မနေ့ညက လီဗာပူးအသင်းဟာ မိနစ် ၃၀ စာ ချစ်ကြည်ရေးပွဲ ၂ ပွဲကို နှစ်သင်းခွဲပြီး ယှဉ်ပြိုင်ခဲ့ပေမယ့် ခံစစ်မှူးတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ကို မထည့်ခဲ့ပါဘူး။

မနှစ်ကရာသီမှာ ကာလရှည် ဒဏ်ရာတွေ ရထားခဲ့တဲ့ သူတို့ နှစ်ဦးဟာ ရာသီကြိုမှာ အကောင်းဆုံး ပါဝင်ထားပေမယ့် ဒီရာသီစမှာတင် လီဗာပူးအတွက် ပွဲထွက်ပေးနိုင်မလား မသေချာသေးတာဖြစ်တယ်။ ပထမဆုံး ချစ်ကြည်ရေးနှစ်ပွဲမှာ မပါနိုင်တာကတော့ ဆေးအဖွဲ့ထံက ခွင့်ပြုချက် မရသေးတာကြောင့်လို့ သိရတယ်။

ကိုဗစ်ကာလကတည်းက လီဗာပူးကစားသမားတွေဟာ ပြင်းထန်တဲ့ ပွဲဆက်တွေကြောင့် မကြာခဏ ဒဏ်ရာတွေဖြစ်လာခဲ့တယ်။ ဒါကြောင့် ကစားသမား ရွေးချယ်မှုတွေ လုပ်ရတဲ့ ယာဂင်ဟာ ကြံ့ခိုင်မှုတွေအတွက် ဆေးအဖွဲ့ကို လုပ်ပိုင်ခွင့်အပြည့် ပေးထားခဲ့ပြီး ဆေးအဖွဲ့ဌာနက မီးစိမ်းပြတဲ့ ကစားသမားတွေကိုပဲ ပွဲတွေမှာ ပါဝင်ကစားစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ခံစစ်မှူးတွေ ဘယ်အချိန် ကစားနိုင်မလဲ အပေါ် ကလော့ပ်ကပဲ “ ကျနော်လည်း အံ့သြသင့်ရပါတယ်။ လေ့ကျင့်ရေးမှာ သူတို့ သိပ်ကောင်းထားသလို မနေ့ကဆိုရင် ရှုပ်ထွေးလှတဲ့ လေ့ကျင့်ရေးတွေကိုတောင် ပထမဆုံးအကြိမ်အဖြစ် သူတို့ ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ တိုက်စစ် (သို့) ခံစစ်ကိုပဲ လေ့ကျင့်ကြတာပါ။ သူတို့တွေ ပြန်ကစားနိုင်ဖို့ ကျနေ်ာတို့တွေ တစ်လှမ်းခြင်း ကြိုးစားရမှာဖြစ်တယ်။ ဒါပေမယ့် သောကြာနေ့ ချစ်ကြည်ရေးပွဲမှာတော့ သူတို့ ကစားနိုင်ဦးမယ်လို့ ကျနော် မထင်ပါဘူး ” လို့ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

သောကြာနေ့မှာတော့ လီဗာပူးအသင်းဟာ မိန့်အသင်းနဲ့ မိနစ် ၉၀ ခြေစမ်းပွဲ ကစားမှာဖြစ်တယ်။ အဆိုပါပွဲတွေအပြီးမှာ နောက်ထပ် ချစ်ကြည်ရေးပွဲ (၄) ပွဲ ကျန်ရှိမှာဖြစ်ကာ သြဂုတ်လ ၁၄ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် နော့ဝစ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်ဖို့ဆိုရင် လက်ကျန် ၄ ပွဲမှာတော့ ပါဝင်ကစားပေးနိုင်ဖို့ လိုအပ်ပါမယ်။

ZAWGYI

မေန႔ညက လီဗာပူးအသင္းဟာ မိနစ္ ၃၀ စာ ခ်စ္ၾကည္ေရးပြဲ ၂ ပြဲကို ႏွစ္သင္းခြဲျပီး ယွဥ္ျပိဳင္ခဲ့ေပမယ့္ ခံစစ္မွဴးေတြျဖစ္တဲ့ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔ကို မထည့္ခဲ့ပါဘူး။

မႏွစ္ကရာသီမွာ ကာလရွည္ ဒဏ္ရာေတြ ရထားခဲ့တဲ့ သူတို႔ ႏွစ္ဦးဟာ ရာသီၾကိဳမွာ အေကာင္းဆံုး ပါဝင္ထားေပမယ့္ ဒီရာသီစမွာတင္ လီဗာပူးအတြက္ ပြဲထြက္ေပးႏုိင္မလား မေသခ်ာေသးတာျဖစ္တယ္။ ပထမဆံုး ခ်စ္ၾကည္ေရးႏွစ္ပြဲမွာ မပါႏုိင္တာကေတာ့ ေဆးအဖြဲ႔ထံက ခြင့္ျပဳခ်က္ မရေသးတာေၾကာင့္လို႔ သိရတယ္။

ကိုဗစ္ကာလကတည္းက လီဗာပူးကစားသမားေတြဟာ ျပင္းထန္တဲ့ ပြဲဆက္ေတြေၾကာင့္ မၾကာခဏ ဒဏ္ရာေတြျဖစ္လာခဲ့တယ္။ ဒါေၾကာင့္ ကစားသမား ေရြးခ်ယ္မႈေတြ လုပ္ရတဲ့ ယာဂင္ဟာ ၾကံ႕ခိုင္မႈေတြအတြက္ ေဆးအဖြဲ႔ကို လုပ္ပိုင္ခြင့္အျပည့္ ေပးထားခဲ့ျပီး ေဆးအဖြဲ႔ဌာနက မီးစိမ္းျပတဲ့ ကစားသမားေတြကိုပဲ ပြဲေတြမွာ ပါဝင္ကစားေစဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

ခံစစ္မွဴးေတြ ဘယ္အခ်ိန္ ကစားႏုိင္မလဲ အေပၚ ကေလာ့ပ္ကပဲ “ က်ေနာ္လည္း အံ့ၾသသင့္ရပါတယ္။ ေလ့က်င့္ေရးမွာ သူတို႔ သိပ္ေကာင္းထားသလို မေန႔ကဆိုရင္ ရႈပ္ေထြးလွတဲ့ ေလ့က်င့္ေရးေတြကိုေတာင္ ပထမဆံုးအၾကိမ္အျဖစ္ သူတို႔ ပါဝင္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ပံုမွန္အားျဖင့္ေတာ့ တိုက္စစ္ (သို႔) ခံစစ္ကိုပဲ ေလ့က်င့္ၾကတာပါ။ သူတို႔ေတြ ျပန္ကစားႏုိင္ဖို႔ က်ေန္ာတို႔ေတြ တစ္လွမ္းျခင္း ၾကိဳးစားရမွာျဖစ္တယ္။ ဒါေပမယ့္ ေသာၾကာေန႔ ခ်စ္ၾကည္ေရးပြဲမွာေတာ့ သူတို႔ ကစားႏုိင္ဦးမယ္လို႔ က်ေနာ္ မထင္ပါဘူး ” လို႔ ရွင္းျပခဲ့တာ ျဖစ္ပါတယ္။

ေသာၾကာေန႔မွာေတာ့ လီဗာပူးအသင္းဟာ မိန္႔အသင္းနဲ႔ မိနစ္ ၉၀ ေျခစမ္းပြဲ ကစားမွာျဖစ္တယ္။ အဆိုပါပြဲေတြအျပီးမွာ ေနာက္ထပ္ ခ်စ္ၾကည္ေရးပြဲ (၄) ပြဲ က်န္ရွိမွာျဖစ္ကာ ၾသဂုတ္လ ၁၄ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ေနာ့ဝစ္နဲ႔ ပရီးမီးယားလိဂ္ပြဲမွာ ပါဝင္ဖို႔ဆိုရင္ လက္က်န္ ၄ ပြဲမွာေတာ့ ပါဝင္ကစားေပးႏုိင္ဖို႔ လိုအပ္ပါမယ္။