လီဗာပူးအသင်းဟာ ဒီနွေမှာ ရောင်းထုတ်ဖို့ စီစဉ်ထားတဲ့ အသင်းသားတွေထဲက တိုက်စစ်သမား အဝန်နီယီနဲ့ ကွင်းလယ်လူ ဂရုဂျစ်တို့ကို ရောင်းထုတ်ရေးကိစ္စ အပြီးသတ် အခြေအနေကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း လီဗာပူးသတင်းထောက် Neil Jones က အတည်ပြုပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူး အဝန်နီယီကို မနှစ်တုန်းက သူအငှားထွက်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါကလပ် ယူနီယံ ဘာလင်အသင်းထံပဲ အပြီးသတ် ပြောင်းမှာဖြစ်တယ်။ ပြောင်းရွှေ့ကြေး ပေါင် ၆.၅ သန်းဖြင့် သဘောတူညီမှု ရခဲ့ခြင်းဖြစ်ကာ လာမယ့် ၂၄ နာရီအတွင်း ဆေးစစ်မှု ခံယူသွားမယ်လို့ သိရတယ်။

ဒါအပြင် သြစတြီးယား ရာသီကြိုကို လိုက်ပါသွားတဲ့ ဂရုဂျစ်ကလည်း ပေါ်တူဂီမြေထံ ရောက်သွားခဲ့ပြီဖြစ်တယ်။ သူဟာ ပေါ်တိုအသင်းထံ အပြီးသတ် ပြောင်းရွှေ့နိုင်ရေး ကိစ္စတွေကို သွားရောက် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဂရုဂျစ်အတွက် လီဗာပူးက ပြောင်းရွှေ့ကြေး ပေါင် ၁၀.၅ သန်း ရရှိပါမယ်။

လီဗာပူးအသင်းက ကစားသမား နှစ်ဦးလုံးအတွက် အနာဂတ် ပြောင်းရွှေ့ကြေးကနေ ၁၀% ရရှိဖို့လည်း ညိနှိုင်းနိုင်ခဲ့တယ်။ မန်နေဂျာကလော့ပ်ဟာ သြစတြီးယား ရာသီကြိုကို အသင်းသား ၃၄ ဦး ခေါ်ယူသွားပေမယ့် ဒီကနေ့ည ယှဉ်ပြိုင်မယ့် မိနစ် ၃၀ စာ ချစ်ကြည်ရေးပွဲ ၂ ပွဲအတွက် ရွေးချယ်စရာ အသင်းသား ၃၂ ဦးပဲ ကျန်တော့ကြောင်းလည်း အတည်ပြုနိုင်ခဲ့ပါတယ်။

နောက်ထပ် သတင်းအနေနဲ့ လီဗာပူးအသင်းရဲ့ အာရှသား တိုက်စစ်မှူး တာကူမီကတော့ ရာသီသစ်မှာ အသင်းပြောင်းဖွယ်မရှိဘဲ ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်သွားရမယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြမွာ ေရာင္းထုတ္ဖို႔ စီစဥ္ထားတဲ့ အသင္းသားေတြထဲက တိုက္စစ္သမား အဝန္နီယီနဲ႔ ကြင္းလယ္လူ ဂရုဂ်စ္တို႔ကို ေရာင္းထုတ္ေရးကိစၥ အျပီးသတ္ အေျခအေနကို ေရာက္ရွိခဲ့ျပီျဖစ္ေၾကာင္း လီဗာပူးသတင္းေထာက္ Neil Jones က အတည္ျပဳပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ တိုက္စစ္မွဴး အဝန္နီယီကို မႏွစ္တုန္းက သူအငွားထြက္ကစားခဲ့တဲ့ ဘြန္ဒက္လီဂါကလပ္ ယူနီယံ ဘာလင္အသင္းထံပဲ အျပီးသတ္ ေျပာင္းမွာျဖစ္တယ္။ ေျပာင္းေရႊ႔ေၾကး ေပါင္ ၆.၅ သန္းျဖင့္ သေဘာတူညီမႈ ရခဲ့ျခင္းျဖစ္ကာ လာမယ့္ ၂၄ နာရီအတြင္း ေဆးစစ္မႈ ခံယူသြားမယ္လို႔ သိရတယ္။

ဒါအျပင္ ၾသစၾတီးယား ရာသီၾကိဳကို လိုက္ပါသြားတဲ့ ဂရုဂ်စ္ကလည္း ေပၚတူဂီေျမထံ ေရာက္သြားခဲ့ျပီျဖစ္တယ္။ သူဟာ ေပၚတိုအသင္းထံ အျပီးသတ္ ေျပာင္းေရႊ႔ႏုိင္ေရး ကိစၥေတြကို သြားေရာက္ လုပ္ေဆာင္ေနျပီျဖစ္ပါတယ္။ ဂရုဂ်စ္အတြက္ လီဗာပူးက ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၀.၅ သန္း ရရွိပါမယ္။

လီဗာပူးအသင္းက ကစားသမား ႏွစ္ဦးလံုးအတြက္ အနာဂတ္ ေျပာင္းေရႊ႔ေၾကးကေန ၁၀% ရရွိဖို႔လည္း ညိႏိႈင္းႏုိင္ခဲ့တယ္။ မန္ေနဂ်ာကေလာ့ပ္ဟာ ၾသစၾတီးယား ရာသီၾကိဳကို အသင္းသား ၃၄ ဦး ေခၚယူသြားေပမယ့္ ဒီကေန႔ည ယွဥ္ျပိဳင္မယ့္ မိနစ္ ၃၀ စာ ခ်စ္ၾကည္ေရးပြဲ ၂ ပြဲအတြက္ ေရြးခ်ယ္စရာ အသင္းသား ၃၂ ဦးပဲ က်န္ေတာ့ေၾကာင္းလည္း အတည္ျပဳႏုိင္ခဲ့ပါတယ္။

ေနာက္ထပ္ သတင္းအေနနဲ႔ လီဗာပူးအသင္းရဲ႕ အာရွသား တိုက္စစ္မွဴး တာကူမီကေတာ့ ရာသီသစ္မွာ အသင္းေျပာင္းဖြယ္မရွိဘဲ ပြဲထြက္ခြင့္တစ္ေနရာအတြက္ တိုက္ပြဲဝင္သြားရမယ္လို႔ သိရပါတယ္။