ရာသီကြို ပထမအပတ် လေ့ကျင့်မှုအရ လီဗာပူးနည်းပြအဖွဲ့က အသင်းသား အချို့ကို နေရာပြောင်းကစားစေမယ်လို့ သတင်းတွေထွက်နေပြီး မိနစ် ၃၀ စာ ပထမဆုံး ချစ်ကြည်ရေးပွဲ နှစ်ပွဲမှာတော့ အဆိုပါ ကိစ္စတွေ အမှန်ဖြစ်လာတာကို မြင်ထားရပါတယ်။

လီဗာပူးက စတုဂတ်ကို ၁-၁ သရေကျတဲ့ ချစ်ကြည်ရေးပွဲမှာ ချိန်ဘာလိန်က အထောင်တိုက်စစ်သမား နေရာက ပွဲထွက်လာပြီး တိုက်စစ်သမားဖြစ်တဲ့ အယ်လီးယော့က နံပါတ် ၁၀ နေရာဖြစ်တဲ့ ကွင်းလယ် တိုက်စစ်နေရာကို ပြောင်းကစားလာတာကို မြင်ခဲ့ရတယ်။

ချိန်ဘာလိန်က ပုံမှန်အားဖြင့် ကွင်းလယ် နံပါတ် ၈ နဲ့ နံပါတ် ၁၀ နေရာတွေ ကစားသူဖြစ်ပေမယ့် ရာသီသစ်မှာ ဖာမင်နိုရဲ့ false nine နေရာကို ဖိအားပေးသွားရဖို့ ရှိနေပါတယ်။ အယ်လီးယော့ကိုတော့ သူအားသန်တဲ့ တောင်ပံနေရာတွေမှာပဲ ထားမလား တိုက်စစ်အားသန် ကွင်းလယ်လူနေရာ ထားမလားဆိုတာ လီဗာပူးနည်းပြအဖွဲ့တွေ ဆက်လက် စောင့်ကြည့်ဦးမှာပါ။

လီဗာပူးတိုက်စစ်မှာ ဖာမင်နို၊ ဆာလာ၊ မာနေး၊ ဂျိုတာတို့ လေးဦး ရှိနေပေမယ့် ဆာလာနဲ့ မာနေးတို့က အာဖရိကပွဲတွေကြောင့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီတွေမှာ မိခင်လက်ရွေးစင်အသင်းတွေထံ သွားရောက် ပူးပေါင်းရဖို့ ရှိနေတယ်။ လီဗာပူးဘက်က ကစားသမားသစ် ခေါ်ယူမှုတွေ ရှိလာဦးမှာ ဖြစ်ပေမယ့်လည်း ချိန်ဘာလိန်ကို ရာသီကြိုမှာ လေ့ကျင့်ပေးထားခြင်းဖြင့် တိုက်စစ်အတွက် ရွေးချယ်စရာကို ဖန်တီးထားဖို့ ယာဂင်က စီစဉ်ထားပါတယ်။

ဒါ့အပြင် လီဗာပူးနည်းပြအဖွဲ့က ကိတ်တာကိုလည်း ကွင်းလယ်တိုက်စစ်အားသန် နေရာထက်စာရင် ကွင်းလယ် နံပါတ် ၆ နဲ့ နံပါတ် ၈ နေရာတွေအတွက်ပဲ အသုံးပြုဖို့ လျာထားလာခဲ့ပြီဖြစ်တယ်။ ကိတ်တာနဲ့ ချိန်ဘာလိန်တို့ကို ကွင်းလယ် တိုက်စစ်နေရာအတွက် ပြိုင်ဆိုင်စေတာထက် မတူညီတဲ့ နေရာတွေအတွက် တာဝန်တွေ ခွဲပေးလိုက်ဖို့ အသင်းဘက်က စီစဉ်လာခဲ့တာဖြစ်တယ်။

လာမယ့် သီတင်းပတ်တွေမှာ ကစားသမားတွေက သူတို့ရဲ့ နေရာသစ်တွေမှာ ဘယ်လောက် အံဝင်မလဲဆိုတာကိုတော့ နည်းပြတွေက ဆက်လက် စောင့်ကြည့်ဦးမယ်လို့ သိရပါတယ်။

ZAWGYI

ရာသီၾကိဳ ပထမအပတ္ ေလ့က်င့္မႈအရ လီဗာပူးနည္းျပအဖြဲ႔က အသင္းသား အခ်ိဳ႔ကို ေနရာေျပာင္းကစားေစမယ္လို႔ သတင္းေတြထြက္ေနျပီး မိနစ္ ၃၀ စာ ပထမဆံုး ခ်စ္ၾကည္ေရးပြဲ ႏွစ္ပြဲမွာေတာ့ အဆိုပါ ကိစၥေတြ အမွန္ျဖစ္လာတာကို ျမင္ထားရပါတယ္။

လီဗာပူးက စတုဂတ္ကို ၁-၁ သေရက်တဲ့ ခ်စ္ၾကည္ေရးပြဲမွာ ခ်ိန္ဘာလိန္က အေထာင္တုိက္စစ္သမား ေနရာက ပြဲထြက္လာျပီး တိုက္စစ္သမားျဖစ္တဲ့ အယ္လီးေယာ့က နံပါတ္ ၁၀ ေနရာျဖစ္တဲ့ ကြင္းလယ္ တိုက္စစ္ေနရာကို ေျပာင္းကစားလာတာကို ျမင္ခဲ့ရတယ္။

ခ်ိန္ဘာလိန္က ပံုမွန္အားျဖင့္ ကြင္းလယ္ နံပါတ္ ၈ နဲ႔ နံပါတ္ ၁၀ ေနရာေတြ ကစားသူျဖစ္ေပမယ့္ ရာသီသစ္မွာ ဖာမင္ႏိုရဲ႕ false nine ေနရာကို ဖိအားေပးသြားရဖို႔ ရွိေနပါတယ္။ အယ္လီးေယာ့ကိုေတာ့ သူအားသန္တဲ့ ေတာင္ပံေနရာေတြမွာပဲ ထားမလား တိုက္စစ္အားသန္ ကြင္းလယ္လူေနရာ ထားမလားဆိုတာ လီဗာပူးနည္းျပအဖြဲ႔ေတြ ဆက္လက္ ေစာင့္ၾကည့္ဦးမွာပါ။

လီဗာပူးတိုက္စစ္မွာ ဖာမင္ႏို၊ ဆာလာ၊ မာေနး၊ ဂ်ိဳတာတို႔ ေလးဦး ရွိေနေပမယ့္ ဆာလာနဲ႔ မာေနးတို႔က အာဖရိကပြဲေတြေၾကာင့္ ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီေတြမွာ မိခင္လက္ေရြးစင္အသင္းေတြထံ သြားေရာက္ ပူးေပါင္းရဖို႔ ရွိေနတယ္။ လီဗာပူးဘက္က ကစားသမားသစ္ ေခၚယူမႈေတြ ရွိလာဦးမွာ ျဖစ္ေပမယ့္လည္း ခ်ိန္ဘာလိန္ကို ရာသီၾကိဳမွာ ေလ့က်င့္ေပးထားျခင္းျဖင့္ တိုက္စစ္အတြက္ ေရြးခ်ယ္စရာကို ဖန္တီးထားဖို႔ ယာဂင္က စီစဥ္ထားပါတယ္။

ဒါ့အျပင္ လီဗာပူးနည္းျပအဖြဲ႔က ကိတ္တာကိုလည္း ကြင္းလယ္တိုက္စစ္အားသန္ ေနရာထက္စာရင္ ကြင္းလယ္ နံပါတ္ ၆ နဲ႔ နံပါတ္ ၈ ေနရာေတြအတြက္ပဲ အသံုးျပဳဖို႔ လ်ာထားလာခဲ့ျပီျဖစ္တယ္။ ကိတ္တာနဲ႔ ခ်ိန္ဘာလိန္တို႔ကို ကြင္းလယ္ တိုက္စစ္ေနရာအတြက္ ျပိဳင္ဆုိင္ေစတာထက္ မတူညီတဲ့ ေနရာေတြအတြက္ တာဝန္ေတြ ခြဲေပးလိုက္ဖို႔ အသင္းဘက္က စီစဥ္လာခဲ့တာျဖစ္တယ္။

လာမယ့္ သီတင္းပတ္ေတြမွာ ကစားသမားေတြက သူတို႔ရဲ႕ ေနရာသစ္ေတြမွာ ဘယ္ေလာက္ အံဝင္မလဲဆိုတာကိုေတာ့ နည္းျပေတြက ဆက္လက္ ေစာင့္ၾကည့္ဦးမယ္လို႔ သိရပါတယ္။