လိန်လီဗာပူးနည်းပြတွေက ချိန်ဘာလိန်ကို နေရာသစ်မှာ ကစားစေဖို့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ဒီမနက်ကပဲ အင်တာဗျူးတွေအရ သိထားရတယ်။

လီဗာပူးဝဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာ ချိန်ဘာလိန်ရဲ့ ပြောဆိုမှုအရ နည်းပြတွေကတော့ သူကို တောင်ပံ ဧရိယာထက် ဘော်ဘီကစားတဲ့ false nine နေရာမှာပါ ကစားစေဖို့ ရည်ရွယ်လာဟန်ရှိတယ်။ လီဗာပူးအသင်းဟာ အတိတ်တုန်းက တိုက်စစ်အားသန်တဲ့ လယ်လာနာကို အဆိုပါ နေရာမှာ ထားကစားခဲ့ဖူးတာဖြစ်ပါတယ်။

ချိန်ဘာလိန်က “ ဘော်ဘီ တာဝန်ယူကစားတဲ့ false nine နေရာမှာ သူက ကျနေ်ာတို့အတွက် အကောင်းဆုံး ကစားပေးနေတယ်လို့ ထင်ပါတယ်။ တိုက်စစ်ပိုင်း အခြေအနေတွေမှာ သူက မို၊ ဆာဒီယိုနဲ့ ဒီယေဂိုတို့ကို လွယ်လွယ်ကူကူ ကစားနိုင်ဖို့ ကူညီပေးနေတယ်။

ဘော်ဘီက သူတို့အတွက် အတွင်းထိ ဆင်းကစားပေးပြီး နေရာလွတ်တွေ ရှာပေးနေတယ်။ သူက တိုက်စစ်သမားတွေအတွက်တင် မဟုတ်ဘဲ ခံစစ်အတွက်လည်း ကူညီပေးပါတယ်။

ဒါပေမယ့် သူကစားတဲ့ နည်းလမ်းက နံပါတ် ၁၀ နေရာဖြစ်တဲ့ ကွင်းလယ်တိုက်စစ်နဲ့လည်း တူညီပါတယ်။ နံပါတ် ၁၀ ကလည်း လိုအပ်ရင် အတွင်းထိ ဆင်းကစားပေးရတာပါ။ ဒီတော့ ကျနော်တို့ရဲ့ ကစားရပုံချင်းက တူညီတယ်လို့ ပြောလို့ရပါတယ်။

ကျနော်ကလည်း ကွင်းလယ်တိုက်စစ်ကနေ ဧရိယာတစ်ဝိုက်မှာ ကစားပြီး ဧရိယာတွင်းကို ဝင်ကစားနိုင်မယ် ထင်ပါတယ်။ လိုအပ်လာရင် ကန်သွင်းမှုနဲ့ ဂိုးသွင်းမှုတွေလည်း လုပ်နိုင်တယ်။ ဒီတော့ false nine နေရာကို တာဝန်ယူရမယ်ဆိုရင်လည်း ကျနော်ကတော့ ကိစ္စ မရှိပါဘူး။ ဒါပေမယ့်လို့ အခုချိန်ထိ ကွင်းလယ် အခြေအနေတွေမှာ ပြင်ဆင်ဖို့ကိုပဲ ကျနော် စဉ်းစားရဦးမယ် ထင်ပါတယ်။

အဲ့အပိုင်းကို ပြင်ဆင်နိုင်မယ်ဆိုရင် ကျနော် false nine နေရာက ကစားနိုင်ဖို့အတွက် ယုံကြည်မှုရှိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

မနှစ်တုန်းက ချိန်ဘာလိန်ဟာ အရန်ခုံကနေ လူစားလဲမခံရတဲ့ပွဲ ၁၄ ပွဲ ရှိခဲ့သလို ကွင်းထဲမှာလည်း တစ်ပွဲကို ပျှမ်းမျှအားဖြင့် ၁၆.၈ မိနစ်ပဲ ကစားခွင့်ရခဲ့တာဖြစ်တယ်။ ရာသီသစ်မှာတေ့ာ သူဟာ ပွဲကစားခွင့်တွေ ပိုရလာမယ်လို့ မျှော်လင့်ထားရတာ ဖြစ်ပါတယ်။

“ မနှစ်က ရာသီကြိုမှာ ဒဏ်ရာရခဲ့တာက ကံဆိုးတာပါပဲ။ ဒါပေမယ့် နိုဝင်ဘာလ အကုန်လောက်မှာ ပြန်သက်သာလာခဲ့တယ်။ အဲ့နောက်ပိုင်း လေ့ကျင့်ရေး တစ်ရက်တောင် မပျက်ကွက်တော့ဘူး ထင်ပါတယ်။ ရာသီကုန်ပိုင်းမှာ ကျနော် အကောင်းဆုံးထိ ကြံ့ခိုင်နေခဲ့ပါတယ်။

ကျနော် ကစားနိုင်သလောက် မကစားခဲ့ရဘူး။ ဒါပေမယ့် အသင်းအနေနဲ့ ဒါမျိူးလည်းဖြစ်နိုင်ပြီး ကျနော်ကတော့ ဆက်ပြီး ကြံ့ခိုင်နေအောင်ပဲ ကြိုးစားရမှာပါ။ ဒီရာသီကြိုမှာတော့ ကျနော် ခံစားချက်တွေ သိပ်ကောင်းနေတယ်။ ပြီးခဲ့တာတွေက ပြီးခဲ့ပါပြီ ကျနော်ကတော့ ဆက်ပြီး ကြိုးစားနေပါတယ်။ ” လို့ ချိန်ဘာလိန်က ဖြေဆိုသွားပါတယ်။

ZAWGYI

လီဗာပူးနည္းျပေတြက ခ်ိန္ဘာလိန္ကို ေနရာသစ္မွာ ကစားေစဖို႔ ရည္ရြယ္ခ်က္ေတြ ရွိေနတယ္လို႔ ဒီမနက္ကပဲ အင္တာဗ်ဴးေတြအရ သိထားရတယ္။

လီဗာပူးဝဘ္ဆိုဒ္နဲ႔ အင္တာဗ်ဴးမွာ ခ်ိန္ဘာလိန္ရဲ႕ ေျပာဆိုမႈအရ နည္းျပေတြကေတာ့ သူကို ေတာင္ပံ ဧရိယာထက္ ေဘာ္ဘီကစားတဲ့ false nine ေနရာမွာပါ ကစားေစဖို႔ ရည္ရြယ္လာဟန္ရွိတယ္။ လီဗာပူးအသင္းဟာ အတိတ္တုန္းက တိုက္စစ္အားသန္တဲ့ လယ္လာနာကို အဆိုပါ ေနရာမွာ ထားကစားခဲ့ဖူးတာျဖစ္ပါတယ္။

ခ်ိန္ဘာလိန္က “ ေဘာ္ဘီ တာဝန္ယူကစားတဲ့ false nine ေနရာမွာ သူက က်ေန္ာတို႔အတြက္ အေကာင္းဆံုး ကစားေပးေနတယ္လို႔ ထင္ပါတယ္။ တိုက္စစ္ပိုင္း အေျခအေနေတြမွာ သူက မို၊ ဆာဒီယိုနဲ႔ ဒီေယဂိုတို႔ကို လြယ္လြယ္ကူကူ ကစားႏုိင္ဖို႔ ကူညီေပးေနတယ္။

ေဘာ္ဘီက သူတို႔အတြက္ အတြင္းထိ ဆင္းကစားေပးျပီး ေနရာလြတ္ေတြ ရွာေပးေနတယ္။ သူက တိုက္စစ္သမားေတြအတြက္တင္ မဟုတ္ဘဲ ခံစစ္အတြက္လည္း ကူညီေပးပါတယ္။

ဒါေပမယ့္ သူကစားတဲ့ နည္းလမ္းက နံပါတ္ ၁၀ ေနရာျဖစ္တဲ့ ကြင္းလယ္တိုက္စစ္နဲ႔လည္း တူညီပါတယ္။ နံပါတ္ ၁၀ ကလည္း လိုအပ္ရင္ အတြင္းထိ ဆင္းကစားေပးရတာပါ။ ဒီေတာ့ က်ေနာ္တို႔ရဲ႕ ကစားရပံုခ်င္းက တူညီတယ္လို႔ ေျပာလို႔ရပါတယ္။

က်ေနာ္ကလည္း ကြင္းလယ္တိုက္စစ္ကေန ဧရိယာတစ္ဝိုက္မွာ ကစားျပီး ဧရိယာတြင္းကို ဝင္ကစားႏုိင္မယ္ ထင္ပါတယ္။ လိုအပ္လာရင္ ကန္သြင္းမႈနဲ႔ ဂိုးသြင္းမႈေတြလည္း လုပ္ႏုိင္တယ္။ ဒီေတာ့ false nine ေနရာကို တာဝန္ယူရမယ္ဆိုရင္လည္း က်ေနာ္ကေတာ့ ကိစၥ မရွိပါဘူး။ ဒါေပမယ့္လို႔ အခုခ်ိန္ထိ ကြင္းလယ္ အေျခအေနေတြမွာ ျပင္ဆင္ဖို႔ကိုပဲ က်ေနာ္ စဥ္းစားရဦးမယ္ ထင္ပါတယ္။

အဲ့အပိုင္းကို ျပင္ဆင္ႏုိင္မယ္ဆိုရင္ က်ေနာ္ false nine ေနရာက ကစားႏုိင္ဖို႔အတြက္ ယံုၾကည္မႈရွိပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

မႏွစ္တုန္းက ခ်ိန္ဘာလိန္ဟာ အရန္ခံုကေန လူစားလဲမခံရတ့ဲပြဲ ၁၄ ပြဲ ရွိခဲ့သလို ကြင္းထဲမွာလည္း တစ္ပြဲကို ပွ်မ္းမွ်အားျဖင့္ ၁၆.၈ မိနစ္ပဲ ကစားခြင့္ရခဲ့တာျဖစ္တယ္။ ရာသီသစ္မွာေတ့ာ သူဟာ ပြဲကစားခြင့္ေတြ ပိုရလာမယ္လို႔ ေမွ်ာ္လင့္ထားရတာ ျဖစ္ပါတယ္။

“ မႏွစ္က ရာသီၾကိဳမွာ ဒဏ္ရာရခဲ့တာက ကံဆိုးတာပါပဲ။ ဒါေပမယ့္ ႏိုဝင္ဘာလ အကုန္ေလာက္မွာ ျပန္သက္သာလာခဲ့တယ္။ အဲ့ေနာက္ပိုင္း ေလ့က်င့္ေရး တစ္ရက္ေတာင္ မပ်က္ကြက္ေတာ့ဘူး ထင္ပါတယ္။ ရာသီကုန္ပိုင္းမွာ က်ေနာ္ အေကာင္းဆံုးထိ ၾကံ႕ခိုင္ေနခဲ့ပါတယ္။

က်ေနာ္ ကစားႏုိင္သေလာက္ မကစားခဲ့ရဘူး။ ဒါေပမယ့္ အသင္းအေနနဲ႔ ဒါမ်ိဴးလည္းျဖစ္ႏုိင္ျပီး က်ေနာ္ကေတာ့ ဆက္ျပီး ၾကံ႕ခိုင္ေနေအာင္ပဲ ၾကိဳးစားရမွာပါ။ ဒီရာသီၾကိဳမွာေတာ့ က်ေနာ္ ခံစားခ်က္ေတြ သိပ္ေကာင္းေနတယ္။ ျပီးခဲ့တာေတြက ျပီးခဲ့ပါျပီ က်ေနာ္ကေတာ့ ဆက္ျပီး ၾကိဳးစားေနပါတယ္။ ” လို႔ ခ်ိန္ဘာလိန္က ေျဖဆိုသြားပါတယ္။