လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဗဟိုခံစစ်သမား ရှားပါးတဲ့ ပြသနာ အဓိက ကြုံတွေ့ခဲ့ရပြီး ခု လက်ရှိ ရာသီကြိုမှာတော့ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ခံစစ် အင်အားအပြည့်နဲ့ ဖြစ်နေပါပြီ။ လီဗာပူး ဝါရင့် စီနီယာကြီး ဂျိမ်းစ် မေနာကတော့ အသင်းရဲ့ ပြီးခဲ့တဲ့ရာသီနဲ့ အခု ကွာခြားမှုကို ထူးထူးဆန်းဆန်းကြီးကို ဖြစ်နေပါတယ်။

လီဗာပူး အသစ် ခေါ်ယူထားတဲ့ ခံစစ်သမား ကိုနာတေးရဲ့ ခြေစွမ်းကိုလည်း မေနာက ထရိန်နင်မှာ မြင်ရပြီးနောက် အထူး အထင်ကြီး သဘောကျနေပါတယ်။ ဒါ့အပြင် ကွင်းထဲမှာလည်း ထိပ်တန်း ခံစစ်သမားတွေချည်း ပြည့်နှက်နေတဲ့ အပေါ် အားရနေတာပါ။

” ကိုနာတေးကတော့ သိပ်ကောင်းနေတယ်။ သူက တကယ့် ဗဟိုခံစစ်သမား စတိုင်ပဲ။ သိသိသာသာကိုပဲ အလွန် သန်မာတယ်။ ဘောလုံးနဲ့ အတူ လှုပ်ရှားမှုတွေ ကောင်းတယ်၊ ခံစစ်ပိုင်း နေရာယူမှုလည်း သိပ်တော်တယ်။ သူ့ကို ဒါတောင် ထရိန်နင်မှာ သိပ်ကြီး တွေ့ရတာ မဟုတ်ဘူး။ ဒါပေမယ့် သူလုပ်ပြလိုက်တာ တချို့ က သိသိသာသာကို သတိပြုမိတယ်။

နောက်ပြီးတော့ အခုက ထူးထူးဆန်းဆန်း အခြေအနေပဲ။ ပြီးခဲ့တဲ့ရာသီက ကျနေ်ာတို့မှာ ဗဟိုခံစစ်သမား သိပ်ကို မရှိဘူး။ အခုဆို ကြည့်လိုက်ရင် နေရာတိုင်းမှာ ထိပ်တန်း ဗဟိုခံစစ်သမားတွေချည်းပဲ။ ဒါ သိပ်ကောင်းတာပဲ။

နက် (ဖိလစ်)လည်း ရှိတယ်။ ဒါဗို (ဘန် ဒေးဗီးစ်)၊ ရွိုင်း (ဝီလီယံ) တို့ရောပဲ ရှိနေသေးတယ်။ ဗဟိုခံစစ်သမားတွေ အတွက် အဓိက စံသတ်မှတ်ချက်ကလည်း အသင်းဖော်တွေချင်း ဖိအားပေး ပြိုင်ဆိုင်နေဖို့ လိုတယ်။ ဒါက သိပ်သေချာတဲ့ လိုအပ်ချက်ပါပဲ။ ” လို့ မေနာက ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗဟိုခံစစ်သမားတွေ ဖြစ်တဲ့ ဗန်ဒိုက်၊ ဂိုမက်ဇ်၊ မာတစ် စတဲ့ စီနီယာတွေ အကုန်လုံး ဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရပြီး တစ်ရာသီလုံး အခက်တွေ့ခဲ့ရပါတယ်။ ခုချိန်မှာတော့ ၎င်းတို့ ပြန်လာနိုငတဲ့ အပြင် ဒီနွေမှာ ကိုနာတေးကို ပေါင် ၃၆ သန်း သုံးပြီး လိုက်ပ်ဇစ်ကနေ ခေါ်ယူအားဖြည့်ထားခဲ့တာပါ။

Zawgyi – လီဗာပူးအသင္းဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီက ဗဟိုခံစစ္သမား ရွားပါးတဲ့ ျပသနာ အဓိက ၾကံဳေတြ႔ခဲ့ရျပီး ခု လက္ရွိ ရာသီၾကိဳမွာေတာ့ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ ခံစစ္ အင္အားအျပည့္နဲ႕ ျဖစ္ေနပါျပီ။ လီဗာပူး ၀ါရင့္ စီနီယာၾကီး ဂ်ိမ္းစ္ ေမနာကေတာ့ အသင္းရဲ႕ ျပီးခဲ့တဲ့ရာသီနဲ႕ အခု ကြာျခားမႈကို ထူးထူးဆန္းဆန္းၾကီးကို ျဖစ္ေနပါတယ္။

လီဗာပူး အသစ္ ေခၚယူထားတဲ့ ခံစစ္သမား ကိုနာေတးရဲ႕ ေျခစြမ္းကိုလည္း ေမနာက ထရိန္နင္မွာ ျမင္ရျပီးေနာက္ အထူး အထင္ၾကီး သေဘာက်ေနပါတယ္။ ဒါ့အျပင္ ကြင္းထဲမွာလည္း ထိပ္တန္း ခံစစ္သမားေတြခ်ည္း ျပည့္နွက္ေနတဲ့ အေပၚ အားရေနတာပါ။

” ကိုနာေတးကေတာ့ သိပ္ေကာင္းေနတယ္။ သူက တကယ့္ ဗဟိုခံစစ္သမား စတိုင္ပဲ။ သိသိသာသာကိုပဲ အလြန္ သန္မာတယ္။ ေဘာလံုးနဲ႕ အတူ လႈပ္ရွားမႈေတြ ေကာင္းတယ္၊ ခံစစ္ပိုင္း ေနရာယူမႈလည္း သိပ္ေတာ္တယ္။ သူ႔ကို ဒါေတာင္ ထရိန္နင္မွာ သိပ္ၾကီး ေတြ႔ရတာ မဟုတ္ဘူး။ ဒါေပမယ့္ သူလုပ္ျပလိုက္တာ တခ်ိဳ႕ က သိသိသာသာကို သတိျပဳမိတယ္။

ေနာက္ျပီးေတာ့ အခုက ထူးထူးဆန္းဆနး္ အေျခအေနပဲ။ ျပီးခဲ့တဲ့ရာသီက က်ေန္ာတို႔မွာ ဗဟိုခံစစ္သမား သိပ္ကို မရွိဘူး။ အခုဆို ၾကည့္လိုက္ရင္ ေနရာတိုင္းမွာ ထိပ္တန္း ဗဟိုခံစစ္သမားေတြခ်ည္းပဲ။ ဒါ သိပ္ေကာင္းတာပဲ။

နက္ (ဖိလစ္)လည္း ရွိတယ္။ ဒါဗို (ဘန္ ေဒးဗီးစ္)၊ ရိြဳင္း (၀ီလီယံ) တို႔ေရာပဲ ရွိေနေသးတယ္။ ဗဟိုခံစစ္သမားေတြ အတြက္ အဓိက စံသတ္မွတ္ခ်က္ကလည္း အသင္းေဖာ္ေတြခ်င္း ဖိအားေပး ျပိဳင္ဆိုင္ေနဖို႔ လိုတယ္။ ဒါက သိပ္ေသခ်ာတဲ့ လိုအပ္ခ်က္ပါပဲ။ ” လို႔ ေမနာက ေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီမွာ ဗဟိုခံစစ္သမားေတြ ျဖစ္တဲ့ ဗန္ဒိုက္၊ ဂိုမက္ဇ္၊ မာတစ္ စတဲ့ စီနီယာေတြ အကုန္လံုး ဒဏ္ရာေၾကာင့္ လက္လႊတ္ခဲ့ရျပီး တစ္ရာသီလံုး အခက္ေတြ႔ခဲ့ရပါတယ္။ ခုခ်ိန္မွာေတာ့ ၄င္းတို႔ ျပန္လာနုိ္ငတဲ့ အျပင္ ဒီေႏြမွာ ကိုနာေတးကို ေပါင္ ၃၆ သန္း သံုးျပီး လိုက္ပ္ဇစ္ကေန ေခၚယူအားျဖည့္ထားခဲ့တာပါ။