ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းဟာ ခံစစ်မှူး ဘမ်ဝိုက်နေရာမှာ အစားထိုးဖို့အတွက် လီဗာပူးခံစစ်မှူး နက်ဖီးလစ်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာကာ မကြာခင်မှာပဲ တရားဝင် ညိနှိုင်းမှု ပြုလုပ်သွားမယ်လို့ The Athletic က ဖော်ပြပါတယ်။
ဘမ်ဝိုက်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ရရှိမယ့် ဘရိုက်တန်ဟာ မန်နေဂျာ ဂရေဟမ်ပေါ်တာရဲ့ ခံစစ်သုံးယောက်တန်းမှာ ကြံ့ခိုင်မှုကောင်းကောင်း ကစားနိုင်မယ့် ဗဟိုခံစစ်မှူးမျိုးကို ရှာဖွေနေတယ်။ ပရီးမီးယားလိဂ်မှာ ကျင်လည်နိုင်ကြောင်း သက်သေပြထားတဲ့ နက်ဖီးလစ်ဟာ ဘမ်ဝိုက်နေရာ တိုက်ရိုက် အစားထိုးနိုင်မယ့်သူလို့ ဘရိုက်တန်ဘက်က မြင်ပါတယ်။
ဘရိုက်တန်ဟာ နက်ဖီးလစ်ကို ခေါ်ယူနိုင်ဖို့ ဘန်လေ အပါအဝင် အခြားသော ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ပြိုင်ဆိုင် ကမ်းလှမ်းရမှာဖြစ်တယ်။ မနှစ်ကရာသီမှာ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ ဒဏ်ရာကြောင့် မကစားနိုင်ခြင်းကြောင့် ဒုတိယရာသီဝက်လောက်ကစပြီး တောက်ပလာခဲ့တဲ့ နက်ဖီးလစ်ဟာ အမြင့်ဘောကောင်းမွန်ပြီး စိတ်ဓါတ်မာကျောတဲ့ ခံစစ်မှူးလည်း ဖြစ်ပါတယ်။
လီဗာပူးအသင်းက အသက် ၂၂ နှစ်အရွယ် ပြင်သစ်သား ခံစစ်မှူး အီဘူးကို ခေါ်ယူနိုင်ခဲ့တဲ့နောက် အသက် ၂၄ နှစ်အရွယ် အင်္ဂလန်သား ခံစစ်မှူး နက်ဖီးလစ်အတွက် ကမ်းလှမ်းမှုတွေကို လက်ခံပေးမယ်လို့ လမ်းဖွင့်ပေးလာတယ်။ နက်ဖီးလစ်အတွက် လီဗာပူးဘက်က ပေါင် ၁၅ သန်း ဝန်းကျင် ဈေးသတ်မှတ်ထားပါတယ်။
နက်ဖီးလစ်ဟာ သြစတြီးယားက လီဗာပူးရဲ့ ရာသီကြို ခရီးစဉ်ကို လိုက်ပါသွားပေမယ့် သူနဲ့ ညာအစွန်လူ နီကိုးတို့အတွက် မှန်ကန်တဲ့ ကမ်းလှမ်းမှုရရင် ထွက်ခွင့်ပေးဖို့ မာဆေးဆိုဒ်ကလပ်ဘက်က လမ်းဖွင့်ပေးထားခဲ့တာဖြစ်တယ်။ ဘရိုက်တန်ဟာ လီဗာပူးအသင်းနဲ့ ဆက်ဆံရေးကောင်း ရှိထားမှုကို အသုံးချပြီး နက်ဖီးလစ်အတွက် ကြိုးစားမှုကို မကြာခင်မှာ စတင်လာပါမယ်။
ZAWGYI
ပရီးမီးယားလိဂ္ကလပ္ ဘရိုက္တန္အသင္းဟာ ခံစစ္မွဴး ဘမ္ဝိုက္ေနရာမွာ အစားထိုးဖို႔အတြက္ လီဗာပူးခံစစ္မွဴး နက္ဖီးလစ္အေပၚ စိတ္ဝင္စားမႈ ျမင့္တက္လာကာ မၾကာခင္မွာပဲ တရားဝင္ ညိႏိႈင္းမႈ ျပဳလုပ္သြားမယ္လို႔ The Athletic က ေဖာ္ျပပါတယ္။
ဘမ္ဝိုက္အတြက္ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၅၀ ရရွိမယ့္ ဘရိုက္တန္ဟာ မန္ေနဂ်ာ ဂေရဟမ္ေပၚတာရဲ႕ ခံစစ္သံုးေယာက္တန္းမွာ ၾကံ႕ခိုင္မႈေကာင္းေကာင္း ကစားႏုိင္မယ့္ ဗဟိုခံစစ္မွဴးမ်ိဳးကို ရွာေဖြေနတယ္။ ပရီးမီးယားလိဂ္မွာ က်င္လည္ႏုိင္ေၾကာင္း သက္ေသျပထားတဲ့ နက္ဖီးလစ္ဟာ ဘမ္ဝိုက္ေနရာ တိုက္ရိုက္ အစားထိုးႏုိင္မယ့္သူလို႔ ဘရိုက္တန္ဘက္က ျမင္ပါတယ္။
ဘရိုက္တန္ဟာ နက္ဖီးလစ္ကို ေခၚယူႏုိင္ဖို႔ ဘန္ေလ အပါအဝင္ အျခားေသာ ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ ျပိဳင္ဆိုင္ ကမ္းလွမ္းရမွာျဖစ္တယ္။ မႏွစ္ကရာသီမွာ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔ ဒဏ္ရာေၾကာင့္ မကစားႏုိင္ျခင္းေၾကာင့္ ဒုတိယရာသီဝက္ေလာက္ကစျပီး ေတာက္ပလာခဲ့တဲ့ နက္ဖီးလစ္ဟာ အျမင့္ေဘာေကာင္းမြန္ျပီး စိတ္ဓါတ္မာေက်ာတဲ့ ခံစစ္မွဴးလည္း ျဖစ္ပါတယ္။
လီဗာပူးအသင္းက အသက္ ၂၂ ႏွစ္အရြယ္ ျပင္သစ္သား ခံစစ္မွဴး အီဘူးကို ေခၚယူႏုိင္ခဲ့တဲ့ေနာက္ အသက္ ၂၄ ႏွစ္အရြယ္ အဂၤလန္သား ခံစစ္မွဴး နက္ဖီးလစ္အတြက္ ကမ္းလွမ္းမႈေတြကို လက္ခံေပးမယ္လို႔ လမ္းဖြင့္ေပးလာတယ္။ နက္ဖီးလစ္အတြက္ လီဗာပူးဘက္က ေပါင္ ၁၅ သန္း ဝန္းက်င္ ေစ်းသတ္မွတ္ထားပါတယ္။
နက္ဖီးလစ္ဟာ ၾသစၾတီးယားက လီဗာပူးရဲ႕ ရာသီၾကိဳ ခရီးစဥ္ကို လိုက္ပါသြားေပမယ့္ သူနဲ႔ ညာအစြန္လူ နီကိုးတို႔အတြက္ မွန္ကန္တဲ့ ကမ္းလွမ္းမႈရရင္ ထြက္ခြင့္ေပးဖို႔ မာေဆးဆိုဒ္ကလပ္ဘက္က လမ္းဖြင့္ေပးထားခဲ့တာျဖစ္တယ္။ ဘရိုက္တန္ဟာ လီဗာပူးအသင္းနဲ႔ ဆက္ဆံေရးေကာင္း ရွိထားမႈကို အသံုးခ်ျပီး နက္ဖီးလစ္အတြက္ ၾကိဳးစားမႈကို မၾကာခင္မွာ စတင္လာပါမယ္။