လီဗာပူးအသင်းဟာ ဒီနွေမှာ အရောင်းစာရင်း တင်ထားတဲ့ တိုက်စစ်သမား ဝဲလ်ဆန်အတွက် ပြောင်းရွှေ့ကြေးကို ထပ်မံ လျော့ချပေးသွားတော့မှာ ဖြစ်ပါတယ်။

ဝေလ်းလက်ရွေးစင်အတွက် ပေါင် ၁၀ သန်း ရရင်ကိုပဲ ထွက်ခွာခွင့်ပေးမှာဖြစ်ပြီး ဒါဟာ အသက် ၂၄ နှစ်အရွယ် တိုက်စစ်သမားကို ကမ်းလှမ်းမယ့်ကလပ် ပိုမို များပြားလာဖို့ ဖိတ်ခေါ်ခြင်းလည်းဖြစ်တယ်။ ဝဲလ်ဆန်ဟာ လီဗာပူးနဲ့ စာချုပ် ၂ နှစ် ကျန်ရှိနေသေးပြီး အခုချိန်ထိ သူ့အတွက် ပေါင် ၈ သန်းတန် ကမ်းလှမ်းမှု တစ်ခုကိုပဲ လက်ခံရရှိထားပါသေးတယ်။

မနှစ်တုန်းက လီဗာပူးဟာ ကိုစတက်၊ ဂျိုတာ၊ သီယာဂိုတို့ကို ခေါ်ယူဖို့ရာ အသုံးပြုရတဲ့ ပေါင် သန်း ၇၀ ကျော်အတွက် ဘရူးစတား၊ လိုဗရန်၊ ဟိုဗာတို့ကို ရောင်းထုတ်မှုနဲ့အတူ အသုံးစရိတ် ပေါင် သန်း ၅၀ ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီနွေမှာလည်း တူညီတဲ့ လမ်းစဉ်အဖြစ် ကစားသမား ရောင်းထုတ်မှုတွေဖြင့် အသုံးစရိတ်ရှာကာ နွေခေါ်ယူမှုတွေ ထပ်လုပ်လိုနေတယ်။

မနှစ်ကရာသီ ဘန်လေဘက်က ဝဲလ်ဆန်ကို ပေါင် ၁၁ သန်းဖြင့် ခေါ်ယူခဲ့ပေမယ့် အပြောင်းအရွှေ့ ပြီးမြောက်ဖို့တော့ ပျက်ပြယ်ခဲ့ရတယ်။ ဒီနွေမှာ ဝဲလ်ဆန်အပြင် ဂရုဂျစ်နဲ့ ရှာကွီရီတို့ကို ရောင်းထုတ်ရေးက ကလပ်ရဲ့ ဦးစားပေးကိစ္စ ဖြစ်ပါတယ်။

ဂရုဂျစ်အတွက် ပေါင် ၁၂ သန်း၊ ရှာကွီရီအတွက် ပေါင် ၁၅ သန်း ရဖို့လည်း မျှော်လင့်ထားတဲ့ လီဗာပူးဟာ တစ်ပတ်ကို လုပ်ခ ပေါင် ၆ သောင်းရနေတဲ့ အိုရီဂီကိုလည်း အရောင်းစာရင်း တင်ထားပါတယ်။ နီကိုး၊ ကားရီးယက်စ်၊ အိုဂျို၊ ဝုဒ်ဘမ်း၊ အဝန်နီယီတို့ကလည်း ဒီနွေမှာ ရောင်းထုတ်ခံရမယ့် ကစားသမားတွေဖြစ်တယ်။

ဗဟိုခံစစ်မှူး ကိုနတေးအတွက် ပေါင် ၃၆ သန်း အသုံးပြုထားတဲ့ လီဗာပူးဟာ ကစားသမား ရောင်းထုတ်ရမှုအပေါ် မူတည်ပြီး နောက်ထပ် ခေါ်ယူမှုတွေကို ဆက်လုပ်ဖို့ ရှိနေတယ်။ လက်တလောမှာတော့ လိုင်ယွန်ကွင်းလယ်လူ အော်ဝါနဲ့လည်း သတင်းတွေ တက်နေပြီး တိုက်စစ်ပိုင်းအတွက်လည်း လူငယ်တိုက်စစ်သမားတွေကို ချိန်ရွယ်နေဆဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြမွာ အေရာင္းစာရင္း တင္ထားတဲ့ တိုက္စစ္သမား ဝဲလ္ဆန္အတြက္ ေျပာင္းေရႊ႔ေၾကးကို ထပ္မံ ေလ်ာ့ခ်ေပးသြားေတာ့မွာ ျဖစ္ပါတယ္။

ေဝလ္းလက္ေရြးစင္အတြက္ ေပါင္ ၁၀ သန္း ရရင္ကိုပဲ ထြက္ခြာခြင့္ေပးမွာျဖစ္ျပီး ဒါဟာ အသက္ ၂၄ ႏွစ္အရြယ္ တိုက္စစ္သမားကို ကမ္းလွမ္းမယ့္ကလပ္ ပိုမို မ်ားျပားလာဖို႔ ဖိတ္ေခၚျခင္းလည္းျဖစ္တယ္။ ဝဲလ္ဆန္ဟာ လီဗာပူးနဲ႔ စာခ်ဳပ္ ၂ ႏွစ္ က်န္ရွိေနေသးျပီး အခုခ်ိန္ထိ သူ႔အတြက္ ေပါင္ ၈ သန္းတန္ ကမ္းလွမ္းမႈ တစ္ခုကိုပဲ လက္ခံရရွိထားပါေသးတယ္။

မႏွစ္တုန္းက လီဗာပူးဟာ ကိုစတက္၊ ဂ်ိဳတာ၊ သီယာဂိုတို႔ကို ေခၚယူဖို႔ရာ အသံုးျပဳရတဲ့ ေပါင္ သန္း ၇၀ ေက်ာ္အတြက္ ဘရူးစတား၊ လိုဗရန္၊ ဟိုဗာတို႔ကို ေရာင္းထုတ္မႈနဲ႔အတူ အသံုးစရိတ္ ေပါင္ သန္း ၅၀ ရွာေဖြႏုိင္ခဲ့ပါတယ္။ ဒီေႏြမွာလည္း တူညီတဲ့ လမ္းစဥ္အျဖစ္ ကစားသမား ေရာင္းထုတ္မႈေတြျဖင့္ အသံုးစရိတ္ရွာကာ ေႏြေခၚယူမႈေတြ ထပ္လုပ္လိုေနတယ္။

မႏွစ္ကရာသီ ဘန္ေလဘက္က ဝဲလ္ဆန္ကို ေပါင္ ၁၁ သန္းျဖင့္ ေခၚယူခဲ့ေပမယ့္ အေျပာင္းအေရႊ႔ ျပီးေျမာက္ဖို႔ေတာ့ ပ်က္ျပယ္ခဲ့ရတယ္။ ဒီေႏြမွာ ဝဲလ္ဆန္အျပင္ ဂရုဂ်စ္နဲ႔ ရွာကီြရီတို႔ကို ေရာင္းထုတ္ေရးက ကလပ္ရဲ႕ ဦးစားေပးကိစၥ ျဖစ္ပါတယ္။

ဂရုဂ်စ္အတြက္ ေပါင္ ၁၂ သန္း၊ ရွာကီြရီအတြက္ ေပါင္ ၁၅ သန္း ရဖို႔လည္း ေမွ်ာ္လင့္ထားတဲ့ လီဗာပူးဟာ တစ္ပတ္ကို လုပ္ခ ေပါင္ ၆ ေသာင္းရေနတဲ့ အိုရီဂီကိုလည္း အေရာင္းစာရင္း တင္ထားပါတယ္။ နီကိုး၊ ကားရီးယက္စ္၊ အိုဂ်ိဳ၊ ဝုဒ္ဘမ္း၊ အဝန္နီယီတို႔ကလည္း ဒီေႏြမွာ ေရာင္းထုတ္ခံရမယ့္ ကစားသမားေတြျဖစ္တယ္။

ဗဟိုခံစစ္မွဴး ကိုနေတးအတြက္ ေပါင္ ၃၆ သန္း အသံုးျပဳထားတဲ့ လီဗာပူးဟာ ကစားသမား ေရာင္းထုတ္ရမႈအေပၚ မူတည္ျပီး ေနာက္ထပ္ ေခၚယူမႈေတြကို ဆက္လုပ္ဖို႔ ရွိေနတယ္။ လက္တေလာမွာေတာ့ လိုင္ယြန္ကြင္းလယ္လူ ေအာ္ဝါနဲ႔လည္း သတင္းေတြ တက္ေနျပီး တိုက္စစ္ပိုင္းအတြက္လည္း လူငယ္တိုက္စစ္သမားေတြကို ခ်ိန္ရြယ္ေနဆဲျဖစ္ပါတယ္။