လီဗာပူးလက်ထောက်နည်းပြ ပပ်လင်ဒါးက သြစတြီးယား ရာသီကြိုမှာ တိုက်စစ်မှူး ဆာလာက အသင်းဖော် အီးလီးယော့ကို လမ်းညွှန်ပေးမှုတွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

ဆာလာဟာ လေ့ကျင့်ရေးမှာပဲ အီးလီးယော့ကို တွဲခေါ်နေတာ မဟုတ်ပါဘူး။ ပရိုကစားသမားတစ်ယောက် နေထိုင်စားသောက်ရမယ့် ပုံစံတွေကိုလည်း သင်ပြပေးနေတယ်။ သူတို့နှစ်ဦး ညစာအတူစားခဲ့ချိန်တုန်းက ဆာလာဟာ အီးလီးယော့ရဲ့ စားသောက်ပုံကို လမ်းညွှန်ပေးမှုမျိုးလည်း လုပ်ခဲ့ပါသေးတယ်။

ဒီအကြောင်းကို ပပ်လင်ဒါးက ပြောရာမှာ ” မနေ့တုန်းက ဆာလာနဲ့ အီးလီးယော့တို့ ညစာစားတဲ့ နေရာမှာ အတူထိုင်ခဲ့ကြတယ်လို့ ကျနော် သိရတယ်။ ဟာဗေးက ပေါင်မုန့်အချို့နဲ့ အသီးအချို့ကို သူ့ ပန်ကန်ထဲမှာ ထည့်ထားတယ်။ မိုက အီးလီးယော့ကို ပေါင်မုန့် ဘယ်လောက်စားထားပြီးလဲလို့ မေးခဲ့တယ်။ ဟာဗေးက တစ်ချပ်တည်း စားရသေးတယ်ပြောတော့ မိုက အသီးတွေပဲ စားတော့လို့ သတိပေးခဲ့တယ်။

ဟာဗေးက စီနီယာတွေထံကနေ သူအမြဲတမ်း သင်ယူနေတယ်လို့ ကျနော်ကို ပြောပါတယ်။ ကျနေ်ာတို့အသင်းမှာ လူငယ်ကစားသမားတွေ ကစားသမားသစ်တွေကို ကူညီပေးနေတဲ့ အသင်းသားတွေ အများကြီး ရှိပါတယ်။ ရာသီကြိုလေ့ကျင့်ရေးက အသင်းကို တစည်းတလုံးတည်းဖြစ်စေတဲ့ အရည်အချင်းကိုလည်း ပိုင်ဆိုင်စေတယ်။ ဒါကို ကျနော် အတော်လေး သဘောကျပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

မနှစ်တုန်းက ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းထံ အငှားထွက်ကစားခဲ့တဲ့ အီးလီးယော့ဟာ ဒီရာသီမှာတော့ လီဗာပူးအသင်းမှာ အခွင့်အရေးရဖို့ ရှိနေတယ်။ လီဗာပူးအသင်းက သူ့ကို အများကြီး မျှော်လင့်ထားတာဖြစ်ပြီး ဆာလာ၊ မာနေး၊ ဖာမင်နို၊ ဂျိုတာတို့နောက် အရန်ကစားသမားအဖြစ် ပွဲကစားခွင့်တွေ ရလာဖို့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးလက္ေထာက္နည္းျပ ပပ္လင္ဒါးက ၾသစၾတီးယား ရာသီၾကိဳမွာ တိုက္စစ္မွဴး ဆာလာက အသင္းေဖာ္ အီးလီးေယာ့ကို လမ္းညႊန္ေပးမႈေတြ လုပ္ေပးေနတယ္လို႔ ဆိုပါတယ္။

ဆာလာဟာ ေလ့က်င့္ေရးမွာပဲ အီးလီးေယာ့ကို တြဲေခၚေနတာ မဟုတ္ပါဘူး။ ပရိုကစားသမားတစ္ေယာက္ ေနထိုင္စားေသာက္ရမယ့္ ပံုစံေတြကိုလည္း သင္ျပေပးေနတယ္။ သူတို႔ႏွစ္ဦး ညစာအတူစားခဲ့ခ်ိန္တုန္းက ဆာလာဟာ အီးလီးေယာ့ရဲ႕ စားေသာက္ပံုကို လမ္းညႊန္ေပးမႈမ်ိဳးလည္း လုပ္ခဲ့ပါေသးတယ္။

ဒီအေၾကာင္းကို ပပ္လင္ဒါးက ေျပာရာမွာ ” မေန႔တုန္းက ဆာလာနဲ႔ အီးလီးေယာ့တို႔ ညစာစားတဲ့ ေနရာမွာ အတူထိုင္ခဲ့ၾကတယ္လို႔ က်ေနာ္ သိရတယ္။ ဟာေဗးက ေပါင္မုန္႔အခ်ိဳ႔နဲ႔ အသီးအခ်ိဳ႔ကို သူ႔ ပန္ကန္ထဲမွာ ထည့္ထားတယ္။ မိုက အီးလီးေယာ့ကို ေပါင္မုန္႔ ဘယ္ေလာက္စားထားျပီးလဲလို႔ ေမးခဲ့တယ္။ ဟာေဗးက တစ္ခ်ပ္တည္း စားရေသးတယ္ေျပာေတာ့ မိုက အသီးေတြပဲ စားေတာ့လို႔ သတိေပးခဲ့တယ္။

ဟာေဗးက စီနီယာေတြထံကေန သူအျမဲတမ္း သင္ယူေနတယ္လို႔ က်ေနာ္ကို ေျပာပါတယ္။ က်ေန္ာတို႔အသင္းမွာ လူငယ္ကစားသမားေတြ ကစားသမားသစ္ေတြကို ကူညီေပးေနတဲ့ အသင္းသားေတြ အမ်ားၾကီး ရွိပါတယ္။ ရာသီၾကိဳေလ့က်င့္ေရးက အသင္းကို တစည္းတလံုးတည္းျဖစ္ေစတဲ့ အရည္အခ်င္းကိုလည္း ပိုင္ဆိုင္ေစတယ္။ ဒါကို က်ေနာ္ အေတာ္ေလး သေဘာက်ပါတယ္ ” လုိ႔ ဆိုခဲ့တာျဖစ္တယ္။

မႏွစ္တုန္းက ခ်န္ပီယံရွစ္ကလပ္ ဘလက္ဘန္းအသင္းထံ အငွားထြက္ကစားခဲ့တဲ့ အီးလီးေယာ့ဟာ ဒီရာသီမွာေတာ့ လီဗာပူးအသင္းမွာ အခြင့္အေရးရဖို႔ ရွိေနတယ္။ လီဗာပူးအသင္းက သူ႔ကို အမ်ားၾကီး ေမွ်ာ္လင့္ထားတာျဖစ္ျပီး ဆာလာ၊ မာေနး၊ ဖာမင္ႏို၊ ဂ်ိဳတာတို႔ေနာက္ အရန္ကစားသမားအျဖစ္ ပြဲကစားခြင့္ေတြ ရလာဖို႔ ရွိေနတာျဖစ္ပါတယ္။