တာတို႔နဲ႔အတူ ကလပ္အတြက္ အဝင္အထြက္ စာရင္းေတြကို ၾကိဳးစား စီမံေပးေနတယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ျပင္ပမွ ကစားသမားအခ်ိဳ႔ကို ေခၚယူဖို႔ ၾကိဳးစားေနေပမယ့္ အရင္ဆံုး ကစားသမား ေရာင္းထုတ္ဦးမွာျဖစ္ျပီး အဲ့ေနာက္ပိုင္းမွ ကစားသမား ေခၚယူမႈကို ျပန္လုပ္မယ္လို႔ ဆိုပါတယ္။ ဒါဟာ မႏွစ္တုန္းကလိုပဲ ေစ်းကြက္ေႏွာက္ပိုင္းမွ ကစားသမား အဝင္ေတြ ရွိလာမယ္လို႔ ဆိုလိုျခင္းျဖစ္တယ္။

လီဗာပူးပရိသတ္ေတြကေတာ့ ကစားသမားေရာင္းျပီးမွ ကစားသမားဝယ္တဲ့ အသင္းရဲ႕ ေပၚလစီအေပၚ အျမင္ေတြ ကြဲခဲ့ၾကပါတယ္။

ပရိသတ္ အမ်ားအျပားက ထိပ္တန္းဆုဖလားေတြကို အႏုိင္ယူလိုတဲ့ ကလပ္ဟာ ကစားသမား ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ႏုိင္ရမယ္လို႔ ေဝဖန္ၾကတယ္။ လီဗာပူးက ဒီေႏြမွာ ကစားသမား ၈ ဦးေလာက္ထိ ေရာင္းထုတ္ျပီး အသုံးစရိတ္ ေပါင္ သန္း ၈၀ ေလာက္ ရွာေဖြကာ ကစားသမား ႏွစ္ဦးကို ေခၚယူဖို႔ အစီအစဥ္ ဆြဲထားတယ္။ ဒါေပမယ့္လို႔ ကစားသမား ၈ ဦးထဲက ထက္ဝက္ကိုေတာင္ ေရာင္းႏုိင္မယ့္ အလားအလာ မရွိေသးတာေၾကာင့္ အေရာင္း မရွိရင္ အဝယ္မရွိေတာ့ဘူးလားဆိုျပီး ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

အျခားတစ္ဘက္မွာလည္း အသင္းပရိသတ္ေတြက FSG ဟာ လီဗာပူးအသင္းထံက ရတဲ့ အက်ိဳးအျမတ္ေတြကို အခုခ်ိန္ထိ သူတို႔ ကိုယ္က်ိဳးအတြက္ မထုတ္ယူဘဲ အသင္းမွာပဲ ျပန္လည္ ရင္းႏွီးျမဳပ္ႏွံထားမႈကို ေထာက္ျပခဲ့တယ္။ အထူးသျဖင့္ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္လို အသင္းေတြေတာင္ ၾကီးမားတဲ့ ဘ႑ာေရး ေၾကြးမွီေတြေၾကာင့္ အခက္ေတြ႔ေနခ်ိန္မွာ ကိုဗစ္ကပ္ေဘးကို မယိုင္မလဲ ေက်ာ္ျဖတ္ႏုိင္ေစတဲ့ အသင္းရဲ႕ ကစားသမားေရာင္းျပီးမွ ကစားသမားဝယ္တဲ့ ေပၚလစီဟာ အမွားေတာ့ မဟုတ္ဘူးလို႔ တုန္႔ျပန္ပါတယ္။

လီဗာပူးပရိသတ္ေတြၾကား ျငင္းခုန္မႈက ဂ်ိမ္းပီေယာ့ဇ္ရဲ႕ သတင္းအျပီးမွာ ပိုမို ၾကီးမားလာခဲ့ျပီး ကိုနေတး တစ္ဦးတည္းကို ေခၚယူထားျခင္းကို အသင္းပရိသတ္ေတြဘက္က အဆိုး မျမင္ပါဘူး။ ဒါေပမယ့္လို႔ မာတစ္၊ ကိတ္တာ၊ ခ်ိန္ဘာလိန္ အစရွိတဲ့ ဒဏ္ရာရလြယ္ ကစားသမားေတြအျပင္ နီကိုး၊ ရိုင္း၊ ဂ်ံဳးလို သင္ယူေနဆဲ လူငယ္ေတြျဖင့္ ရာသီသစ္မွာ ဆုဖလားေတြကို စိန္ေခၚဖို႔ လံုေလာက္ျပီလို႔ ယံုၾကည္ေပးဖို႔က ခက္ခဲလြန္းပါေၾကာင္း တုန္႔ျပန္မႈေတြ ျပင္းထန္လာေနခဲ့ျပီ ျဖစ္ပါတယ္။