လီဗာပူး အကယ်ဒမီစတားလေး မြူဇီယန်လိုစကီးဟာ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ကို အသင်းနဲ့ တရားဝင် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

အောက်တိုဘာမှာ အသက် ၁၈ နှစ်ပြည့်မယ့် မြူဇီယန်လိုစကိးဟာ အသင်းနဲ့ ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ အနည်းဆုံး ၂၀၂၄ ခုနှစ်ထိ အသင်းမှာ ဆက်ရှိနေလိမ့်မယ်။ သြစတြီးယား ရာသီကြိုမှာ ယာဂင်ကလော့ပ်ရဲ့ စီနီယာအသင်းနဲ့အတူ လိုက်ပါလာခဲ့တဲ့ ပိုလန်လူငယ်လေးဟာ မနှစ်က နွေမှာပဲ အသင်းနဲ့ ပူးပေါင်းခဲ့သူဖြစ်တယ်။

မနှစ်ကရာသီ ယူ-၁၈ အသင်းမှာ တောက်ပခဲ့တဲ့ တိုက်စစ်သမားဟာ လာမယ့်ရာသီမှာ ယူ-၂၃ အသင်းထံ တိုးမြင့်ကစားမှာဖြစ်တယ်။ တောင်ပံသမားဖြစ်ပေမယ့် တိုက်စစ်ပိုင်း နေရာစုံအပြင် ကွင်းလယ်တိုက်စစ်မှာလည်း ကစားနိုင်တဲ့ မြူဇီယန်လိုစကီကို စီနီယာလေ့ကျင့်ရေးတွေမှာလည်း ပိုမို မြင်တွေ့ခွင့်ရတော့မယ်လို့ ယူဆရပါတယ်။

လူငယ်အက်ဖ်အေဖလား ဗိုလ်လုပွဲရောက် ယူ-၁၈ အသင်းရဲ့ အဓိက ကစားသမားလေးဟာ မနှစ်တုန်းက ပြိုင်ပွဲစုံ ၂၅ ပွဲအတွင်း သွင်းဂိုး ၁၂ ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်ထားနိုင်တယ်။ သူရဲ့ အရည်အချင်းကောင်းတွေကြောင့် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ဘက်က စိတ်ဝင်စားနေကြောင်းလည်း သတင်းထွက်ထားပါတယ်။

နယူးကာဆယ် ယူ-၁၈ အသင်းဘက်ကို သူသွင်းယူခဲ့တဲ့ သွင်းဂိုးဟာဆိုရင် နည်းစနစ်ပိုင်း ကိုင်တွယ်နိုင်စွမ်း မြင့်လွန်းတာကြောင့် လီဗာပူးရဲ့ အကောင်းဆုံး သွင်းဂိုးတွေထဲတောင် ဖော်ပြခံခဲ့ရတယ်။ အဆိုပါ သွင်းဂိုးကပဲ စီနီယာတိုက်စစ်မှူး ဆာလာ ၇ လဆက်တိုက် အကောင်းဆုံး သွင်းဂိုးဆုရမယ့် စံချိန်ကိုပါ ကျော်ဖြတ်ပြီး မတ်လရဲ့ အကောင်းဆုံး သွင်းဂိုးတောင် ဖြစ်ခဲ့ပါတယ်။

မြူဇီယန်လိုစကီးဟာ ပိုလန်မက်ဆီရယ်လို့လည်း နာမည်ထွက်နေသူဖြစ်ပြီး ရာသီကြိုမှာ ဒဏ်ရာကင်းစင်စွာဖြင့် ပါဝင်သွားနိုင်မယ်ဆိုရင် လာမယ့်ရာသီမှာ အခွင့်အရေး ရလာနိုင်သူတစ်ဦး ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး အကယ္ဒမီစတားေလး ျမဴဇီယန္လိုစကီးဟာ သူ႔ရဲ႕ ပထမဆံုး ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ကို အသင္းနဲ႔ တရားဝင္ ခ်ဳပ္ဆိုလိုက္ျပီျဖစ္ပါတယ္။

ေအာက္တိုဘာမွာ အသက္ ၁၈ ႏွစ္ျပည့္မယ့္ ျမဴဇီယန္လိုစကိးဟာ အသင္းနဲ႔ ၃ ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္ကာ အနည္းဆံုး ၂၀၂၄ ခုႏွစ္ထိ အသင္းမွာ ဆက္ရွိေနလိမ့္မယ္။ ၾသစၾတီးယား ရာသီၾကိဳမွာ ယာဂင္ကေလာ့ပ္ရဲ႕ စီနီယာအသင္းနဲ႔အတူ လုိက္ပါလာခဲ့တဲ့ ပိုလန္လူငယ္ေလးဟာ မႏွစ္က ေႏြမွာပဲ အသင္းနဲ႔ ပူးေပါင္းခဲ့သူျဖစ္တယ္။

မႏွစ္ကရာသီ ယူ-၁၈ အသင္းမွာ ေတာက္ပခဲ့တဲ့ တိုက္စစ္သမားဟာ လာမယ့္ရာသီမွာ ယူ-၂၃ အသင္းထံ တိုးျမင့္ကစားမွာျဖစ္တယ္။ ေတာင္ပံသမားျဖစ္ေပမယ့္ တိုက္စစ္ပိုင္း ေနရာစံုအျပင္ ကြင္းလယ္တိုက္စစ္မွာလည္း ကစားႏုိင္တဲ့ ျမဴဇီယန္လိုစကီကို စီနီယာေလ့က်င့္ေရးေတြမွာလည္း ပိုမို ျမင္ေတြ႔ခြင့္ရေတာ့မယ္လို႔ ယူဆရပါတယ္။

လူငယ္အက္ဖ္ေအဖလား ဗိုလ္လုပြဲေရာက္ ယူ-၁၈ အသင္းရဲ႕ အဓိက ကစားသမားေလးဟာ မႏွစ္တုန္းက ျပိဳင္ပြဲစံု ၂၅ ပြဲအတြင္း သြင္းဂိုး ၁၂ ဂိုး သြင္းယူကာ ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ လုပ္ထားႏုိင္တယ္။ သူရဲ႕ အရည္အခ်င္းေကာင္းေတြေၾကာင့္ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္ဘက္က စိတ္ဝင္စားေနေၾကာင္းလည္း သတင္းထြက္ထားပါတယ္။

နယူးကာဆယ္ ယူ-၁၈ အသင္းဘက္ကို သူသြင္းယူခဲ့တဲ့ သြင္းဂိုးဟာဆိုရင္ နည္းစနစ္ပိုင္း ကိုင္တြယ္ႏုိင္စြမ္း ျမင့္လြန္းတာေၾကာင့္ လီဗာပူးရဲ႕ အေကာင္းဆံုး သြင္းဂိုးေတြထဲေတာင္ ေဖာ္ျပခံခဲ့ရတယ္။ အဆိုပါ သြင္းဂိုးကပဲ စီနီယာတိုက္စစ္မွဴး ဆာလာ ၇ လဆက္တိုက္ အေကာင္းဆံုး သြင္းဂိုးဆုရမယ့္ စံခ်ိန္ကိုပါ ေက်ာ္ျဖတ္ျပီး မတ္လရဲ႕ အေကာင္းဆံုး သြင္းဂိုးေတာင္ ျဖစ္ခဲ့ပါတယ္။

ျမဴဇီယန္လိုစကီးဟာ ပိုလန္မက္ဆီရယ္လို႔လည္း နာမည္ထြက္ေနသူျဖစ္ျပီး ရာသီၾကိဳမွာ ဒဏ္ရာကင္းစင္စြာျဖင့္ ပါဝင္သြားႏုိင္မယ္ဆိုရင္ လာမယ့္ရာသီမွာ အခြင့္အေရး ရလာႏုိင္သူတစ္ဦး ျဖစ္ပါတယ္။