လီဗာပူးနဲ့ ဆောနီဂွက်စ်ကြား အပြောင်းအရွှေ့ သတင်းတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။ တကယ်တမ်းမှာတော့ လီဗာပူးဘက်က ဆောကို ညိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေခြင်း မရှိဘဲ တီကိုနဲ့ ဘာကာကြား ညိနှိုင်းမှုတွေကို စောင့်ကြည့်နေတဲံ အခြေအနေဖြစ်ပါတယ်။

လီဗာပူးအသင်းက ဂိုးသမား အယ်လီဆန်ကို ၅ နှစ် သက်တမ်းတိုးနိုင်ဖို့ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ အပြီးသတ်ဆိုင်ရာ သဘောတူညီမှုတွေကို ပြင်ဆင်ပြီးရင် လာမယ့် သီတင်းပတ်တွေမှာ ကစားသမားနဲ့ တရားဝင် စာချုပ်ချုပ်ပါမယ်။

သြစတြီးယား ရာသီကြိုမှာ ချိန်ဘာလိန်က တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေခြင်းကို လီဗာပူးနည်းပြအဖွဲ့က ကျေနပ်နေပါတယ်။ ချိန်ဘာလိန်ဟာ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ထားရပေမယ့် ရာသီသစ်အတွက် ကြံ့ခိုင်မှု အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။

နယ်သာလန်အသင်းကို ဗန်ဟား ပြန်လည်တာဝန်ယူဖို့ ကိစ္စ ဖြစ်မလာဖို့ ကြိုးစားနေတဲ့အဖွဲ့ကို သူဦးဆောင်နေတယ်ဆိုတဲ့ သတင်းက သတင်းမှားပဲဖြစ်ကြောင်း လီဗာပူးခံစစ်မှူးက တရားဝင် ထုတ်ဖော် ရှင်းလင်းလိုက်ပါတယ်။

လီဗာပူးရဲ့ နာမည်ကျော် လူငယ်တစ်ဦးဖြစ်တဲ့ ဘလာဂီဇီဟာ သြစတြီးယား ရာသီကြိုကို လက်မောင်း ဒဏ်ရာကြောင့် မလိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာက ဆောကို ခေါ်ယူရေး မအောင်မြင်ဘူးဆိုရင် လိုင်လီကွင်းလယ်လူ ဆန်းချက်ကို အပြီးသတ် ခေါ်ယူမှု ပါဝင်တဲ့ အငှားစာချုပ်ဖြင့် ကမ်းလှမ်းလိုနေပါတယ်။

စတီဗင်ဂျရတ်ရဲ့ ရိန်းဂျားအသင်းဟာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ပြီး ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

အန်ဖီးကွင်းနောက်က ကွင်းတိုးချဲ့ရေး လုပ်ငန်းစဉ်တွေဟာ ပုံမှန်အတိုင်း တိုးတက်လာနေပြီး မြေပြင်ရှင်းလင်းရေး လုပ်ငန်းစဉ်တွေက ပြီးမြောက်လု ဖြစ်နေပါပြီ။

ZAWGYI

လီဗာပူးနဲ႔ ေဆာနီဂြက္စ္ၾကား အေျပာင္းအေရႊ႔ သတင္းေတြ ဆက္လက္ ထြက္ေပၚေနပါတယ္။ တကယ္တမ္းမွာေတာ့ လီဗာပူးဘက္က ေဆာကို ညိႏိႈင္းမႈေတြ ဆက္လက္ လုပ္ေဆာင္ေနျခင္း မရွိဘဲ တီကိုနဲ႔ ဘာကာၾကား ညိႏိႈင္းမႈေတြကို ေစာင့္ၾကည့္ေနတဲံ အေျခအေနျဖစ္ပါတယ္။

လီဗာပူးအသင္းက ဂိုးသမား အယ္လီဆန္ကို ၅ ႏွစ္ သက္တမ္းတိုးႏုိင္ဖို႔ ေနာက္ဆံုးအဆင့္ကို ေရာက္ေနပါျပီ။ အျပီးသတ္ဆိုင္ရာ သေဘာတူညီမႈေတြကို ျပင္ဆင္ျပီးရင္ လာမယ့္ သီတင္းပတ္ေတြမွာ ကစားသမားနဲ႔ တရားဝင္ စာခ်ဳပ္ခ်ဳပ္ပါမယ္။

ၾသစၾတီးယား ရာသီၾကိဳမွာ ခ်ိန္ဘာလိန္က ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသေနျခင္းကို လီဗာပူးနည္းျပအဖြဲ႔က ေက်နပ္ေနပါတယ္။ ခ်ိန္ဘာလိန္ဟာ ဒဏ္ရာျပႆနာေတြ ရင္ဆိုင္ထားရေပမယ့္ ရာသီသစ္အတြက္ ၾကံ႕ခိုင္မႈ အေကာင္းဆံုးပံုစံမွာ ရွိေနပါတယ္။

နယ္သာလန္အသင္းကို ဗန္ဟား ျပန္လည္တာဝန္ယူဖို႔ ကိစၥ ျဖစ္မလာဖို႔ ၾကိဳးစားေနတဲ့အဖြဲ႔ကို သူဦးေဆာင္ေနတယ္ဆိုတဲ့ သတင္းက သတင္းမွားပဲျဖစ္ေၾကာင္း လီဗာပူးခံစစ္မွဴးက တရားဝင္ ထုတ္ေဖာ္ ရွင္းလင္းလိုက္ပါတယ္။

လီဗာပူးရဲ႕ နာမည္ေက်ာ္ လူငယ္တစ္ဦးျဖစ္တဲ့ ဘလာဂီဇီဟာ ၾသစၾတီးယား ရာသီၾကိဳကို လက္ေမာင္း ဒဏ္ရာေၾကာင့္ မလိုက္ႏုိင္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ဘာစီလိုနာက ေဆာကို ေခၚယူေရး မေအာင္ျမင္ဘူးဆိုရင္ လိုင္လီကြင္းလယ္လူ ဆန္းခ်က္ကို အျပီးသတ္ ေခၚယူမႈ ပါဝင္တဲ့ အငွားစာခ်ဳပ္ျဖင့္ ကမ္းလွမ္းလိုေနပါတယ္။

စတီဗင္ဂ်ရတ္ရဲ႕ ရိန္းဂ်ားအသင္းဟာ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းနဲ႔ ေျခစမ္းပြဲ ကစားခဲ့ျပီး ၂-၂ ရလဒ္ ထြက္ေပၚခဲ့ပါတယ္။

အန္ဖီးကြင္းေနာက္က ကြင္းတိုးခ်ဲ႔ေရး လုပ္ငန္းစဥ္ေတြဟာ ပံုမွန္အတိုင္း တိုးတက္လာေနျပီး ေျမျပင္ရွင္းလင္းေရး လုပ္ငန္းစဥ္ေတြက ျပီးေျမာက္လု ျဖစ္ေနပါျပီ။