လီဗာပူး ဘယ်အစွန်လူ ရော်ဘတ်ဆန်က ဘရိုက်တန်ပွဲမှာ မနှစ်ကလို မဟုတ်ဘဲ ကောင်းမွန်တဲ့ ရလဒ် ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

လီဗာပူးဟာ မနှစ်ကရာသီ ဘရိုက်တန်ကို ရင်ဆိုင်ရာမှာ တစ်ပွဲမှ အနိုင်မရခဲ့ပါဘူး။ လီဗာပူး ကစားသမားဟောင်း လယ်လာနာက ဘရိုက်တန်ရဲ့ အဓိက ကစားသမားအဖြစ် တောက်ပနေပြီး ရော်ဘတ်ဆန်ကတော့ ကလပ်ရဲ့ ကစားသမားဟောင်းကို ပရိသတ်တွေ နွေးထွေးစွာ ကြိုဆိုပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ရော်ဘတ်ဆန်က ” ဘရိုက်တန်က သူတို့ရထားတဲ့ မန်နေဂျာလက်အောက်မှာ အတော်လေး ကောင်းမွန်နေတဲ့ အသင်းပါ။ သူတို့က စိတ်လှုပ်ရှားစရာ ဘောလုံးကို ကစားနေပြီး ဘောလုံး ကိုင်ကစားနိုင်တဲ့ ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ မနှစ်ကရာသီ အဝေးကွင်းပွဲမှာ သရေကျခဲ့ပြီး အန်ဖီးကွင်းမှာ သူတို့ကို အရေးနိမ့်ခဲ့တယ်။

ဒီမှာ သူတို့နဲ့ ရင်ဆိုင်ရမယ်ဆိုတာ ဘယ်လောက်တောင် ခဲခဲ့လဲ ကျနေ်ာတို့ သိတယ်။ ဒါပေမယ့် အရေးကြီးဆုံးက ကိုယ်ကစားနိုင်သလောက် အကောင်းဆုံးပွဲကို ကစားဖို့ပါပဲ။ ကျနေ်ာတို့ ကစားနိုင်ရင် မနှစ်တုန်းကထက် ဒီရာသီမှာ သူတို့ကို ရင်ဆိုင်ပြီး ရမှတ်တွေ ပိုရပါလိမ့်မယ်။ အဲ့သည် ရမှတ်တွေကိုလည်း စနေနေ့မှာ စပြီး ယူကြရအောင်ပါ။

လယ်လာနာက ဘယ်လောက်တောင် ကောင်းတဲ့ ကစားသမားလဲဆိုတာနဲ့ သူ ဘယ်လောက်ထိ ဘောလုံးကိုင် ကောင်းတယ်ဆိုတာကို ကျနေ်ာတို့ သိပါတယ်။ သူက ဘရိုက်တန်ရဲ့ အဓိက ကစားသမားဖြစ်သလို ကျနေ်ာတို့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပဲ ဖြစ်ပါတယ်။

အန်ဖီးမှာ သူ့ကို ကောင်းမွန်စွာ ကြိုဆိုပေးကြဖို့ မျှော်လင့်တယ်။ နောက်ပြီး အရေးကြီးတာက ကျနေ်ာတို့ ကိုယ်အလုပ် ကိုယ်လုပ်ပြီး ပွဲကို အနိုင်ရဖို့ မျှော်လင့်ပါတယ်။ အသင်းကနေ ထွက်သွားကတည်းက လယ်လာနာဟာ အန်ဖီးမှာ ပရိတ်သတ်တွေရှေ့ ပြန်မကစားရသေးပါဘူး။ ဒီတော့ သူ့ကို ကြိုဆိုပေးဖို့ မျှော်လင့်ပါတယယ်။

လယ်လာနာက ဒီအသင်းရဲ့ ဂန္တဝင်တစ်ယောက်ပါ။ သူ့အတွက် ကောင်းမွန်စွာ ကြိုဆိုပေးတာကို လက်ခံရဖို့ တကယ်ကို ထိုက်တန်ပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က ဘရိုက္တန္ပြဲမွာ မႏွစ္ကလို မဟုတ္ဘဲ ေကာင္းမြန္တဲ့ ရလဒ္ ရယူႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

လီဗာပူးဟာ မႏွစ္ကရာသီ ဘရိုက္တန္ကို ရင္ဆိုင္ရာမွာ တစ္ပြဲမွ အႏုိင္မရခဲ့ပါဘူး။ လီဗာပူး ကစားသမားေဟာင္း လယ္လာနာက ဘရိုက္တန္ရဲ႕ အဓိက ကစားသမားအျဖစ္ ေတာက္ပေနျပီး ေရာ္ဘတ္ဆန္ကေတာ့ ကလပ္ရဲ႕ ကစားသမားေဟာင္းကို ပရိသတ္ေတြ ေႏြးေထြးစြာ ၾကိဳဆိုေပးဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။

ေရာ္ဘတ္ဆန္က ” ဘရိုက္တန္က သူတို႔ရထားတဲ့ မန္ေနဂ်ာလက္ေအာက္မွာ အေတာ္ေလး ေကာင္းမြန္ေနတဲ့ အသင္းပါ။ သူတို႔က စိတ္လႈပ္ရွားစရာ ေဘာလံုးကို ကစားေနျပီး ေဘာလံုး ကိုင္ကစားႏုိင္တဲ့ ကစားသမားေကာင္းေတြကို ပိုင္ဆိုင္ထားပါတယ္။ မႏွစ္ကရာသီ အေဝးကြင္းပြဲမွာ သေရက်ခဲ့ျပီး အန္ဖီးကြင္းမွာ သူတို႔ကို အေရးနိမ့္ခဲ့တယ္။

ဒီမွာ သူတို႔နဲ႔ ရင္ဆိုင္ရမယ္ဆိုတာ ဘယ္ေလာက္ေတာင္ ခဲခဲ့လဲ က်ေန္ာတို႔ သိတယ္။ ဒါေပမယ့္ အေရးၾကီးဆံုးက ကိုယ္ကစားႏုိင္သေလာက္ အေကာင္းဆံုးပြဲကို ကစားဖို႔ပါပဲ။ က်ေန္ာတို႔ ကစားႏုိင္ရင္ မႏွစ္တုန္းကထက္ ဒီရာသီမွာ သူတို႔ကို ရင္ဆိုင္ျပီး ရမွတ္ေတြ ပိုရပါလိမ့္မယ္။ အဲ့သည္ ရမွတ္ေတြကိုလည္း စေနေန႔မွာ စျပီး ယူၾကရေအာင္ပါ။

လယ္လာနာက ဘယ္ေလာက္ေတာင္ ေကာင္းတဲ့ ကစားသမားလဲဆိုတာနဲ႔ သူ ဘယ္ေလာက္ထိ ေဘာလံုးကိုင္ ေကာင္းတယ္ဆိုတာကို က်ေန္ာတို႔ သိပါတယ္။ သူက ဘရိုက္တန္ရဲ႕ အဓိက ကစားသမားျဖစ္သလို က်ေန္ာတို႔ရဲ႕ အရင္းႏွီးဆံုး သူငယ္ခ်င္းပဲ ျဖစ္ပါတယ္။

အန္ဖီးမွာ သူ႔ကို ေကာင္းမြန္စြာ ၾကိဳဆိုေပးၾကဖို႔ ေမွ်ာ္လင့္တယ္။ ေနာက္ျပီး အေရးၾကီးတာက က်ေန္ာတို႔ ကိုယ္အလုပ္ ကိုယ္လုပ္ျပီး ပြဲကို အႏုိင္ရဖို႔ ေမွ်ာ္လင့္ပါတယ္။ အသင္းကေန ထြက္သြားကတည္းက လယ္လာနာဟာ အန္ဖီးမွာ ပရိတ္သတ္ေတြေရွ႔ ျပန္မကစားရေသးပါဘူး။ ဒီေတာ့ သူ႔ကို ၾကိဳဆိုေပးဖို႔ ေမွ်ာ္လင့္ပါတယယ္။

လယ္လာနာက ဒီအသင္းရဲ႕ ဂႏၱဝင္တစ္ေယာက္ပါ။ သူ႔အတြက္ ေကာင္းမြန္စြာ ၾကိဳဆိုေပးတာကို လက္ခံရဖို႔ တကယ္ကို ထိုက္တန္ပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။