မန်နေဂျာယာဂင်ကလော့ပ်က စတုဂတ်နဲ့ ရင်ဆိုင်ကစားတဲ့ပွဲမှာ ခံစစ်မှူး ကိုနတေးကို ထုတ်သုံးမယ့်အကြောင်း ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းဟာ မနက်ဖြန် အင်္ဂါနေ့၊ မြန်မာစံတော်ချိန် ည ၁၁း၁၅ နာရီမှာ စတုဂတ်အသင်းနဲ့ မိနစ် ၃၀ စာ ချစ်ကြည်ရေးပွဲစဉ် တစ်ခုကို ကွင်းပိတ်ကစားဖို့ စီစဉ်ထားတာဖြစ်တယ်။ ကြံ့ခိုင်မှု ကောင်းနေတဲ့ အသင်းသားတွေ ပါဝင်မယ့် ပထမဆုံး ခြေစမ်းပွဲလည်း ဖြစ်လာပါမယ်။

ကလပ်ရဲ့ ပထမဆုံးသော ရာသီကြိုပွဲနဲ့ ကိုနတေးကို ဘယ်လို ပွဲထုတ်မယ် ဆိုတာနဲ့ ပတ်သက်ပြီး ကလော့ပ်က အသင်းဝဘ်ဆိုဒ်ကနေ အခုလို ဖြေဆိုပေးပါတယ်။

“ အီဘူး (ကိုနတေး) အင်္ဂါနေ့မှာ ကစားရပါမယ်။ သူက ကောင်းကောင်းအနားရခဲ့သလို ပုံမှန် ရာသီကြိုကိုလည်း လုပ်ထားနိုင်ပါတယ်။ ဒီတော့ အင်္ဂါနေ့မှာ သူကစားရပါမယ်။ အီဘူးအတွက်လည်း ပွဲကစားခွင့် မိနစ်တွေရဖို့ အရေးကြီးပါတယ်။ ရာသီကြိုက ဒါတွေကို လုပ်ရတာပါ။

လူတွေအားလုံးကလည်း ကျနေ်ာတို့နဲ့ လိုက်ဇစ်ကြား ကစားပုံ တူညီတယ်လို့ မြင်ကြတယ်။ အဲ့တာက မှန်ပါတယ်။ ဒါပေမယ့် ခြားနားတာတွေလည်း ရှိပါတယ်။ တူညီမှုတွေ ရှိတယ်ဆိုတာက အရေးကြီးပေမယ့် ခြားနားမှုတွေကို လေ့ကျင့်ရေးမှာ မြင်ရတာကလည်း အရေးကြီးလှပါတယ်။

ကျနေ်ာတို့ ပုံမှန်လုပ်နေတာနဲ့ ခြားနားတဲ့ အမူအကျင့်အချို့ အီဘူးမှာ ရှိနေတယ်။ ဒီတော့ ကျနေ်ာတို့ ဆက်လုပ်ရမှာပေါ့။ အခုမှ လေ့ကျင့်ချိန် ၆ ရက်ပဲ ရှိသေးတယ်ဆိုတော့ လွယ်တော့ မလွယ်ပါဘူး။

အားလုံးကတော့ ပုံမှန်အတိုင်း အဆင်ပြေပါတယ်။ အားလုံးက ပုံမှန်ပါပဲ။ ဒါကြောင့်ပဲ သူ့ကို ပွဲထွက်ကစားစေမှာပါ။ ပြီးရင်တော့ သူနဲ့ ပတ်သက်ပြီး ရလာမယ့် အချက်အလက်ကနေ ဘာတွေကို ခပ်မြန်မြန် ပြင်ဆင်နိုင်မလဲ ကြည့်ရမှာပေါ့။ ခံစစ်သမားတွေအတွက်က အခြားကစားသမားတွေလို မခက်ခဲပါဘူး။ ဒါပေမယ့် လုပ်ရမယ့် အလုပ်တွေရှိနေပြီး ဒါကို ကျနေ်ာတို့ လေ့ကျင့်နေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က စတုဂတ္နဲ႔ ရင္ဆိုင္ကစားတဲ့ပြဲမွာ ခံစစ္မွဴး ကိုနေတးကို ထုတ္သံုးမယ့္အေၾကာင္း ထုတ္ေျပာလာပါတယ္။

လီဗာပူးအသင္းဟာ မနက္ျဖန္ အဂၤါေန႔၊ ျမန္မာစံေတာ္ခ်ိန္ ည ၁၁း၁၅ နာရီမွာ စတုဂတ္အသင္းနဲ႔ မိနစ္ ၃၀ စာ ခ်စ္ၾကည္ေရးပြဲစဥ္ တစ္ခုကို ကြင္းပိတ္ကစားဖို႔ စီစဥ္ထားတာျဖစ္တယ္။ ၾကံ႕ခိုင္မႈ ေကာင္းေနတဲ့ အသင္းသားေတြ ပါဝင္မယ့္ ပထမဆံုး ေျခစမ္းပြဲလည္း ျဖစ္လာပါမယ္။

ကလပ္ရဲ႕ ပထမဆံုးေသာ ရာသီၾကိဳပြဲနဲ႔ ကိုနေတးကို ဘယ္လို ပြဲထုတ္မယ္ ဆိုတာနဲ႔ ပတ္သက္ျပီး ကေလာ့ပ္က အသင္းဝဘ္ဆိုဒ္ကေန အခုလို ေျဖဆိုေပးပါတယ္။

“ အီဘူး (ကိုနေတး) အဂၤါေန႔မွာ ကစားရပါမယ္။ သူက ေကာင္းေကာင္းအနားရခဲ့သလို ပံုမွန္ ရာသီၾကိဳကိုလည္း လုပ္ထားႏုိင္ပါတယ္။ ဒီေတာ့ အဂၤါေန႔မွာ သူကစားရပါမယ္။ အီဘူးအတြက္လည္း ပြဲကစားခြင့္ မိနစ္ေတြရဖို႔ အေရးၾကီးပါတယ္။ ရာသီၾကိဳက ဒါေတြကို လုပ္ရတာပါ။

လူေတြအားလံုးကလည္း က်ေန္ာတို႔နဲ႔ လိုက္ဇစ္ၾကား ကစားပံု တူညီတယ္လို႔ ျမင္ၾကတယ္။ အဲ့တာက မွန္ပါတယ္။ ဒါေပမယ့္ ျခားနားတာေတြလည္း ရွိပါတယ္။ တူညီမႈေတြ ရွိတယ္ဆိုတာက အေရးၾကီးေပမယ့္ ျခားနားမႈေတြကို ေလ့က်င့္ေရးမွာ ျမင္ရတာကလည္း အေရးၾကီးလွပါတယ္။

က်ေန္ာတို႔ ပံုမွန္လုပ္ေနတာနဲ႔ ျခားနားတဲ့ အမူအက်င့္အခ်ိဳ႔ အီဘူးမွာ ရွိေနတယ္။ ဒီေတာ့ က်ေန္ာတို႔ ဆက္လုပ္ရမွာေပါ့။ အခုမွ ေလ့က်င့္ခ်ိန္ ၆ ရက္ပဲ ရွိေသးတယ္ဆိုေတာ့ လြယ္ေတာ့ မလြယ္ပါဘူး။

အားလံုးကေတာ့ ပံုမွန္အတိုင္း အဆင္ေျပပါတယ္။ အားလံုးက ပံုမွန္ပါပဲ။ ဒါေၾကာင့္ပဲ သူ႔ကို ပြဲထြက္ကစားေစမွာပါ။ ျပီးရင္ေတာ့ သူနဲ႔ ပတ္သက္ျပီး ရလာမယ့္ အခ်က္အလက္ကေန ဘာေတြကို ခပ္ျမန္ျမန္ ျပင္ဆင္ႏုိင္မလဲ ၾကည့္ရမွာေပါ့။ ခံစစ္သမားေတြအတြက္က အျခားကစားသမားေတြလို မခက္ခဲပါဘူး။ ဒါေပမယ့္ လုပ္ရမယ့္ အလုပ္ေတြရွိေနျပီး ဒါကို က်ေန္ာတို႔ ေလ့က်င့္ေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။