လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ အသင်းနဲ့ ရာသီကြို ပူးပေါင်းရာမှာ အဆင်သင့်ဖြစ်ဖို့ တစ်ဦးတည်း လေ့ကျင့်ရေးတွေကို စတင်နေပါပြီ။

သြစတြီးယားရောက် လီဗာပူးအသင်းသားတွေဟာ ပြင်းထန်တဲ့ လေ့ကျင့်ရေးကြားမှာ နားချိန်တွေလည်း ရဟန်ရှိပြီး အသင်းသားတွေ ပျော်ရွှင်စွာဖြင့် လည်ပတ်နေကြတာကို မြင်ရပါတယ်။

ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းဟာ ခံစစ်မှူး နက်ဖီးလစ်ကို ခေါ်ယူရေးအတွက် တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပေမယ့်လည်း ခေါ်ယူလိုကြောင်း စာရင်းပေးမှု လုပ်ခဲ့ပါတယ်။

ဝက်ဟမ်းအသင်းက ဘိုဝမ်အတွက် လီဗာပူးထံက တရားဝင် ကမ်းလှမ်းမှုကို မရသေးကြောင်းနဲ့ တိုက်စစ်သမားအတွက် ပေါင် ၃၅ သန်းထက် မနည်းတဲ့ ပြောင်းရွှေ့ကြေး ရလိုကြောင်း သတင်းပြန်နေပါတယ်။

ဟန်ဒါဆန်ကို ခေါ်ယူဖို့ အာဆင်နယ်ကလည်း စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပေမယ့် အတည်ပြုနိုင်ခြင်း မရှိဘဲ လာမယ့် သီတင်းပတ်တွေမှာ လီဗာပူးအသင်းခေါင်းဆောင်ရဲ့ အနာဂတ် သတင်းတွေက ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

လီဗာပူးအသင်းက ကလပ်နဲ့ ၂ နှစ်စာချုပ်ပဲ ကျန်ရှိတော့တဲ့ တိုက်စစ်မှူး သုံးဦးတည်းက ဆာလာကို သက်တမ်းတိုးနိုင်ဖို့ အလေးအနက် အားထုတ်သွားတော့မယ်လို့ သတင်းထောက် ပီယော့ဇ်က ပြောပါတယ်။

သေလာမော်တန်နဲ့ ဘရတ်ဒလေတို့က လီဗာပူး ပွဲဦးထွက်အဖြစ် ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင်ခွင့်ရကြတဲ့အပေါ် အကောင်းမြင်နေကြပြီး စီနီယာပွဲကစားခွင့် ထပ်ရဖို့ အားထုတ်လိုနေကြပါတယ်။

လီဗာပူးဘက်က ပီအက်စ်ဗီ တိုက်စစ်မှူး မာလန်အတွက် ကြိုးစားမှု ရှိခဲ့သော်လည်း ကစားသမားက တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းထိ တောင်းဆိုပါတယ်။ ဆာလာ၊ မာနေးတို့နောက် အရန်အဖြစ် ထားရမယ့် တိုက်စစ်သမားအတွက် အဆိုပါ လုပ်ခဟာ မြင့်မားလွန်းတယ်လို့ လီဗာပူးဘက်က မြင်ပါတယ်။

အက်သလက်တီကို မက်ဒရစ် မန်နေဂျာ ဆီမြွန်နီက သူ့အသင်းသား ဆောအတွက် အကောင်းဆုံးသော လမ်းခွဲခြင်းကို ခွင့်ပြုဖို့ တံခါးဖွင့်ထားပါကြောင်း ထုတ်ပြောလိုက်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ အသင္းနဲ႔ ရာသီၾကိဳ ပူးေပါင္းရာမွာ အဆင္သင့္ျဖစ္ဖို႔ တစ္ဦးတည္း ေလ့က်င့္ေရးေတြကို စတင္ေနပါျပီ။

ၾသစၾတီးယားေရာက္ လီဗာပူးအသင္းသားေတြဟာ ျပင္းထန္တဲ့ ေလ့က်င့္ေရးၾကားမွာ နားခ်ိန္ေတြလည္း ရဟန္ရွိျပီး အသင္းသားေတြ ေပ်ာ္ရႊင္စြာျဖင့္ လည္ပတ္ေနၾကတာကို ျမင္ရပါတယ္။

ဘြန္ဒက္လီဂါကလပ္ ေလဗာကူဆင္အသင္းဟာ ခံစစ္မွဴး နက္ဖီးလစ္ကို ေခၚယူေရးအတြက္ တရားဝင္ ကမ္းလွမ္းမႈ မလုပ္ေသးေပမယ့္လည္း ေခၚယူလိုေၾကာင္း စာရင္းေပးမႈ လုပ္ခဲ့ပါတယ္။

ဝက္ဟမ္းအသင္းက ဘိုဝမ္အတြက္ လီဗာပူးထံက တရားဝင္ ကမ္းလွမ္းမႈကို မရေသးေၾကာင္းနဲ႔ တိုက္စစ္သမားအတြက္ ေပါင္ ၃၅ သန္းထက္ မနည္းတဲ့ ေျပာင္းေရႊ႔ေၾကး ရလိုေၾကာင္း သတင္းျပန္ေနပါတယ္။

ဟန္ဒါဆန္ကို ေခၚယူဖို႔ အာဆင္နယ္ကလည္း စိတ္ဝင္စားေနေၾကာင္း သတင္းထြက္ေနေပမယ့္ အတည္ျပဳႏုိင္ျခင္း မရွိဘဲ လာမယ့္ သီတင္းပတ္ေတြမွာ လီဗာပူးအသင္းေခါင္းေဆာင္ရဲ႕ အနာဂတ္ သတင္းေတြက ပိုမို ထြက္ေပၚလာႏုိင္ပါတယ္။

လီဗာပူးအသင္းက ကလပ္နဲ႔ ၂ ႏွစ္စာခ်ဳပ္ပဲ က်န္ရွိေတာ့တဲ့ တိုက္စစ္မွဴး သံုးဦးတည္းက ဆာလာကို သက္တမ္းတိုးႏုိင္ဖို႔ အေလးအနက္ အားထုတ္သြားေတာ့မယ္လို႔ သတင္းေထာက္ ပီေယာ့ဇ္က ေျပာပါတယ္။

ေသလာေမာ္တန္နဲ႔ ဘရတ္ဒေလတို႔က လီဗာပူး ပြဲဦးထြက္အျဖစ္ ရာသီၾကိဳ ေျခစမ္းပြဲေတြမွာ ပါဝင္ခြင့္ရၾကတဲ့အေပၚ အေကာင္းျမင္ေနၾကျပီး စီနီယာပြဲကစားခြင့္ ထပ္ရဖို႔ အားထုတ္လိုေနၾကပါတယ္။

လီဗာပူးဘက္က ပီအက္စ္ဗီ တိုက္စစ္မွဴး မာလန္အတြက္ ၾကိဳးစားမႈ ရွိခဲ့ေသာ္လည္း ကစားသမားက တစ္ပတ္လုပ္ခ ေပါင္ ၁ သိန္းထိ ေတာင္းဆိုပါတယ္။ ဆာလာ၊ မာေနးတို႔ေနာက္ အရန္အျဖစ္ ထားရမယ့္ တိုက္စစ္သမားအတြက္ အဆိုပါ လုပ္ခဟာ ျမင့္မားလြန္းတယ္လို႔ လီဗာပူးဘက္က ျမင္ပါတယ္။

အက္သလက္တီကို မက္ဒရစ္ မန္ေနဂ်ာ ဆီျမြန္နီက သူ႔အသင္းသား ေဆာအတြက္ အေကာင္းဆံုးေသာ လမ္းခြဲျခင္းကို ခြင့္ျပဳဖို႔ တံခါးဖြင့္ထားပါေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။