ဒီကနေ့ညမှာတော့ လီဗာပူးအသင်းဟာ ရာသီကြို ချစ်ကြည်ရေးပွဲ ၂ ပွဲ ကို ၄၅ မနစ်ခြားပြီး ယှဉ်ပြိုင် ကစားမှာဖြစ်ပါတယ်။

စီနီယာအသင်းသား ၃၂ ဦးထိ ကြံ့ခိုင်နေတာကြောင့် ပွဲကစားလို့ရနိုင်မယ့် ကြံ့ခိုင်မှုရှိနေတဲ့ အသင်းသားတွေနဲ့အတူ မတူညီတဲ့ ပြိုင်ဘက် နှစ်သင်းအား တစ်ပွဲလျှင် မိနစ် ၃၀ နှုန်းဖြင့် ၂ ပွဲ ယှဉ်ပြိုင်မှာဖြစ်တယ်။ ဒါဟာ ကြံ့ခိုင်မှုနဲ့အတူ ပထမအပတ် ရာသီကြို လေ့ကျင့်ရေးမှ နည်းစနစ်ပိုင်း တိုးတက်မှုကို စမ်းသပ်မှု ဖြစ်လာပါမယ်။

နှစ်ပွဲလုံးကို ကွင်းပိတ်ကစားမှာဖြစ်ပြီး သြစတြီးယား ရာသီကြိုနောက်ပိုင်းမှာ ယှဉ်ပြိုင်မယ့် မိန့်၊ ဟာသာဘာလင်ပွဲေွ အန်ဖီးမှာ ယှဉ်ပြိုင်မယ့် ဘီဘာအိုနဲ့ အိုဆာဆူနာပွဲတွေအတွက် ကြံ့ခိုင်မှုကောင်း တည်ဆောက်နိုင်ဖို့ကိုပဲ အဓိက ရည်ရွယ်မှာဖြစ်တယ်။

FC Wacker Innsbruck

မန်နေဂျာ – Daniel Bierofka
လိဂ် – သြစတြီးယား ဒုတိယတန်းလိဂ်
ကွင်း – Tivoli-Neu
မနှစ်ကရာသီ အဆင့်ရပ်တည်မှု – အဆင့် ၄
အချိန် – မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ

၂၀၀၂ ခုနှစ်က စတင်တည်ထောင်တဲ့ ဒီအသင်းဟာ သြစတြီးယားက လီဗာပူးအသင်း အခြေစိုက်ရာ လေ့ကျင့်ရေးစခန်းဖြစ်တဲ့ Saalfelden ကနေ နှစ်နာရီပဲ ကားမောင်းရတဲ့ နေရာမှာ တည်ရှိပါတယ်။

Innsbruck အသင်းရဲ့ မန်နေဂျာက ဘွန်ဒက်လီဂါ တောင်ပံသမားဟောင်းဖြစ်တယ်။ သူတို့ ပါဝင်တဲ့ သြစတြီးယားလိဂ်က တရားဝင် ပြိုင်ပွဲတွေ စတင်နေပြီဖြစ်ကာ လီဗာပူးဘက်က မိနစ် ၃၀ ချစ်ကြည်ရေးပွဲ ကစားလိုတာကြောင့် အခွင့်အရေးကောင်းအဖြစ် လက်ခံခဲ့တာဖြစ်ပါတယ်။

အဓိက ကစားသမားကတော့ တိုက်စစ်မှူး Ronivaldo ဖြစ်ကာ မနှစ်တုန်းက ၃၂ ပွဲမှာ ၁၃ ဂိုး သွင်းယူခဲ့ပါတယ်။ ကွင်းလယ်လူ Marco Holz နဲ့ တောင်ပံသမား Joao Luiz ကလည်း ကစားသမားကောင်းတွေ ဖြစ်ပါတယ်။

Stuttgart

မန်နေဂျာ – Pellegrino Matarazzo
လိဂ် – ဘွန်ဒက်လီဂါ
ကွင်း – Mercedes-Benz Arena
မနှစ်ကရာသီ အဆင့်ရပ်တည်မှု – အဆင့် ၉
အချိန် – မြန်မာစံတော်ချိန် ည ၁၁း၁၅ နာရီ

စတုဂတ်ကတော့ လီဗာပူးပရိသတ်တွေ ကောင်းကောင်းကြားဖူးတဲ့ ဥရောပကလပ်ပဲ ဖြစ်ပါတယ်။ လီဗာပူးဟာ အသင်းသမိုင်းမှာ စတုဂတ်နဲ့ နှစ်ကြိမ် ရင်ဆိုင်ကစားဖူးပေမယ့် တရားဝင်ပွဲတွေမှာ တစ်ကြိမ်မှ ရင်ဆိုင်ဖူးခြင်း မရှိပါဘူး။

စတုဂတ်ဂိုးသမား Florian Muller တောင်ပံသမား Chris Fuhrich နဲ့ ကွင်းလယ်လူ Naouirou Ahamada တို့က အဓိက ကစားသမားတွေဖြစ်တယ်။ ခံစစ်ကစားပုံ ကောင်းမွန်တဲ့အသင်းဖြစ်ပြီး သူတို့ တိုက်စစ်သမား Sasa Kalajdzic ဟာ ချယ်ဆီးအသင်းနဲ့ သတင်းကြီးတွေ ထွက်ထားပါတယ်။

လီဗာပူးက စတုဂတ်ထံ နက်ဖီးလစ်ကို အငှားချပေးခဲ့ဖူးတယ်။ နောက်ပြီး မန်နေဂျာယာဂင်ကလော့ပ်ဟာ စတုဂတ် အမာခံပရိသတ်တစ်ဦး ဖြစ်ပါတယ်။