ချိန်ဘာလိန်ဟာ သြစတြီးယား ရာသီကြိုမှာ ပုံစံကောင်းတွေ ပြသနေတာကြောင့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ လီဗာပူးအသင်းအတွက် စွယ်စုံရ ကစားသမားအဖြစ် ကစားပေးနိုင်မယ်လို့ မျှော်လင့်ခံနေရပါတယ်။

၂၀၁၇ မှာ လီဗာပူးအသင်းကို ပေါင် ၃၆ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ချိန်ဘာလိန်ဟာ သူ့ရဲ့ ပထမဆုံးရာသီမှာတင် တောက်ပတဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့တယ်။ ဒါပေမယ့်လို့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာရခဲ့ကာ နောက်ပိုင်းမှာ ကြံ့ခိုင်မှု မတည်ငြိမ်မှုဗတွ ရင်ဆိုင်လာရသူ ဖြစ်ပါတယ်။

မနှစ်က ရာသီကြိုမှာ ဒဏ်ရာ ထပ်ရခဲ့ပေမယ့် ရာသီဝက်နောက်ပိုင်းမှာ ပြန်လည် ကြံ့ခိုင်လာခဲ့သူဖြစ်တယ်။ ဒီနွေမှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို ပြသနိုင်ဖို့ အဆင်သင့်ဖြစ်မှုနဲ့အတူ ချိန်ဘာလိန်ဟာ လီဗာပူးရဲ့ ရာသီကြို အသင်းသား ၃၄ ဦးစာရင်းထဲ လိုက်ပါသွားခဲ့ပါတယ်။

မာဆေးဆိုဒ်သတင်းထောက်တွေရဲ့ အဆိုအရ ချိန်ဘာလိန်ရဲ့ ရာသီကြိုအတွင်း လုပ်ပြနိုင်မှုကို လီဗာပူးနည်းပြအဖွဲ့က အတော်လေး နှစ်သက်နေတယ်။ သူ့ကို နံပါတ် ၁၀ နေရာအပြင် တောင်ပံတိုက်စစ်တွေအတွက် အသုံးပြုဖို့ကိုလည်း လျာထားမှုတွေ ရှိနေပြီး တိုက်စစ်ပိုင်းမှာပဲ ပိုမို ကစားစေမှာဖြစ်တယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ စတုတ္ထမြောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်ခဲ့တဲ့ ချိန်ဘာလိန်ကို အဆုံးသတ်ပိုင်း ဧရိယာတွေမှာ လွတ်လပ်စွာ ကစားခွင့်ပေးဖို့ လီဗာပူးနည်းပြအဖွဲ့က ရည်မှန်းထားပါတယ်။ သူ့ရဲ့ ကြံ့ခိုင်မှုအရ ပွဲစဉ်တွေကိုလည်း ပိုမို ကစားပေးလာနိုင်တော့မှာပါ။

ဝိုက်နယ်ဒမ် ထွက်ခွာသွားတဲ့နေရာမှာ တိုက်ရိုက်အစားထိုးမှု မလုပ်သေးတဲ့ လီဗာပူးဟာ ချိန်ဘာလိန်နဲ့ ကိတ်တာတို့အပေါ် အများကြီး မျှော်လင့်ထားတယ်။ ချိန်ဘာလိန်ကတော့ နံပါတ် ၁၀ ကွင်းလယ်လူနဲ့ ဘယ်ညာ တောင်ပံတွေမှာ ကစားပေးရဖို့ ရှိနေပါတယ်။

အကယ်လို့ ဇန်နဝါရီမှာ အာဖရိကဖလားကြောင့် ဆာလာ၊ မာနေးတို့ကို လက်လွတ်ရမယ်ဆိုရင် ဖာမင်နို၊ ဂျိုတာနဲ့ ချိန်ဘာလိန် တွဲလုံးကို ထုတ်သုံးဖို ယာဂင်ဘက်က ရည်ရွယ်ထားတယ်လို့လည်း သိရတယ်။

လီဗာပူးအသင်းက နောက်ထပ် တိုက်စစ်သမားတစ်ဦးနဲ့ ကွင်းလယ်လူတစ်ဦး ခေါ်ယူမှာဖြစ်ပေမယ့် အသင်းကစားကွက်ကို နားလည်းထားပြီးဖြစ်တဲ့ ချိန်ဘာလိန်ရဲ့ ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည် တိုးတက်မှုဟာ ပိုလက်တွေ့ကျတဲ့ အကျိုးဖြစ်ထွန်းမှု ဖြစ်လာဖို့ ရှိနေပါတယ်။

ZAWGYI

ခ်ိန္ဘာလိန္ဟာ ၾသစၾတီးယား ရာသီၾကိဳမွာ ပံုစံေကာင္းေတြ ျပသေနတာေၾကာင့္ ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီ လီဗာပူးအသင္းအတြက္ စြယ္စံုရ ကစားသမားအျဖစ္ ကစားေပးႏုိင္မယ္လို႔ ေမွ်ာ္လင့္ခံေနရပါတယ္။

၂၀၁၇ မွာ လီဗာပူးအသင္းကို ေပါင္ ၃၆ သန္းျဖင့္ ေျပာင္းလာခဲ့တဲ့ ခ်ိန္ဘာလိန္ဟာ သူ႔ရဲ႕ ပထမဆံုးရာသီမွာတင္ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသႏုိင္ခဲ့တယ္။ ဒါေပမယ့္လို႔ ခ်န္ပီယံလိဂ္ပြဲမွာ ဒဏ္ရာရခဲ့ကာ ေနာက္ပိုင္းမွာ ၾကံ႕ခိုင္မႈ မတည္ျငိမ္မႈဗတြ ရင္ဆိုင္လာရသူ ျဖစ္ပါတယ္။

မႏွစ္က ရာသီၾကိဳမွာ ဒဏ္ရာ ထပ္ရခဲ့ေပမယ့္ ရာသီဝက္ေနာက္ပိုင္းမွာ ျပန္လည္ ၾကံ႕ခိုင္လာခဲ့သူျဖစ္တယ္။ ဒီေႏြမွာေတာ့ သူ႔ရဲ႕ အေကာင္းဆံုး ပံုစံေတြကို ျပသႏုိင္ဖို႔ အဆင္သင့္ျဖစ္မႈနဲ႔အတူ ခ်ိန္ဘာလိန္ဟာ လီဗာပူးရဲ႕ ရာသီၾကိဳ အသင္းသား ၃၄ ဦးစာရင္းထဲ လိုက္ပါသြားခဲ့ပါတယ္။

မာေဆးဆိုဒ္သတင္းေထာက္ေတြရဲ႕ အဆိုအရ ခ်ိန္ဘာလိန္ရဲ႕ ရာသီၾကိဳအတြင္း လုပ္ျပႏိုင္မႈကို လီဗာပူးနည္းျပအဖြဲ႔က အေတာ္ေလး ႏွစ္သက္ေနတယ္။ သူ႔ကို နံပါတ္ ၁၀ ေနရာအျပင္ ေတာင္ပံတိုက္စစ္ေတြအတြက္ အသံုးျပဳဖို႔ကိုလည္း လ်ာထားမႈေတြ ရွိေနျပီး တိုက္စစ္ပိုင္းမွာပဲ ပိုမို ကစားေစမွာျဖစ္တယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ လီဗာပူးအသင္းရဲ႕ စတုတၳေျမာက္ သြင္းဂိုးအမ်ားဆုံး ကစားသမားျဖစ္ခဲ့တဲ့ ခ်ိန္ဘာလိန္ကို အဆံုးသတ္ပိုင္း ဧရိယာေတြမွာ လြတ္လပ္စြာ ကစားခြင့္ေပးဖို႔ လီဗာပူးနည္းျပအဖြဲ႔က ရည္မွန္းထားပါတယ္။ သူ႔ရဲ႕ ၾကံ႕ခိုင္မႈအရ ပြဲစဥ္ေတြကိုလည္း ပိုမို ကစားေပးလာႏုိင္ေတာ့မွာပါ။

ဝိုက္နယ္ဒမ္ ထြက္ခြာသြားတဲ့ေနရာမွာ တိုက္ရိုက္အစားထိုးမႈ မလုပ္ေသးတဲ့ လီဗာပူးဟာ ခ်ိန္ဘာလိန္နဲ႔ ကိတ္တာတို႔အေပၚ အမ်ားၾကီး ေမွ်ာ္လင့္ထားတယ္။ ခ်ိန္ဘာလိန္ကေတာ့ နံပါတ္ ၁၀ ကြင္းလယ္လူနဲ႔ ဘယ္ညာ ေတာင္ပံေတြမွာ ကစားေပးရဖို႔ ရွိေနပါတယ္။

အကယ္လို႔ ဇန္နဝါရီမွာ အာဖရိကဖလားေၾကာင့္ ဆာလာ၊ မာေနးတို႔ကို လက္လြတ္ရမယ္ဆိုရင္ ဖာမင္ႏုိ၊ ဂ်ိဳတာနဲ႔ ခ်ိန္ဘာလိန္ တြဲလံုးကို ထုတ္သံုးဖို ယာဂင္ဘက္က ရည္ရြယ္ထားတယ္လို႔လည္း သိရတယ္။

လီဗာပူးအသင္းက ေနာက္ထပ္ တိုက္စစ္သမားတစ္ဦးနဲ႔ ကြင္းလယ္လူတစ္ဦး ေခၚယူမွာျဖစ္ေပမယ့္ အသင္းကစားကြက္ကို နားလည္းထားျပီးျဖစ္တဲ့ ခ်ိန္ဘာလိန္ရဲ႕ ၾကံ႕ခိုင္မႈနဲ႔ စြမ္းေဆာင္ရည္ တိုးတက္မႈဟာ ပိုလက္ေတြ႔က်တဲ့ အက်ိဳးျဖစ္ထြန္းမႈ ျဖစ္လာဖို႔ ရွိေနပါတယ္။