လီဗာပူးအသင်းဟာ ဒီနွေအပြောင်းအရွှေ့မှာ ကစားသမား (၄) ဦးထိ ရောင်းထုတ်ခဲ့ပြီဖြစ်ကာ နောက်ထပ် ရှင်းထုတ်မှုတွေအတွက် စကားပြောနေပြီဖြစ်ပါတယ်။

ဒီကနေ့မှာပဲ တိုက်စစ်မှူး အဝန်နီယီ၊ ကွင်းလယ်လူ ဂရုဂျစ်တို့ကို ရောင်းထုတ်ရေးအတွက် သဘောတူညီမှု ရယူနိုင်ခဲ့တယ်။ လီဗာပူးဟာ ဂါရာဘာရာအတွက် ပေါင် ၃ သန်း၊ မီလာအတွက် ပေါင် ၁ သန်း၊ ဂရုဂျစ်အတွက် ပေါင် ၁၀.၅ သန်း၊ အဝန်နီယီအတွက် ပေါင် ၆.၅ သန်းဖြင့် ရောင်းချရေး အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။

ကလပ်ကနေ နောက်ထပ် ထွက်ခွာဖို့ နီးစပ်နေသူက ဝေလ်းတိုက်စစ်သမား ဝဲလ်ဆန်ဖြစ်ပြီး ဖူလ်ဟမ်အသင်းနဲ့ ဆွေးနွေးမှု စတင်နေပြီဖြစ်တယ်။ ဝဲလ်ဆန်အတွက် အခြားသော ကမ်းလှမ်းမှုတွေလည်း ရှိထားပြီး ပေါင် ၁၀-၁၅ သန်း ရှိမယ့် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာပါမယ်။ ဒါ့အပြင် ရှာကွီရီအတွက်လည်း လာဇီယိုဖြင့် ဆွေးနွေးနေပြီဖြစ်တယ်။

လီဗာပူးအသင်းက နီကိုး၊ နက်ဖီးလစ်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ပေးမယ်လို့ လမ်းဖွင့်ပေးထားတယ်။ အိုရီဂီအတွက်တော့ ကမ်းလှမ်းမှုတွေ မရှိတာနဲ့အတူ အနာဂတ် မသေချာသေးပါဘူး။ တိုက်စစ်သမား မီနာမီနိုကိုတော့ ဒီရာသီ ဆက်ထိန်းသွားဖို့ ရှိနေတယ်။

ဆက်ပြီးလည်း အသက် ၃၁ နှစ်အရွယ် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို အနာဂတ်အတွက် ကိုယ်တိုင် ဆုံးဖြတ်ဖို့ လမ်းဖွင့်ပေးထားပြီဖြစ်တယ်။ သူ့ကို ခေါ်ယူဖို့ အက်သလက်တီကိုနဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေပေမယ့် ကစားသမားရဲ့ ဆုံးဖြတ်မှုအပေါ် မူတည်ပြီးပဲ လီဗာပူးဘက်က စီမံပေးသွားဖို့ ရှိနေပါတယ်။

ဟန်ဒါဆန်ကို လီဗာပူးအသင်းဘက်က ဆက်ပြီး သက်တမ်းတိုးဖို့တော့ အခွင့်အရေး နည်းပါးနေခဲ့ပြီဖြစ်တယ်။ လီဗာပူးအသင်းက အသက် ၃၀ အထက် ကစားသမားတွေ များပြားလာမှုကို လျော့ချရေးအား ဦးတည်လာခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် အသင်းနဲ့ တစ်နှစ်ပဲ သက်တမ်းကျန်တော့တဲ့ ကားရီးယက်စ်၊ အိုဂျို၊ ဝုဒ်ဘမ်း တို့ရဲ့ အနာဂတ်ကိုလည်း ဒီနွေမှာတင် စီမံသွားမှာ ဖြစ်ပေမယ့် အထက်က ကစားသမားတွေအတွက် ညိနှိုင်းနေမှုတွေကိုပဲ ဦးစားပေးအဖြစ် ရွေးချယ်ထားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြအေျပာင္းအေရႊ႔မွာ ကစားသမား (၄) ဦးထိ ေရာင္းထုတ္ခဲ့ျပီျဖစ္ကာ ေနာက္ထပ္ ရွင္းထုတ္မႈေတြအတြက္ စကားေျပာေနျပီျဖစ္ပါတယ္။

ဒီကေန႔မွာပဲ တိုက္စစ္မွဴး အဝန္နီယီ၊ ကြင္းလယ္လူ ဂရုဂ်စ္တို႔ကို ေရာင္းထုတ္ေရးအတြက္ သေဘာတူညီမႈ ရယူႏုိင္ခဲ့တယ္။ လီဗာပူးဟာ ဂါရာဘာရာအတြက္ ေပါင္ ၃ သန္း၊ မီလာအတြက္ ေပါင္ ၁ သန္း၊ ဂရုဂ်စ္အတြက္ ေပါင္ ၁၀.၅ သန္း၊ အဝန္နီယီအတြက္ ေပါင္ ၆.၅ သန္းျဖင့္ ေရာင္းခ်ေရး ေအာင္ျမင္ခဲ့ျပီျဖစ္ပါတယ္။

ကလပ္ကေန ေနာက္ထပ္ ထြက္ခြာဖို႔ နီးစပ္ေနသူက ေဝလ္းတိုက္စစ္သမား ဝဲလ္ဆန္ျဖစ္ျပီး ဖူလ္ဟမ္အသင္းနဲ႔ ေဆြးေႏြးမႈ စတင္ေနျပီျဖစ္တယ္။ ဝဲလ္ဆန္အတြက္ အျခားေသာ ကမ္းလွမ္းမႈေတြလည္း ရွိထားျပီး ေပါင္ ၁၀-၁၅ သန္း ရွိမယ့္ ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာပါမယ္။ ဒါ့အျပင္ ရွာကီြရီအတြက္လည္း လာဇီယိုျဖင့္ ေဆြးေႏြးေနျပီျဖစ္တယ္။

လီဗာပူးအသင္းက နီကိုး၊ နက္ဖီးလစ္အတြက္ ကမ္းလွမ္းမႈေတြကို နားေထာင္ေပးမယ္လို႔ လမ္းဖြင့္ေပးထားတယ္။ အိုရီဂီအတြက္ေတာ့ ကမ္းလွမ္းမႈေတြ မရွိတာနဲ႔အတူ အနာဂတ္ မေသခ်ာေသးပါဘူး။ တိုက္စစ္သမား မီနာမီႏိုကိုေတာ့ ဒီရာသီ ဆက္ထိန္းသြားဖို႔ ရွိေနတယ္။

ဆက္ျပီးလည္း အသက္ ၃၁ ႏွစ္အရြယ္ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို အနာဂတ္အတြက္ ကိုယ္တိုင္ ဆံုးျဖတ္ဖို႔ လမ္းဖြင့္ေပးထားျပီျဖစ္တယ္။ သူ႔ကို ေခၚယူဖို႔ အက္သလက္တီကိုနဲ႔ ပီအက္စ္ဂ်ီတို႔က စိတ္ဝင္စားေနေပမယ့္ ကစားသမားရဲ႕ ဆံုးျဖတ္မႈအေပၚ မူတည္ျပီးပဲ လီဗာပူးဘက္က စီမံေပးသြားဖို႔ ရွိေနပါတယ္။

ဟန္ဒါဆန္ကို လီဗာပူးအသင္းဘက္က ဆက္ျပီး သက္တမ္းတိုးဖို႔ေတာ့ အခြင့္အေရး နည္းပါးေနခဲ့ျပီျဖစ္တယ္။ လီဗာပူးအသင္းက အသက္ ၃၀ အထက္ ကစားသမားေတြ မ်ားျပားလာမႈကို ေလ်ာ့ခ်ေရးအား ဦးတည္လာခဲ့ျပီျဖစ္ပါတယ္။

ဒါ့အျပင္ အသင္းနဲ႔ တစ္ႏွစ္ပဲ သက္တမ္းက်န္ေတာ့တဲ့ ကားရီးယက္စ္၊ အိုဂ်ိဳ၊ ဝုဒ္ဘမ္း တို႔ရဲ႕ အနာဂတ္ကိုလည္း ဒီေႏြမွာတင္ စီမံသြားမွာ ျဖစ္ေပမယ့္ အထက္က ကစားသမားေတြအတြက္ ညိႏိႈင္းေနမႈေတြကိုပဲ ဦးစားေပးအျဖစ္ ေရြးခ်ယ္ထားပါတယ္။