လီဗာပူးရဲ့ အဓိက ကစားသမားတွေ ပါဝင်တဲ့ စတုဂတ်နဲ့ မိနစ် ၃၀ ခြေစမ်းပွဲက ၁-၁ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ခံစစ်မှူးသစ် ကိုနတေးက လူငယ်ခံစစ်မှူး ရိုင်းနဲ့ တွဲဘက် ကစားခွင့်ရခဲ့တယ်။ ကိုနတေးက ပွဲအစ ၆ မိနစ်မှာတင် ဖီးလစ် ဖော်စတာရဲ့ အဖွင့်သွင်းဂိုးကို ခွင့်ပြုရတာအတွက် စိတ်ပျက်ခဲ့ပေမယ့် လီဗာပူးဂျာစီ ဝတ်ဆင်ကစားခဲ့ရတဲ့ ပထမဆုံးပွဲဖြစ်တာအတွက် ပျော်ရွှင်နေပါတယ်။

ကိုနတေးက “ မမေ့နိုင်တဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ ပွဲကို အနိုင်မရခဲ့တာအတွက်တော့ အနည်းငယ် ဝမ်းနည်းမိပေမယ့် အဆင်ပြေပါတယ်။ ကျနော် ပျော်ပါတယ်။ လီဗာပူးအသင်းနဲ့အတူ ကွင်းထဲမှာ ဝင်ရောက်ကစားနိုင်တာအတွက် ပျော်ရွှင်မိပါတယ်။

အသင်းဖော်တွေနဲ့ ဆက်ဆံမှုကောင်းတွေလည်း ရှိထားတယ်။ ဖြေးဖြေချင်းတော့ ပိုကောင်းလာပါလိမ့်မယ်။ ဒါက ရာသီကြိုရဲ့ ပထမဆုံးပွဲဖြစ်ပါတယ်။ နောက်ပွဲတွေအတွက် ကျနေ်ာတို့ အဆင်သင့် ဖြစ်နေပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

သောကြာနေ့မှာ ယှဉ်ပြိုင်မယ့် မိန့်နဲ့ပွဲမှာတော့ ပရိသတ် ၃၅၀၀ က ဝင်ရောက် ကြည့်ရှုခွင့်ရမှာဖြစ်တယ်။ ကာလရှည် မမြင်ထားရတဲ့ ကစားပွဲတွေအတွင်း ပရိသတ် ဝင်ကြည်မှုတွေ ရှိလာမှာက အသင်းကို ပိုကောင်းလာစေမယ်လို့ ခံစစ်သမားလေးက မြင်ပါတယ်။

ကိုနတေးကပဲ “ အဲ့တာက ကောင်းတဲ့ ကိစ္စပါပဲ။ ကိုဗစ်ကြောင့် အချိန်အကြာကြီး ပရိသတ်တွေ ဝင်ကြည့်ခွင့်မရခဲ့တာက ကမ္ဘာတစ်ဝန်းက ပရိသတ်တွေအတွက် ဆိုးရွားပါတယ်။ ပရိသတ်တွေ မပါဘဲ ကစားရတာက ဘောလုံးသမားတွေအတွက်လည်း ဝမ်းနည်းစရာ ကိစ္စ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ပရိသတ်တွေနဲ့အတူ ကျနေ်ာတို့ နောက်ထပ် အဆင့်တွေထံ သွားရပါတော့မယ်။ ရာသီကြိုပွဲတွေမှာ ကျနေ်ာတို့ကို အားပေးခွင့်မရတာအတွက် ပရိသတ်တွေက ဝမ်းနည်းနေပါလိမ့်မယ်။ သူတို့က ကျနေ်ာတို့အတွက် သိပ်ကို အရေးပါသူတွေ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ အဓိက ကစားသမားေတြ ပါဝင္တဲ့ စတုဂတ္နဲ႔ မိနစ္ ၃၀ ေျခစမ္းပြဲက ၁-၁ ရလဒ္ ထြက္ေပၚခဲ့ပါတယ္။

ခံစစ္မွဴးသစ္ ကိုနေတးက လူငယ္ခံစစ္မွဴး ရိုင္းနဲ႔ တြဲဘက္ ကစားခြင့္ရခဲ့တယ္။ ကိုနေတးက ပြဲအစ ၆ မိနစ္မွာတင္ ဖီးလစ္ ေဖာ္စတာရဲ႕ အဖြင့္သြင္းဂိုးကို ခြင့္ျပဳရတာအတြက္ စိတ္ပ်က္ခဲ့ေပမယ့္ လီဗာပူးဂ်ာစီ ဝတ္ဆင္ကစားခဲ့ရတ့ဲ ပထမဆံုးပြဲျဖစ္တာအတြက္ ေပ်ာ္ရႊင္ေနပါတယ္။

ကိုနေတးက “ မေမ့ႏုိင္တဲ့ အခိုက္အတန္႔ပဲ ျဖစ္ပါတယ္။ ပြဲကို အႏုိင္မရခဲ့တာအတြက္ေတာ့ အနည္းငယ္ ဝမ္းနည္းမိေပမယ့္ အဆင္ေျပပါတယ္။ က်ေနာ္ ေပ်ာ္ပါတယ္။ လီဗာပူးအသင္းနဲ႔အတူ ကြင္းထဲမွာ ဝင္ေရာက္ကစားႏုိင္တာအတြက္ ေပ်ာ္ရႊင္မိပါတယ္။

အသင္းေဖာ္ေတြနဲ႔ ဆက္ဆံမႈေကာင္းေတြလည္း ရွိထားတယ္။ ေျဖးေျဖခ်င္းေတာ့ ပိုေကာင္းလာပါလိမ့္မယ္။ ဒါက ရာသီၾကိဳရဲ႕ ပထမဆံုးပြဲျဖစ္ပါတယ္။ ေနာက္ပြဲေတြအတြက္ က်ေန္ာတို႔ အဆင္သင့္ ျဖစ္ေနပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေသာၾကာေန႔မွာ ယွဥ္ျပိဳင္မယ့္ မိန္႔နဲ႔ပြဲမွာေတာ့ ပရိသတ္ ၃၅၀၀ က ဝင္ေရာက္ ၾကည့္ရႈခြင့္ရမွာျဖစ္တယ္။ ကာလရွည္ မျမင္ထားရတဲ့ ကစားပြဲေတြအတြင္း ပရိသတ္ ဝင္ၾကည္မႈေတြ ရွိလာမွာက အသင္းကို ပိုေကာင္းလာေစမယ္လို႔ ခံစစ္သမားေလးက ျမင္ပါတယ္။

ကိုနေတးကပဲ “ အဲ့တာက ေကာင္းတဲ့ ကိစၥပါပဲ။ ကိုဗစ္ေၾကာင့္ အခ်ိန္အၾကာၾကီး ပရိသတ္ေတြ ဝင္ၾကည့္ခြင့္မရခဲ့တာက ကမၻာတစ္ဝန္းက ပရိသတ္ေတြအတြက္ ဆိုးရြားပါတယ္။ ပရိသတ္ေတြ မပါဘဲ ကစားရတာက ေဘာလံုးသမားေတြအတြက္လည္း ဝမ္းနည္းစရာ ကိစၥ ျဖစ္ပါတယ္။

အခုခ်ိန္မွာေတာ့ ပရိသတ္ေတြနဲ႔အတူ က်ေန္ာတို႔ ေနာက္ထပ္ အဆင့္ေတြထံ သြားရပါေတာ့မယ္။ ရာသီၾကိဳပြဲေတြမွာ က်ေန္ာတို႔ကို အားေပးခြင့္မရတာအတြက္ ပရိသတ္ေတြက ဝမ္းနည္းေနပါလိမ့္မယ္။ သူတို႔က က်ေန္ာတို႔အတြက္ သိပ္ကို အေရးပါသူေတြ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။