စီးရီးအေကလပ် ဆူဆိုလိုအိုအသင်းဟာ လိုကတ်တယ်လီနေရာ အစားထိုးဖို့အတွက် လီဗာပူးကွင်းလယ်လူ ဂရုဂျစ်ကို ဦးစားပေးအဖြစ် ချိန်ရွယ်ထားတယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

အီတလီလက်ရွေးစင်ကို ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းက ညိနှိုင်း စကားပြောနေတယ်။ လိုကတ်တယ်လီကို ခေါ်ယူရေးအတွက် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ကလည်း စိတ်ဝင်စားထားပါတယ်။ ကွင်းလယ်လူကို ခေါ်ယူဖို့ဆိုရင် ထပ်တိုးကြေးတွေ အပါ ပေါင် သန်း ၄၀ လောက် ကျသင့်မှာလည်း ဖြစ်ပါတယ်။

မနှစ်ကရာသီ စီးရီးအေကလပ်အတွက် အမှတ်ပေးပွဲ ၃၄ ပွဲထိ ကစားပေးခဲ့တဲ့ လိုကတ်တယ်လီဟာ ယူရို ၂၀၂၀ မှာလည်း အီတလီအတွက် ၅ ပွဲ ကစားပေးခဲ့ကာ သွင်းဂိုး ၂ ဂိုး ရယူပေးထားနိုင်သူဖြစ်ပါတယ်။

၂၀၁၆ တည်းက လီဗာပူးအသင်းကို ရောက်လာခဲ့တဲ့ ဂရုဂျစ်ဟာ မာဆေးဆိုဒ်ကလပ်အတွက် အမှတ်ပေးပွဲ ၁၀ ပွဲပဲ ကစားပေးထားရပြီး ဒီနွေမှာ ပေါင် ၁၃ သန်း ဝန်းကျင်ဖြင့် ရောင်းထုတ်ခံရဖို့ ရှိနေတာပါ။ ဂရုဂျစ်ဟာ ရာသီကြိုမှာ လီဗာပူးအသင်းနဲ့ ပူးပေါင်းနေပြီး သြစတြီးယားက ချစ်ကြည်ရေးပွဲတွေမှာ ပါဝင်သွားရဖို့ ရှိနေပါတယ်။

ကားဒစ်၊ ဟာသာဘာလင်နဲ့ ပေါ်တိုအသင်းတို့ထံ အငှားထွက်ရာမှာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသထားတဲ့ ဆားဘီးယားကွင်းလယ်လူ ဂရုဂျစ်ကို ခေါ်ယူလိုတဲ့ ကလပ်တွေ ရှိပေမယ့် လီဗာပူးတောင်းဆိုတဲ့ ပေါင် ၁၃ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းမှုတွေတော့ မရှိသေးပါဘူး။

ဆူဆိုလိုအို ကစားသမားခေါ်ယူရေးဆိုင်ရာ အကြီးအကဲဖြစ်သူက ဂရုဂျစ်ကို အတော်လေး နှစ်သက်တယ်လို့ သိထားရကာ ကုန်ခဲ့တဲ့ နှစ်နှစ်လုံး စောင့်ကြည့်မှုတွေလည်း လုပ်ထားခဲ့တယ်။ လီဗာပူးဘက်ကတော့ ဂရုဂျစ်ကို ရောင်းထုတ်ဖို့ပဲ ဦးစားပေးဖြစ်ပြီး နောက်ထပ် အငှားကစားသမား အချို့ကိုလည်း ရှင်းထုတ်ဦးမှာ ဖြစ်ပါတယ်။

ZAWGYI

စီးရီးေအကလပ္ ဆူဆိုလိုအိုအသင္းဟာ လိုကတ္တယ္လီေနရာ အစားထိုးဖို႔အတြက္ လီဗာပူးကြင္းလယ္လူ ဂရုဂ်စ္ကို ဦးစားေပးအျဖစ္ ခ်ိန္ရြယ္ထားတယ္လို႔ စကိုင္းစေပါ့က ေဖာ္ျပပါတယ္။

အီတလီလက္ေရြးစင္ကို ေခၚယူဖို႔ ဂ်ဴဗင္တပ္အသင္းက ညိႏိႈင္း စကားေျပာေနတယ္။ လိုကတ္တယ္လီကို ေခၚယူေရးအတြက္ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္ကလည္း စိတ္ဝင္စားထားပါတယ္။ ကြင္းလယ္လူကို ေခၚယူဖို႔ဆိုရင္ ထပ္တိုးေၾကးေတြ အပါ ေပါင္ သန္း ၄၀ ေလာက္ က်သင့္မွာလည္း ျဖစ္ပါတယ္။

မႏွစ္ကရာသီ စီးရီးေအကလပ္အတြက္ အမွတ္ေပးပြဲ ၃၄ ပြဲထိ ကစားေပးခဲ့တဲ့ လိုကတ္တယ္လီဟာ ယူရို ၂၀၂၀ မွာလည္း အီတလီအတြက္ ၅ ပြဲ ကစားေပးခဲ့ကာ သြင္းဂိုး ၂ ဂိုး ရယူေပးထားႏုိင္သူျဖစ္ပါတယ္။

၂၀၁၆ တည္းက လီဗာပူးအသင္းကို ေရာက္လာခဲ့တဲ့ ဂရုဂ်စ္ဟာ မာေဆးဆိုဒ္ကလပ္အတြက္ အမွတ္ေပးပြဲ ၁၀ ပြဲပဲ ကစားေပးထားရျပီး ဒီေႏြမွာ ေပါင္ ၁၃ သန္း ဝန္းက်င္ျဖင့္ ေရာင္းထုတ္ခံရဖို႔ ရွိေနတာပါ။ ဂရုဂ်စ္ဟာ ရာသီၾကိဳမွာ လီဗာပူးအသင္းနဲ႔ ပူးေပါင္းေနျပီး ၾသစၾတီးယားက ခ်စ္ၾကည္ေရးပြဲေတြမွာ ပါဝင္သြားရဖို႔ ရွိေနပါတယ္။

ကားဒစ္၊ ဟာသာဘာလင္နဲ႔ ေပၚတိုအသင္းတို႔ထံ အငွားထြက္ရာမွာ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသထားတဲ့ ဆားဘီးယားကြင္းလယ္လူ ဂရုဂ်စ္ကို ေခၚယူလိုတဲ့ ကလပ္ေတြ ရွိေပမယ့္ လီဗာပူးေတာင္းဆိုတဲ့ ေပါင္ ၁၃ သန္း ဝန္းက်င္နဲ႔ ကမ္းလွမ္းမႈေတြေတာ့ မရွိေသးပါဘူး။

ဆူဆိုလိုအို ကစားသမားေခၚယူေရးဆိုင္ရာ အၾကီးအကဲျဖစ္သူက ဂရုဂ်စ္ကို အေတာ္ေလး ႏွစ္သက္တယ္လို႔ သိထားရကာ ကုန္ခဲ့တဲ့ ႏွစ္ႏွစ္လံုး ေစာင့္ၾကည့္မႈေတြလည္း လုပ္ထားခဲ့တယ္။ လီဗာပူးဘက္ကေတာ့ ဂရုဂ်စ္ကို ေရာင္းထုတ္ဖို႔ပဲ ဦးစားေပးျဖစ္ျပီး ေနာက္ထပ္ အငွားကစားသမား အခ်ိဳ႔ကိုလည္း ရွင္းထုတ္ဦးမွာ ျဖစ္ပါတယ္။