လီဗာပူးရဲ့ သြစတြီးယား ရာသီကြိုမှာ လိုက်ပါခွင့်ရတဲ့ အသင်းသား ၃၄ ဦးထဲမှာတော့ မနှစ်က ရာသီဝက်မှာ ခေါ်ယူထားတဲ့ ခံစစ်မှူး ဘမ်ဒေးဗစ်လည်း ပါဝင်ပါတယ်။

ဖေဖော်ဝါရီမှာ ပရီစတန်အသင်းကနေ ဘမ်ဒေးဗစ်ကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် သူဟာ ပွဲကစားခွင့် တစ်ပွဲတောင်မှ မရထားခဲ့ပါဘူး။ ဒီနွေမှာ သူ့ကို အငှားခေါ်ယူဖို့ ဆဲလ်တစ်၊ ဘုန်းမောက်အပြင် အင်္ဂလန်ကလပ် အချို့ကလည်း စိတ်ဝင်စားနေတယ်။ လီဗာပူးကတော့ အသက် ၂၅ နှစ်အရွယ် ခံစစ်မှူးကို ရောင်းထုတ်ဖို့နဲ့ အငှားချဖို့ သိပ်ပြီး စိတ်မဝင်စားပါဘူး။

နွေအပြောင်းအရွှေ့မှာ ဗဟိုခံစစ်မှူး ကိုနတေးကို ခေါ်ယူထားခဲ့ပြီး ဗန်ဒိုက်၊ မာတစ်၊ ဂိုးမက်စ်တို့ ပြန်သက်သာလာခြင်းမှာ ဘမ်ဒေးဗစ်ကို ပွဲထုတ်ဖို့ အခွင့်အရေး နည်းပါးမှာဖြစ်တယ်။ ဒါပေမယ့်လို့ နက်ဖီးလစ်၊ ရိုင်းတို့နည်းတူ ဘမ်ဒေးဗစ်ကိုလည်း ဗဟိုခံစစ်မှူးနေရာအတွက် ထည့်တွက်ဖို့ လီဗာပူးဘက်က ပြင်ဆင်ထားပါတယ်။

ခါဘတ်ကို ပေါင် ၈.၅ သန်းဖြင့် ခေါ်ယူနိုင်ခွင့်ကို လက်လွတ်ခဲ့တဲ့ လီဗာပူးဟာ မနှစ်တုန်းက ဖာဘင်ညိုနဲ့ ဟန်ဒါဆန်ကို ဗဟိုခံစစ်မှူးနေရာ ကစားဖို့ စေလွှတ်ရတဲ့ တူညီတဲ့ဖြစ်ရပ်မျိုး အဖြစ်မခံလိုပါဘူး။ ဒါကြောင့်ပဲ ဒီနွေမှာ ဘမ်ဒေးဗစ်ကို ရောင်းထုတ်မှာ မဟုတ်ဘူးလို့ လီဗာပူးသတင်းထောက် ဂျိမ်းပီယော့ဇ်က ဖော်ပြခဲ့တယ်။

အသင်းနဲ့ ကုန်ခဲ့တဲ့ ၆ လအတွင်းမှာ အတူတကွ လေ့ကျင့်မှုတွေ လုပ်ထားတဲ့ ဘမ်ဒေးဗစ်ဟာ ရာသီကြိုကိုလည်း အကောင်းဆုံး ပါဝင်ထားနိုင်တယ်။ ရော်ဘတ်ဆန်တုန်းက အသင်းမှာ နေရာရဖို့ လအတန်ကြာ ကြိုးစားခဲ့ရသလိုပဲ ဘမ်ဒေးဗစ်ကိုလည်း အခွင့်အရေးပေးဖို့ လီဗာပူးဘက်က ဆုံးဖြတ်လာခြင်းဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ၾသစၾတီးယား ရာသီၾကိဳမွာ လိုက္ပါခြင့္ရတဲ့ အသင္းသား ၃၄ ဦးထဲမွာေတာ့ မႏွစ္က ရာသီဝက္မွာ ေခၚယူထားတဲ့ ခံစစ္မွဴး ဘမ္ေဒးဗစ္လည္း ပါဝင္ပါတယ္။

ေဖေဖာ္ဝါရီမွာ ပရီစတန္အသင္းကေန ဘမ္ေဒးဗစ္ကို ေခၚယူခဲ့တာျဖစ္ေပမယ့္ သူဟာ ပြဲကစားခြင့္ တစ္ပြဲေတာင္မွ မရထားခဲ့ပါဘူး။ ဒီေႏြမွာ သူ႔ကို အငွားေခၚယူဖို႔ ဆဲလ္တစ္၊ ဘုန္းေမာက္အျပင္ အဂၤလန္ကလပ္ အခ်ိဳ႔ကလည္း စိတ္ဝင္စားေနတယ္။ လီဗာပူးကေတာ့ အသက္ ၂၅ ႏွစ္အရြယ္ ခံစစ္မွဴးကို ေရာင္းထုတ္ဖို႔နဲ႔ အငွားခ်ဖို႔ သိပ္ျပီး စိတ္မဝင္စားပါဘူး။

ေႏြအေျပာင္းအေရႊ႔မွာ ဗဟိုခံစစ္မွဴး ကိုနေတးကို ေခၚယူထားခဲ့ျပီး ဗန္ဒိုက္၊ မာတစ္၊ ဂိုးမက္စ္တို႔ ျပန္သက္သာလာျခင္းမွာ ဘမ္ေဒးဗစ္ကို ပြဲထုတ္ဖို႔ အခြင့္အေရး နည္းပါးမွာျဖစ္တယ္။ ဒါေပမယ့္လို႔ နက္ဖီးလစ္၊ ရိုင္းတို႔နည္းတူ ဘမ္ေဒးဗစ္ကိုလည္း ဗဟိုခံစစ္မွဴးေနရာအတြက္ ထည့္တြက္ဖို႔ လီဗာပူးဘက္က ျပင္ဆင္ထားပါတယ္။

ခါဘတ္ကို ေပါင္ ၈.၅ သန္းျဖင့္ ေခၚယူႏုိင္ခြင့္ကို လက္လြတ္ခဲ့တဲ့ လီဗာပူးဟာ မႏွစ္တုန္းက ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္ကို ဗဟိုခံစစ္မွဴးေနရာ ကစားဖို႔ ေစလႊတ္ရတဲ့ တူညီတဲ့ျဖစ္ရပ္မ်ိဳး အျဖစ္မခံလိုပါဘူး။ ဒါေၾကာင့္ပဲ ဒီေႏြမွာ ဘမ္ေဒးဗစ္ကို ေရာင္းထုတ္မွာ မဟုတ္ဘူးလို႔ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္က ေဖာ္ျပခဲ့တယ္။

အသင္းနဲ႔ ကုန္ခဲ့တဲ့ ၆ လအတြင္းမွာ အတူတကြ ေလ့က်င့္မႈေတြ လုပ္ထားတဲ့ ဘမ္ေဒးဗစ္ဟာ ရာသီၾကိဳကိုလည္း အေကာင္းဆံုး ပါဝင္ထားႏုိင္တယ္။ ေရာ္ဘတ္ဆန္တုန္းက အသင္းမွာ ေနရာရဖို႔ လအတန္ၾကာ ၾကိဳးစားခဲ့ရသလိုပဲ ဘမ္ေဒးဗစ္ကိုလည္း အခြင့္အေရးေပးဖို႔ လီဗာပူးဘက္က ဆံုးျဖတ္လာျခင္းျဖစ္ပါတယ္။