လီဗာပူးကစားသမားဟောင်းကြီး ဒေါင်းနင်းဟာ ကစားသမားဘဝက အနားယူခဲ့ပြီဖြစ်ကာ မန်နေဂျာလောကထဲ ဝင်ရောက်ဖို့ ယူ-၂၃ အဆင့် အသင်းနဲ့အတူ စတင် ကြိုးစားတော့မှာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ-အေ လိုင်စင်ကို ကိုင်ဆောင်ထားတဲ့ ဗြိတိန်သားကြီးဟာ မန်နေဂျာကင်နီလက်ထက် လီဗာပူးကို ပေါင် သန်း ၂၀ ဖြင့် ပြောင်းလာခဲ့သူဖြစ်တယ်။ FSG ရဲ့ ကနဦးကာလတွေအတွင်း အားကစားဒါရိုက်တာဟောင်း ကိုမိုလီရဲ့ အငြင်းပွားဖွယ် ခေါ်ယူမှုတစ်ခုဖြစ်ခဲ့တဲ့ ဒေါင်းနင်းဟာ လီဗာပူးအမာခံ ပရိသတ်မိသားစုက ဆင်းသက်လာခဲ့သူဖြစ်တယ်။

လီဗာပူးနဲ့ အာဆင်နယ် နှစ်သင်းထဲက တစ်သင်းကို ရွေးချယ်ခွင့်ရချိန်မှာ ဒေါင်းနင်းက ဖခင်ဖြစ်သူရဲ့ ဟီးရီုးကြီးဖြစ်သူ ကင်းကင်နီရှိရာ အန်ဖီးကိုပဲ ရွေးချယ်ခဲ့တယ်။ သူဟာ ကစားသမားဘဝ နိဂုံးချုပ်မှုအကြောင်း ပြောပြရာမှာ မနှစ်ကရာသီ ဘလက်ဘန်းမှာ တွဲကစားခွင့်ရခဲ့တဲ့ အီးလီးယော့အကြောင်းလည်း ထည့်ပြောခဲ့ပါတယ်။

ဒေါင်းနင်းက “ ပြီးခဲ့တဲ့ရာသီ ဇွန်လ နောက်ပိုင်း ဘောလုံးရာသီသစ် မစခင် အန်ဖီးမှာ ကွင်းပိတ် ချစ်ကြည်ရေးပွဲ ကစားခဲ့တုန်းက ဟာဗေးကို ပထမဆုံး မြင်ဖူးခဲ့တာ ဖြစ်ပါတယ်။ ကျနော် ကိုယ်မြင်ခဲ့တာကိုတောင် မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်။

ဟာဗေးက အသက် ၁၇ နှစ်ပဲ ရှိသေးပေမယ့် အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်ပါတယ်။ စတာလင် ၁၇ သားတုန်းက အခြေအနေကိုတောင် သတိရမိတယ်။ စတာလင်က အရည်အချင်းတွေ အများကြီးရှိပေမယ့် ဟာဗေးလို ပွဲတွေအပေါ် နားလည်နိုင်စွမ်းနဲ့ ဆုံးဖြတ်နိုင်စွမ်းတောင် မရှိခဲ့ပါဘူး။

မနှစ်ကရာသီမှာ ဟာဗေးက ကျနေ်ာတို့အသင်းအတွက် လာကစားပေးခဲ့ပြီး အတော်လေး ထူးချွန်ခ့တယ်။ နေ့တိုင်းမှာ သူလေ့ကျင့်ပုံကို မြင်ခ့ရတယ်။ သူက အမ်းစထရောင်းနဲ့အတူ ကျနေ်ာတို့ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့တယ်။ ဟာဗေးက သူဘယ်နေရာတွေမှာ ကစားရမယ် ဆိုတာကိုလည်း အမြဲတမ်း သိပါတယ်။

လီဗာပူးအသင်းမှာ ကစားဖို့ဆိုတာကတော့ မေးခွန်းကြီးဖြစ်ပါလိမ့်မယ်။ သူက ဆာလာနဲ့ မာနေးတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဟာဗေးက အရှိန်နဲ့ ပါဝါကို အားပြုကစားသူဖြစ်ပြီး ထောက်ပံ့မှုတွေလည်း လုပ်နိုင်သူဖြစ်တယ်။ အမှတ်ပေးပွဲတွေမှာ အရန်ခုံကနေ ထလာပြီး ကစားပေးနိုင်သလို ဖလားပွဲတွေမှာလည်း ပါဝင်ကစားပေးနိုင်တယ်။

ထိပ်တန်းအဆင့်တွေအတွက် ယုံကြည်ချက်နဲ့ ကိုင်တွယ်နိုင်စွမ်းရှိပြီး သူက လီဗာပူးအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာ ဖြစ်လာမယ်လို့ ကျနော် ထင်ပါတယ် ” လို့ ထောက်ခံပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္းၾကီး ေဒါင္းနင္းဟာ ကစားသမားဘဝက အနားယူခဲ့ျပီျဖစ္ကာ မန္ေနဂ်ာေလာကထဲ ဝင္ေရာက္ဖို႔ ယူ-၂၃ အဆင့္ အသင္းနဲ႔အတူ စတင္ ၾကိဳးစားေတာ့မွာျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအ-ေအ လိုင္စင္ကို ကိုင္ေဆာင္ထားတဲ့ ျဗိတိန္သားၾကီးဟာ မန္ေနဂ်ာကင္နီလက္ထက္ လီဗာပူးကို ေပါင္ သန္း ၂၀ ျဖင့္ ေျပာင္းလာခဲ့သူျဖစ္တယ္။ FSG ရဲ႕ ကနဦးကာလေတြအတြင္း အားကစားဒါရိုက္တာေဟာင္း ကိုမိုလီရဲ႕ အျငင္းပြားဖြယ္ ေခၚယူမႈတစ္ခုျဖစ္ခဲ့တဲ့ ေဒါင္းနင္းဟာ လီဗာပူးအမာခံ ပရိသတ္မိသားစုက ဆင္းသက္လာခဲ့သူျဖစ္တယ္။

လီဗာပူးနဲ႔ အာဆင္နယ္ ႏွစ္သင္းထဲက တစ္သင္းကို ေရြးခ်ယ္ခြင့္ရခ်ိန္မွာ ေဒါင္းနင္းက ဖခင္ျဖစ္သူရဲ႕ ဟီးရီုးၾကီးျဖစ္သူ ကင္းကင္နီရွိရာ အန္ဖီးကိုပဲ ေရြးခ်ယ္ခဲ့တယ္။ သူဟာ ကစားသမားဘဝ နိဂံုးခ်ဳပ္မႈအေၾကာင္း ေျပာျပရာမွာ မႏွစ္ကရာသီ ဘလက္ဘန္းမွာ တြဲကစားခြင့္ရခဲ့တဲ့ အီးလီးေယာ့အေၾကာင္းလည္း ထည့္ေျပာခဲ့ပါတယ္။

ေဒါင္းနင္းက “ ျပီးခဲ့တဲ့ရာသီ ဇြန္လ ေနာက္ပိုင္း ေဘာလံုးရာသီသစ္ မစခင္ အန္ဖီးမွာ ကြင္းပိတ္ ခ်စ္ၾကည္ေရးပြဲ ကစားခဲ့တုန္းက ဟာေဗးကို ပထမဆံုး ျမင္ဖူးခဲ့တာ ျဖစ္ပါတယ္။ က်ေနာ္ ကိုယ္ျမင္ခ့ဲတာကိုေတာင္ မယံုႏုိင္ေအာင္ျဖစ္ခဲ့ရတယ္။

ဟာေဗးက အသက္ ၁၇ ႏွစ္ပဲ ရွိေသးေပမယ့္ အရြယ္နဲ႔ မလိုက္ေအာင္ ရင့္က်က္ပါတယ္။ စတာလင္ ၁၇ သားတုန္းက အေျခအေနကိုေတာင္ သတိရမိတယ္။ စတာလင္က အရည္အခ်င္းေတြ အမ်ားၾကီးရွိေပမယ့္ ဟာေဗးလို ပြဲေတြအေပၚ နားလည္ႏုိင္စြမ္းနဲ႔ ဆံုးျဖတ္ႏုိင္စြမ္းေတာင္ မရွိခဲ့ပါဘူး။

မႏွစ္ကရာသီမွာ ဟာေဗးက က်ေန္ာတို႔အသင္းအတြက္ လာကစားေပးခဲ့ျပီး အေတာ္ေလး ထူးခၽြန္ခ့တယ္။ ေန႔တိုင္းမွာ သူေလ့က်င့္ပံုကို ျမင္ခ့ရတယ္။ သူက အမ္းစထေရာင္းနဲ႔အတူ က်ေန္ာတို႔ရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္ခဲ့တယ္။ ဟာေဗးက သူဘယ္ေနရာေတြမွာ ကစားရမယ္ ဆိုတာကိုလည္း အျမဲတမ္း သိပါတယ္။

လီဗာပူးအသင္းမွာ ကစားဖို႔ဆိုတာကေတာ့ ေမးခြန္းၾကီးျဖစ္ပါလိမ့္မယ္။ သူက ဆာလာနဲ႔ မာေနးတို႔နဲ႔ ယွဥ္ျပိဳင္ရမွာပါ။ ဟာေဗးက အရွိန္နဲ႔ ပါဝါကို အားျပဳကစားသူျဖစ္ျပီး ေထာက္ပံ့မႈေတြလည္း လုပ္ႏုိင္သူျဖစ္တယ္။ အမွတ္ေပးပြဲေတြမွာ အရန္ခံုကေန ထလာျပီး ကစားေပးႏုိင္သလို ဖလားပြဲေတြမွာလည္း ပါဝင္ကစားေပးႏုိင္တယ္။

ထိပ္တန္းအဆင့္ေတြအတြက္ ယံုၾကည္ခ်က္နဲ႔ ကိုင္တြယ္ႏုိင္စြမ္းရွိျပီး သူက လီဗာပူးအတြက္ ေကာင္းမြန္တဲ့ ေရြးခ်ယ္စရာ ျဖစ္လာမယ္လို႔ က်ေနာ္ ထင္ပါတယ္ ” လို႔ ေထာက္ခံေပးခဲ့တာ ျဖစ္ပါတယ္။