ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်အသင်းဟာ ဒီနွေမှာတင် လီဗာပူးတောင်ပံသမား ဟယ်ရီဝဲလ်ဆန်ကို ခေါ်ယူသွားဖို့ ရေပန်းစားလာခဲ့ပါတယ်။

လီဗာပူးမှာ ၁၆ နှစ်ကြာ ရှိခဲ့ပေမယ့် စီနီယာကစားခွင့်မရ ဖြစ်နေတဲ့ ဝဲလ်ဆန်ဟာ ကုန်ခဲ့တဲ့ ၃ ရာသီအတွင်းမှာ ဒါဘီ၊ ဘုန်းမောက်၊ ကာဒစ် အသင်းတွေထံ အငှားထွက်ကစားနေခဲ့တယ်။ အသက် ၂၄ နှစ်အရွယ် ရှိလာပြီဖြစ်တဲ့ တိုက်စစ်သမားကို ဒီနွေမှာတင် အပြီးသတ် ရောင်းထုတ်ဖို့ကို လီဗာပူးဘက်က ဆုံးဖြတ်ထားပါတယ်။

ပရီးမီးယားလိဂ်ကို ပြန်လည် တန်းတက်လာဖို့ ပြင်ဆင်နေတဲ့ ဖူလ်ဟမ်ဟာ ပရီးမီးယားလိဂ်ကော၊ ချန်ပီယံရှစ်မှာပါ အတွေ့အကြုံရှိတဲ့ ဝဲလ်ဆန်ကို ခေါ်ယူလိုနေတယ်။ လောလောဆယ်မှာတော့ ဝဲလ်ဆန်က ယူရိုပွဲအပြီး နားရက်ပြည့်ခဲ့ပြီဖြစ်လို့ သြစတြီးယားက လီဗာပူးအသင်းရဲ့ ရာသီကြို ခရီးစဉ်ကို လိုက်ပါ ပူးပေါင်းထားပါတယ်။

ဖူလ်ဟမ်က ဝဲလ်ဆန်ကို နှစ်သက်ပေမယ့် အခုချိန်ထိတော့ တရားဝင် ကမ်းလှမ်းမှု မလုပ်ရသေးတာဖြစ်တယ်။ ဝဲလ်ဆန်ဟာ လီဗာပူးနဲ့ စာချုပ်အားဖြင့် ၂ နှစ် ကျန်ရှိနေပါတယ်။

မနှစ်ကရာသီတုန်းက ဘန်လေဟာ ဝဲလ်ဆန်အတွက် ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းဖူးပြီး လီဗာပူးဘက်က ငြင်းဆန်ခဲ့တယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ ဘရန့်ဖိုဒ့်အပြင် ဆွမ်ဆီး၊ ဝက်စ်ဘရွန်းနဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာကလည်း ဝဲလ်ဆန်ကို အငှားဖြင့် ခေါ်ယူလိုပါတယ်။

လီဗာပူးဘက်ကတော့ ကစားသမားသစ် ခေါ်ယူရေးတွေအတွက် ငွေကြေး ပြန်လည် ရှာဖွေမှာဖြစ်လို့ ဝဲလ်ဆန်ကို အပြီးသတ်ပဲ ရောင်းထုတ်သွားလိုတယ်။ ဒီနွေမှာ ကစားသမား ၄ ဦး ရောင်းထုတ်ထားတဲ့ လီဗာပူးဟာ ဈေးကွက်ကနေ ပေါင် သန်း ၂၀ ကျော် ရှာဖွေထားပြီး ဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံရွစ္ကလပ္ ဖူလ္ဟမ္အသင္းဟာ ဒီေႏြမွာတင္ လီဗာပူးေတာင္ပံသမား ဟယ္ရီဝဲလ္ဆန္ကို ေခၚယူသြားဖို႔ ေရပန္းစားလာခဲ့ပါတယ္။

လီဗာပူးမွာ ၁၆ ႏွစ္ၾကာ ရွိခဲ့ေပမယ့္ စီနီယာကစားခြင့္မရ ျဖစ္ေနတဲ့ ဝဲလ္ဆန္ဟာ ကုန္ခ့ဲတဲ့ ၃ ရာသီအတြင္းမွာ ဒါဘီ၊ ဘုန္းေမာက္၊ ကာဒစ္ အသင္းေတြထံ အငွားထြက္ကစားေနခဲ့တယ္။ အသက္ ၂၄ ႏွစ္အရြယ္ ရွိလာျပီျဖစ္တဲ့ တိုက္စစ္သမားကို ဒီေႏြမွာတင္ အျပီးသတ္ ေရာင္းထုတ္ဖို႔ကို လီဗာပူးဘက္က ဆံုးျဖတ္ထားပါတယ္။

ပရီးမီးယားလိဂ္ကို ျပန္လည္ တန္းတက္လာဖို႔ ျပင္ဆင္ေနတဲ့ ဖူလ္ဟမ္ဟာ ပရီးမီးယားလိဂ္ေကာ၊ ခ်န္ပီယံရွစ္မွာပါ အေတြ႔အၾကံဳရွိတဲ့ ဝဲလ္ဆန္ကို ေခၚယူလိုေနတယ္။ ေလာေလာဆယ္မွာေတာ့ ဝဲလ္ဆန္က ယူရိုပြဲအျပီး နားရက္ျပည့္ခဲ့ျပီျဖစ္လို႔ ၾသစၾတီးယားက လီဗာပူးအသင္းရဲ႕ ရာသီၾကိဳ ခရီးစဥ္ကို လိုက္ပါ ပူးေပါင္းထားပါတယ္။

ဖူလ္ဟမ္က ဝဲလ္ဆန္ကို ႏွစ္သက္ေပမယ့္ အခုခ်ိန္ထိေတာ့ တရားဝင္ ကမ္းလွမ္းမႈ မလုပ္ရေသးတာျဖစ္တယ္။ ဝဲလ္ဆန္ဟာ လီဗာပူးနဲ႔ စာခ်ဳပ္အားျဖင့္ ၂ ႏွစ္ က်န္ရွိေနပါတယ္။

မႏွစ္ကရာသီတုန္းက ဘန္ေလဟာ ဝဲလ္ဆန္အတြက္ ေပါင္ ၁၂ သန္းျဖင့္ ကမ္းလွမ္းဖူးျပီး လီဗာပူးဘက္က ျငင္းဆန္ခဲ့တယ္။ ဒီရာသီမွာ ပရီးမီးယားလိဂ္ကို တန္းတက္လာတဲ့ ဘရန္႔ဖိုဒ့္အျပင္ ဆြမ္ဆီး၊ ဝက္စ္ဘရြန္းနဲ႔ ေပၚတူဂီကလပ္ ဘင္ဖီကာကလည္း ဝဲလ္ဆန္ကို အငွားျဖင့္ ေခၚယူလိုပါတယ္။

လီဗာပူးဘက္ကေတာ့ ကစားသမားသစ္ ေခၚယူေရးေတြအတြက္ ေငြေၾကး ျပန္လည္ ရွာေဖြမွာျဖစ္လို႔ ဝဲလ္ဆန္ကို အျပီးသတ္ပဲ ေရာင္းထုတ္သြားလိုတယ္။ ဒီေႏြမွာ ကစားသမား ၄ ဦး ေရာင္းထုတ္ထားတဲ့ လီဗာပူးဟာ ေစ်းကြက္ကေန ေပါင္ သန္း ၂၀ ေက်ာ္ ရွာေဖြထားျပီး ျဖစ္ပါတယ္။