လီဗာပူးအသင်းဟာ ရှာကွီရီအတွက် စီးရီးအေကလပ် လာဇီယို အသင်းထံက ပထမဆုံး ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပြီလို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် ဆွစ်ဇလန် လက်ရွေးစင်ဟာ မနှစ်ကရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲပဲ ကစားနိုင်ခဲ့တယ်။ ဒီနွေမှာတော့ သူဟာ အန်ဖီးရဲ့ အဝေးကို ထွက်ခွာသွားမယ်လို့ သတင်းကြီးနေပါတယ်။ ၂၀၁၈ မှာ စတုတ်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ရှာကွီရီဟာ ကလပ်နဲ့ စာချုပ်အားဖြင့် နှစ်နှစ် ကျန်ရှိနေပါသေးတယ်။

ယူရို ၂၀၂၀ မှာ ဆွစ်ဇလန်အတွက် တောက်ပတဲ့ ခြေစွမ်းတွေ ပြသထားတဲ့ ရှာကွီရီကို အီတလီကလပ် လာဇီယိုက သဘောကျနေခဲ့တယ်။ ၎င်းတို့ဘက်က ယူရို ၁၀ သန်း + ဆုကြေး ယူရို ၂ သန်း ဆိုတဲ့ ကမ်းလှမ်းမှုကို ပေးလာခဲ့တာဖြစ်ပြီး ဒါက လီဗာပူး တောင်းဆိုထားတဲ့ ယူရို ၁၅ သန်းနဲ့ အနည်းငယ်တော့ ကွာဟနေဆဲဖြစ်ပါတယ်။

လာဇီယို အားကစားဒါရိုက်တာ Igli Tare က ကလပ်ရဲ့ မန်နေဂျာဖြစ်သူ ဆာရီနဲ့ ဖုန်းဆက် ဆွေးနွေးမှုတွေ လုပ်အပြီးမှာ ရှာကွီရီကို ခေါ်ယူရေး မီးစိမ်းပြခဲ့တယ်လို့ သိရတယ်။ ကမ်းလှမ်းမှုတစ်ခု ထွက်လာခြင်းဖြစ်ပေမယ့် လီဗာပူးနဲ့ လာဇီယိုကြား ဆွေးနွေးစရာ ကိစ္စတွေ အများကြီး ရှိလာဦးမှာ ဖြစ်ပါတယ်။

မနှစ်ကရာသီမှာ ရှာကွီရီဟာ လီဗာပူးအတွက် ပွဲကစားခွင့်တွေ အတော်လေးရဖို့ အခွင့်အရေး ရှိခဲ့ပါတယ်။ သို့ပေမယ့် မကြာခဏ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာကြောင့် မန်နေဂျာကလော့ပ် လိုအပ်ချိန်တိုင်းမှာ အခြား ကစားသမားတွေကိုပဲ အသုံးပြုထားရတယ်။

ကလပ်ဘက်ကတော့ ရှာကွီရီအပြင် အချို့သော လူငယ်ကစားသမားတွေကို ဒီနွေမှာ ရောင်းထုတ်ပြီး အရန်လူစာရင်းကို ပြုပြင်လိုနေဆဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ရွာကီြရီအတြက္ စီးရီးေအကလပ္ လာဇီယို အသင္းထံက ပထမဆံုး ကမ္းလွမ္းမႈကို လက္ခံရရွိခဲ့ျပီလို႔ သိရပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ ဆြစ္ဇလန္ လက္ေရြးစင္ဟာ မႏွစ္ကရာသီမွာ ပရီးမီးယားလိဂ္ပြဲ ၅ ပြဲပဲ ကစားႏုိင္ခဲ့တယ္။ ဒီေႏြမွာေတာ့ သူဟာ အန္ဖီးရဲ႕ အေဝးကို ထြက္ခြာသြားမယ္လို႔ သတင္းၾကီးေနပါတယ္။ ၂၀၁၈ မွာ စတုတ္ကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ရွာကီြရီဟာ ကလပ္နဲ႔ စာခ်ဳပ္အားျဖင့္ ႏွစ္ႏွစ္ က်န္ရွိေနပါေသးတယ္။

ယူရို ၂၀၂၀ မွာ ဆြစ္ဇလန္အတြက္ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသထားတဲ့ ရွာကီြရီကို အီတလီကလပ္ လာဇီယိုက သေဘာက်ေနခဲ့တယ္။ ၄င္းတို႔ဘက္က ယူရို ၁၀ သန္း + ဆုေၾကး ယူရို ၂ သန္း ဆိုတဲ့ ကမ္းလွမ္းမႈကို ေပးလာခဲ့တာျဖစ္ျပီး ဒါက လီဗာပူး ေတာင္းဆိုထားတဲ့ ယူရို ၁၅ သန္းနဲ႔ အနည္းငယ္ေတာ့ ကြာဟေနဆဲျဖစ္ပါတယ္။

လာဇီယို အားကစားဒါရိုက္တာ Igli Tare က ကလပ္ရဲ႕ မန္ေနဂ်ာျဖစ္သူ ဆာရီနဲ႔ ဖုန္းဆက္ ေဆြးေႏြးမႈေတြ လုပ္အျပီးမွာ ရွာကီြရီကို ေခၚယူေရး မီးစိမ္းျပခဲ့တယ္လို႔ သိရတယ္။ ကမ္းလွမ္းမႈတစ္ခု ထြက္လာျခင္းျဖစ္ေပမယ့္ လီဗာပူးနဲ႔ လာဇီယိုၾကား ေဆြးေႏြးစရာ ကိစၥေတြ အမ်ားၾကီး ရွိလာဦးမွာ ျဖစ္ပါတယ္။

မႏွစ္ကရာသီမွာ ရွာကီြရီဟာ လီဗာပူးအတြက္ ပြဲကစားခြင့္ေတြ အေတာ္ေလးရဖို႔ အခြင့္အေရး ရွိခဲ့ပါတယ္။ သို႔ေပမယ့္ မၾကာခဏ ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတာေၾကာင့္ မန္ေနဂ်ာကေလာ့ပ္ လိုအပ္ခ်ိန္တိုင္းမွာ အျခား ကစားသမားေတြကိုပဲ အသံုးျပဳထားရတယ္။

ကလပ္ဘက္ကေတာ့ ရွာကီြရီအျပင္ အခ်ိဳ႔ေသာ လူငယ္ကစားသမားေတြကို ဒီေႏြမွာ ေရာင္းထုတ္ျပီး အရန္လူစာရင္းကို ျပဳျပင္လိုေနဆဲျဖစ္ပါတယ္။