လီဗာပူးသတင်းထောက် ဂျိမ်းပီယော့ဇ်ရဲ့ ဖော်ထုတ်မှုအရ ကလပ်ဟာ ဆောနီဂွက်စ်နဲ့ ရီနာတို ဆန်းချက်စ်တို့အတွက် ညိနှိုင်းမှု လုပ်နေတယ်ဆိုတဲ့ ကိစ္စဟာ မမှန်ကန်တဲ့ သတင်းပဲဖြစ်ကြောင်း ကလပ်ရဲ့ စီနီယာအရာရှိက သတင်းပေးထားတယ်လို့ ဆိုပါတယ်။

ဘရိုက်တန်မှ ဘစ်ဆိုးမားနဲ့ လက်စတာမှ တိုင်လီမန်းတို့နဲ့ ထွက်ပေါ်နေတဲ့ သတင်းကိုလည်း အဆိုပါ အရာရှိကပဲ ပယ်ချခဲ့ပြီဖြစ်တယ်။ တိုင်လီမန်းနဲ့ မက်ဂင်တို့ကို လီဗာပူးအသင်းဘက်က သဘောကျခဲ့တာတော့ မှန်ပေမယ့် လက်စတာက ပေါင် သန်း ၆၀၊ အက်စတွန်ဗီလာက ပေါင် သန်း ၅၀ အသီးသီး ဈေးခေါ်ထားမှုတွေက တန်ကြေးထက် ပိုလွန်းတယ်လို့ လီဗာပူးအသင်းက ယုံကြည်တယ်။

လီဗာပူးအသင်းဘက်က ကြိုးစားနေတဲ့ ကွင်းလယ်လူဟာ ပရီးမီးယားလိဂ် ပြင်ပမှ ကစားသမားသာလျှင် ဖြစ်ပါတယ်။ ပီယော့ဇ်ရဲ့ အဆိုအရ လီဗာပူးဟာ မိုချန်ဂဘာလတ်အသင်းမှ ကွင်းလယ်လူ နွိုက်ဟောက်ကို နှစ်သက်ထားတယ်။ ပေါင် ၃၄ သန်းဖြင့် ခေါ်ယူနိုင်မယ့် ကစားသမားကိုယ်တိုင်က ဘွန်ဒက်လီဂါမှာ တစ်ရာသီ ဆက်ကစားလိုခြင်းကြောင့် တရားဝင် ညိနှိုင်းမှုတော့ မလုပ်ခဲ့ရသေးပါဘူး။

အားကစားဒါရိုက်တာ အတ်ဝပ်က ကွင်းလယ်လူ ဂရုဂျစ်ကို ဆူဆိုလိုအို အသင်းထံ ယူရို ၁၅ သန်း ဝန်းကျင်ဖြင့် ရောင်းထုတ်ဖို့ နီးစပ်လာတဲ့နောက် လီဗာပူးဟာ ကွင်းလယ်လူတစ်ဦးကို ခေါ်ယူသွားတော့မှာဖြစ်တယ်။

လီဗာပူးအသင်းရဲ့ ပေါ်လစီအတိုင်း အသက် ၂၅ နှစ်အောက်၊ ဈေးနှုန်းတန်တန်နဲ့ ပရီးမီးယားလိဂ်ပြင်ပ ကွင်းလယ်လူတစ်ဦးကို ရှာနေတာဆိုရင် လိုင်ယွန်မှ ကွင်းလယ်လူ အော်ဝါပဲဖြစ်လိမ့်မယ်လို့ ပြင်သစ် သတင်းထောက် Julien Laurens က ဖော်ပြလာတယ်။

လီဗာပူးက အော်ဝါကို စောင့်ကြည့်နေခဲ့တာက ၂ နှစ်ဝန်းကျင်လောက်ရှိနေမယ်လို့ ယုံကြည်ရတယ်။ ဒီနွေမှာ ယူရို ၂၅ သန်းလောက်နဲ့တင် ခေါ်ယူနိုင်မယ့် ပြင်သစ်သားဟာ နည်းစနစ်ပိုင်း ကောင်းမွန်မှုကြောင့် မန်စီးတီး၊ အာဆင်နယ်၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်အသင်းတွေနဲ့ပါ သတင်းကြီး ထွက်ထားဖူးသူ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္ရဲ႕ ေဖာ္ထုတ္မႈအရ ကလပ္ဟာ ေဆာနီဂြက္စ္နဲ႔ ရီနာတို ဆန္းခ်က္စ္တို႔အတြက္ ညိႏိႈင္းမႈ လုပ္ေနတယ္ဆိုတဲ့ ကိစၥဟာ မမွန္ကန္တဲ့ သတင္းပဲျဖစ္ေၾကာင္း ကလပ္ရဲ႕ စီနီယာအရာရွိက သတင္းေပးထားတယ္လို႔ ဆိုပါတယ္။

ဘရိုက္တန္မွ ဘစ္ဆိုးမားနဲ႔ လက္စတာမွ တိုင္လီမန္းတို႔နဲ႔ ထြက္ေပၚေနတဲ့ သတင္းကိုလည္း အဆိုပါ အရာရွိကပဲ ပယ္ခ်ခဲ့ျပီျဖစ္တယ္။ တိုင္လီမန္းနဲ႔ မက္ဂင္တို႔ကို လီဗာပူးအသင္းဘက္က သေဘာက်ခဲ့တာေတာ့ မွန္ေပမယ့္ လက္စတာက ေပါင္ သန္း ၆၀၊ အက္စတြန္ဗီလာက ေပါင္ သန္း ၅၀ အသီးသီး ေစ်းေခၚထားမႈေတြက တန္ေၾကးထက္ ပိုလြန္းတယ္လို႔ လီဗာပူးအသင္းက ယံုၾကည္တယ္။

လီဗာပူးအသင္းဘက္က ၾကိဳးစားေနတဲ့ ကြင္းလယ္လူဟာ ပရီးမီးယားလိဂ္ ျပင္ပမွ ကစားသမားသာလွ်င္ ျဖစ္ပါတယ္။ ပီေယာ့ဇ္ရဲ႕ အဆိုအရ လီဗာပူးဟာ မိုခ်န္ဂဘာလတ္အသင္းမွ ကြင္းလယ္လူ ႏိြဳက္ေဟာက္ကို ႏွစ္သက္ထားတယ္။ ေပါင္ ၃၄ သန္းျဖင့္ ေခၚယူႏုိင္မယ့္ ကစားသမားကိုယ္တိုင္က ဘြန္ဒက္လီဂါမွာ တစ္ရာသိီ ဆက္ကစားလိုျခင္းေၾကာင့္ တရားဝင္ ညိႏိႈင္းမႈေတာ့ မလုပ္ခဲ့ရေသးပါဘူး။

အားကစားဒါရိုက္တာ အတ္ဝပ္က ကြင္းလယ္လူ ဂရုဂ်စ္ကို ဆူဆိုလိုအို အသင္းထံ ယူရို ၁၅ သန္း ဝန္းက်င္ျဖင့္ ေရာင္းထုတ္ဖို႔ နီးစပ္လာတဲ့ေနာက္ လီဗာပူးဟာ ကြင္းလယ္လူတစ္ဦးကို ေခၚယူသြားေတာ့မွာျဖစ္တယ္။

လီဗာပူးအသင္းရဲ႕ ေပၚလစီအတိုင္း အသက္ ၂၅ ႏွစ္ေအာက္၊ ေစ်းႏႈန္းတန္တန္နဲ႔ ပရီးမီးယားလိဂ္ျပင္ပ ကြင္းလယ္လူတစ္ဦးကို ရွာေနတာဆိုရင္ လိုင္ယြန္မွ ကြင္းလယ္လူ ေအာ္ဝါပဲျဖစ္လိမ့္မယ္လို႔ ျပင္သစ္ သတင္းေထာက္ Julien Laurens က ေဖာ္ျပလာတယ္။

လီဗာပူးက ေအာ္ဝါကို ေစာင့္ၾကည့္ေနခဲ့တာက ၂ ႏွစ္ဝန္းက်င္ေလာက္ရွိေနမယ္လို႔ ယံုၾကည္ရတယ္။ ဒီေႏြမွာ ယူရို ၂၅ သန္းေလာက္နဲ႔တင္ ေခၚယူႏုိင္မယ့္ ျပင္သစ္သားဟာ နည္းစနစ္ပိုင္း ေကာင္းမြန္မႈေၾကာင့္ မန္စီးတီး၊ အာဆင္နယ္၊ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္အသင္းေတြနဲ႔ပါ သတင္းၾကီး ထြက္ထားဖူးသူ ျဖစ္ပါတယ္။