လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ် ကတော့ အသင်းရဲ့ နောက်မျိုးဆက် ကြယ်ပွင့်လေးတွေ အတွက် စိတ်လှုပ်ရှား ကျေနပ်လို့ နေပါတယ်။ ကလော့ပ်က သြစတြီးယားမှာ လုပ်တဲ့ ရာသီကြို ထရိန်နင်မှာ ပထမ အသင်းကြီးနဲ့ အတူ လေ့ကျင့်ဖို့ အကယ်ဒမီ ကစားသမားတချို့ ခေါ်သွားပြီး လူငယ်တွေရဲ့ အစွမ်းတွေက ၎င်းကို အံံ့အားသင့်စေခဲ့ပါတယ်။

တစ်လတာ စခန်းသွင်းလေ့ကျင့်မှုမှာ ကစားသမား ၃၆ ယောက် ပါဝင်ပြီး နိုင်ငံပွဲတွေ ကစားထားတဲ့ စီနီယာ အသင်းသားတွေ့တော့ သြဂုတ်လမှ ပြန်လာကြမှာ ဖြစ်ပါတယ်။

အကယ်ဒမီမှ ဆယ်ကျော်သက် လူငယ် ကစားသမားလေးတွေ အပေါ် ဘယ်လို မြင်သလဲ အမေးကို ကလော့ပ်က – ” ဟာ သူတို့ ကြည့်ရတာ တကယ်ကို စိတ်လှုပ်ရှားစရာပဲ။ ကျနော် ဝိုး လို့ မပြောလိုက်ရတဲ့ ကစားသမားကို မရှိဘူး။

သူတို့အားလုံး တကယ်ကို တော်ကြတယ်။ အကယ်ဒမီက တကယ်ကို ကောင်းမွန်စွာ လုပ်ဆောင်နေတာကို ထည့်ပြောရပါမယ်။ ကျနော်တို့မှာ ကစားသမားကောင်းတွေ ဒီလို ရှိထားတာ အနာဂတ် အတွက် ရင်ခုန်စရာပါ။ တကယ်ကို အနေအထားကောင်းပဲ။

ပထမပိုင်းရက်တွေမှာ ကျနော်က သူတို့ကို သိပ်ကြီး ထိန်းမနေကြဖို့၊ အားကုန် အစွမ်းပြကြဖို့ ပြောခဲ့တယ်။ ဒါတွေက အချိန်ဖြုန်းတာ သက်သက်ပဲလေ။ အထင်ကြီးအောင် လုပ်ခွင့် ရပြီ ဆိုရင် လုပ်သာ လုပ်ကြ။

အဲဒီနောက် တိုင်လာ (မော်တွန်)၊ ကော်နာ (ဘရက်ဒ်လေ) တို့က သူတို့ ရှိသမျှ အကုန် ကွင်းထဲမှာ အားထုတ်ပြတော့တယ်။ တကယ်ကို မြင်ရတာ သိပ်ကောင်းတာ။ နောက်ပြီ အရမ်းငယ်တဲ့ ကိတ် ဂေါ်ဒွန် လို ကလေးလည်း ရှိတယ်။ သူက ဒီမှာ အငယ်ဆုံးပဲ။

နောက် ၁၈ နှစ်၊ ၁၉ နှစ် အရွယ်လေးတွေလည်း ရှိတယ် သူတို့လည်း ငယ်သေးတယ်။ လိုက်တန် ကလပ်ဆန် ဆို ၂၀ ရှိပြီ။ သူ ငယ်သေးတယ် ပြောမရတော့ဘူး ဂျိတ် ကိန်းရောပဲ။ ရွိုင်း ဝီလီယံကတော့ တိုးတက်မှုတွေ ဖြည်းဖြည်းချင် ပြသနေတယ်။ ” လို့ ကလော့ပ်က သုံးသပ် ချီးကျူးခဲ့ပါတယ်။

Zawgyi – လီဗာပူးအသင္း မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ ကေတာ့ အသင္းရဲ႕ ေနာက္မ်ိဳးဆက္ ၾကယ္ပြင့္ေလးေတြ အတြက္ စိတ္လႈပ္ရွား ေက်နပ္လို႔ ေနပါတယ္။ ကေလာ့ပ္က ၾသစၾတီးယားမွာ လုပ္တဲ့ ရာသီၾကိဳ ထရိန္နင္မွာ ပထမ အသင္းၾကီးနဲ႕ အတူ ေလ့က်င့္ဖို႔ အကယ္ဒမီ ကစားသမားတခ်ိဳ႕ ေခၚသြားျပီး လူငယ္ေတြရဲ႕ အစြမ္းေတြက ၄င္းကို အံံ့အားသင့္ေစခဲ့ပါတယ္။

တစ္လတာ စခန္းသြင္းေလ့က်င့္မႈမွာ ကစားသမား ၃၆ ေယာက္ ပါ၀င္ျပီး နုိင္ငံပြဲေတြ ကစားထားတဲ့ စီနီယာ အသင္းသားေတြ႕ေတာ့ ၾသဂုတ္လမွ ျပန္လာၾကမွာ ျဖစ္ပါတယ္။

အကယ္ဒမီမွ ဆယ္ေက်ာ္သက္ လူငယ္ ကစားသမားေလးေတြ အေပၚ ဘယ္လို ျမင္သလဲ အေမးကို ကေလာ့ပ္က – ” ဟာ သူတို႔ ၾကည့္ရတာ တကယ္ကို စိတ္လႈပ္ရွားစရာပဲ။ က်ေနာ္ ၀ိုး လို႔ မေျပာလိုက္ရတဲ့ ကစားသမားကို မရွိဘူး။

သူတို႔အားလံုး တကယ္ကို ေတာ္ၾကတယ္။ အကယ္ဒမီက တကယ္ကို ေကာင္းမြန္စြာ လုပ္ေဆာင္ေနတာကို ထည့္ေျပာရပါမယ္။ က်ေနာ္တို႔မွာ ကစားသမားေကာင္းေတြ ဒီလို ရွိထားတာ အနာဂတ္ အတြက္ ရင္ခုန္စရာပါ။ တကယ္ကို အေနအထားေကာင္းပဲ။

ပထမပိုင္းရက္ေတြမွာ က်ေနာ္က သူတို႔ကို သိပ္ၾကီး ထိန္းမေနၾကဖို႔၊ အားကုန္ အစြမ္းျပၾကဖို႔ ေျပာခဲ့တယ္။ ဒါေတြက အခ်ိန္ျဖဳန္းတာ သက္သက္ပဲေလ။ အထင္ၾကီးေအာင္ လုပ္ခြင့္ ရျပီ ဆိုရင္ လုပ္သာ လုပ္ၾက။

အဲဒီေနာက္ တိုင္လာ (ေမာ္တြန္)၊ ေကာ္နာ (ဘရက္ဒ္ေလ) တို႔က သူတို႔ ရွိသမွ် အကုန္ ကြင္းထဲမွာ အားထုတ္ျပေတာ့တယ္။ တကယ္ကို ျမင္ရတာ သိပ္ေကာင္းတာ။ ေနာက္ျပီ အရမ္းငယ္တဲ့ ကိတ္ ေဂၚဒြန္ လို ကေလးလည္း ရွိတယ္။ သူက ဒီမွာ အငယ္ဆံုးပဲ။

ေနာက္ ၁၈ နွစ္၊ ၁၉ နွစ္ အရြယ္ေလးေတြလည္း ရွိတယ္ သူတို႔လည္း ငယ္ေသးတယ္။ လိုက္တန္ ကလပ္ဆန္ ဆို ၂၀ ရွိျပီ။ သူ ငယ္ေသးတယ္ ေျပာမရေတာ့ဘူး ဂ်ိတ္ ကိန္းေရာပဲ။ ရြိဳင္း ၀ီလီယံကေတာ့ တိုးတက္မႈေတြ ျဖည္းျဖည္းခ်င္ ျပသေနတယ္။ ” လို႔ ကေလာ့ပ္က သံုးသပ္ ခ်ီးက်ဴးခဲ့ပါတယ္။