လီဗာပူးအသင်းဟာ ကလပ်ရဲ့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို စာချုပ်သစ်ပေးဖို့ စတင် စကားပြောတော့မှာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူ ဟန်ဒါဆန်ဟာ အန်ဖီးနဲ့ စာချုပ် နှစ်နှစ် ကျန်ရှိနေသေးပေမယ့် ကလပ်ဘက်က သူ့ရဲ့ ကစားသမားဘဝကို လီဗာပူးမှာပဲ ကုန်ဆုံးစေဖို့ ရည်ရွယ်လာခဲ့တယ်။ ဟန်ဒါဆန်ရဲ့ ကွင်းတွင်း၊ ကွင်းပြင် အမှုအကျင့်ကောင်းတွေကို မန်နေဂျာယာဂင်ကလော့ပ်နဲ့တကွ အသင်းအဝတ်လဲခန်းက လေးစား အထင်ကြီးမှုရှိပါတယ်။

အဓိကအားဖြင့် ဟန်ဒါဆန်ဟာ ကလပ်နဲ့ ပရိသတ်တွေကြား ပေါင်းကူးပေးနိုင်စွမ်းရှိကာ ကိုဗစ်ကပ်ဘေးနဲ့ ဥရောပစူပါလိဂ် အန္တရာယ်တွေကြားက လီဗာပူးအသင်းအတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့သူဖြစ်တယ်။ မာဆေးဆိုဒ်ကလပ်အကြောင်း အားလုံးကို သိထားတဲ့ ဟန်ဒါဆန်ကို အခြားသော အသင်းဖော်တွေနဲ့အတူ သက်တမ်းတိုးသွားမှာဖြစ်တယ်။

လီဗာပူးက ဗဟိုခံစစ်မှူး ဗန်ဒိုက်နဲ့ ဂိုးသမား အယ်လီဆန်တို့ကိုလည်း သက်တမ်းတိုးနိုင်ဖို့ စကားပြောနေပြီဖြစ်တယ်။ ဒါ့အပြင် ဖာဘင်ညို၊ မာနေး၊ ဆာလာ အစရှိတဲ့ အသင်းသားတွေကိုလည်း စာချုပ်သစ်အတွက် စကားပြောဖို့ စီစဉ်ထားပါတယ်။

၂၀၁၁ ခုနှစ်မှာ မန်နေဂျာဟောင်း ကင်နီ ဒဲလ်ဂလစ်ရဲ့ ခေါ်ယူမှုဖြင့် ဆန်းဒါးလန်းကနေ လီဗာပူးကို ပေါင် ၁၆ သန်းဖြင့် ရောက်လာခဲ့တဲ့ ဟန်ဒါဆန်ဟာ လီဗာပူးအသင်း သမိုင်းတစ်လျှောက် ပထမဆုံးသော ပရီးမီးယားလိဂ်ဖလား ကိုင်မြောက်နိုင်တဲ့ အသင်းခေါင်းဆောင်ဖြစ်တယ်။

ဟန်ဒါဆန်ဟာ ၂၀၁၉ မှာတော့ ချန်ပီယံလိဂ်ဖလားကိုလည်း လီဗာပူးအသင်းနဲ့အတူ အောင်မြင်ခဲ့သူဖြစ်တယ်။ ဟန်ဒါဆန်ရဲ့ ဦးဆောင်နိုင်စွမ်းဟာ လီဗာပူးအဝတ်လဲခန်းအတွက် အရေးပါလှပြီး သူဟာ ထရန့်၊ ကားတစ်ဂျုံးတို့ကို မာဆေးဆိုဒ်ကလပ်အား ဘယ်လိုဦးဆောင်ရမယ်ဆိုတာ သင်ပြပေးနိုင်မယ့်သူအဖြစ်လည်း ပရိသတ်တွေရဲ့ အထင်ကြီးခြင်း ခံထားရသူဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကလပ္ရဲ႕ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို စာခ်ဳပ္သစ္ေပးဖို႔ စတင္ စကားေျပာေတာ့မွာ ျဖစ္ပါတယ္။

အသက္ ၃၁ ႏွစ္အရြယ္ ကြင္းလယ္လူ ဟန္ဒါဆန္ဟာ အန္ဖီးနဲ႔ စာခ်ဳပ္ ႏွစ္ႏွစ္ က်န္ရွိေနေသးေပမယ့္ ကလပ္ဘက္က သူ႔ရဲ႕ ကစားသမားဘဝကို လီဗာပူးမွာပဲ ကုန္ဆံုးေစဖို႔ ရည္ရြယ္လာခဲ့တယ္။ ဟန္ဒါဆန္ရဲ႕ ကြင္းတြင္း၊ ကြင္းျပင္ အမႈအက်င့္ေကာင္းေတြကို မန္ေနဂ်ာယာဂင္ကေလာ့ပ္နဲ႔တကြ အသင္းအဝတ္လဲခန္းက ေလးစား အထင္ၾကီးမႈရွိပါတယ္။

အဓိကအားျဖင့္ ဟန္ဒါဆန္ဟာ ကလပ္နဲ႔ ပရိသတ္ေတြၾကား ေပါင္းကူးေပးႏုိင္စြမ္းရွိကာ ကိုဗစ္ကပ္ေဘးနဲ႔ ဥေရာပစူပါလိဂ္ အႏၱရာယ္ေတြၾကားက လီဗာပူးအသင္းအတြက္ မားမားမတ္မတ္ ရပ္တည္ေပးခဲ့သူျဖစ္တယ္။ မာေဆးဆိုဒ္ကလပ္အေၾကာင္း အားလံုးကို သိထားတဲ့ ဟန္ဒါဆန္ကို အျခားေသာ အသင္းေဖာ္ေတြနဲ႔အတူ သက္တမ္းတိုးသြားမွာျဖစ္တယ္။

လီဗာပူးက ဗဟိုခံစစ္မွဴး ဗန္ဒိုက္နဲ႔ ဂိုးသမား အယ္လီဆန္တို႔ကိုလည္း သက္တမ္းတိုးႏုိင္ဖို႔ စကားေျပာေနျပီျဖစ္တယ္။ ဒါ့အျပင္ ဖာဘင္ညိဳ၊ မာေနး၊ ဆာလာ အစရွိတဲ့ အသင္းသားေတြကိုလည္း စာခ်ဳပ္သစ္အတြက္ စကားေျပာဖို႔ စီစဥ္ထားပါတယ္။

၂၀၁၁ ခုႏွစ္မွာ မန္ေနဂ်ာေဟာင္း ကင္နီ ဒဲလ္ဂလစ္ရဲ႕ ေခၚယူမႈျဖင့္ ဆန္းဒါးလန္းကေန လီဗာပူးကို ေပါင္ ၁၆ သန္းျဖင့္ ေရာက္လာခဲ့တဲ့ ဟန္ဒါဆန္ဟာ လီဗာပူးအသင္း သမိုင္းတစ္ေလွ်ာက္ ပထမဆံုးေသာ ပရီးမီးယားလိဂ္ဖလား ကိုင္ေျမာက္ႏုိင္တဲ့ အသင္းေခါင္းေဆာင္ျဖစ္တယ္။

ဟန္ဒါဆန္ဟာ ၂၀၁၉ မွာေတာ့ ခ်န္ပီယံလိဂ္ဖလားကိုလည္း လီဗာပူးအသင္းနဲ႔အတူ ေအာင္ျမင္ခဲ့သူျဖစ္တယ္။ ဟန္ဒါဆန္ရဲ႕ ဦးေဆာင္ႏုိင္စြမ္းဟာ လီဗာပူးအဝတ္လဲခန္းအတြက္ အေရးပါလွျပီး သူဟာ ထရန္႔၊ ကားတစ္ဂ်ံဳးတို႔ကို မာေဆးဆိုဒ္ကလပ္အား ဘယ္လိုဦးေဆာင္ရမယ္ဆိုတာ သင္ျပေပးႏုိင္မယ့္သူအျဖစ္လည္း ပရိသတ္ေတြရဲ႕ အထင္ၾကီးျခင္း ခံထားရသူျဖစ္ပါတယ္။