ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူး အသင်းဟာ ဒီရာသီမှာ စွမ်းဆောင်ရည် ကောင်းနေတဲ့ ဘရိုက်တန်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ ဘရိုက်တန်ပွဲ အတွက် ပေါလ်မာဆန်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
လီဗာပူး Vs ဘရိုက်တန်
ပရီးမီးယားလိဂ် ပွဲစဉ် (၁၀)
အောက်တိုဘာလ ၃၀ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၈း၃၀ နာရီ။
လော်ရိုး၏ သုံးသပ်ချက် ။ ။ ဘရိုက်တန်က အသင်းကောင်းဖြစ်သလို သူတို့ ခြေစွမ်းကောင်းရချိန်မှာ ပြိုင်ဘက်တွေကို စိတ်ပျက်စေမယ့် အသင်းဖြစ်ပါတယ်။ ဒီပွဲက ယူနိုက်တက်ထက် လီဗာပူးကို ပိုပြီး အခက်တွေ့စေမယ့် ပွဲလို့ ထင်ပါတယ်။ ယာဂင်ကလော့ပ်က ဒီရာသီ တိုက်စစ်သုံးယောက် ရွေးချယ်မှုအတွက် အပြောင်းအလဲတွေ လုပ်လေ့ရှိပေမယ့် သူ့ရဲ့ တိုက်စစ် ရွေးချယ်မှုတွေက အမြဲတမ်း ကောင်းမွန်နေပါတယ်။
ဂျိုတာနဲ့ ဖာမင်နိုတို့ နှစ်ဦးလုံးက ယာဂင်အတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာတွေ ဖြစ်ပါတယ်။ ကျနော်ကတော့ ပုဂ္ဂိုလ်ရေးအရ ဒီပွဲမှာ ဆာလာ၊ မာနေးကို ဖာမင်နိုနဲ့ တွဲဘက်ပေးတာကို ပိုလိုချင်ပါတယ်။ ဘရိုက်တန်က ပွဲကို ဖြန့်ကျက် ကစားလေ့ရှိပြီး ပြိုင်ဘက်တွေ ဖောက်ထွက်ဖို့ရာအတွက် နေရာလွတ်တွေ ကျန်နေလေ့ရှိပါတယ်။
ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီအခြေအနေမှာ လီဗာပူးအသင်း အရေးနိမ့်သွားမယ်လို့ ကျနော်တော့ မမြင်ပါဘူး။ ယာဂင်ကလော့ပ်ရဲ့ အသင်းက နောက်ထပ် နိုင်ပွဲတစ်ပွဲ ရသွားမယ်လို့ ကျနော် ထင်ပါတယ်။
ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၁ ဘရိုက်တန်
Zawgyi
ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ လီဗာပူး အသင္းဟာ ဒီရာသီမွာ စြမ္းေဆာင္ရည္ ေကာင္းေနတဲ့ ဘရိုက္တန္ကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ လီဗာပူးနဲ႔ ဘရိုက္တန္ပြဲ အတြက္ ေပါလ္မာဆန္က အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။
လီဗာပူး Vs ဘရိုက္တန္
ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၀)
ေအာက္တိုဘာလ ၃၀ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ည ၈း၃၀ နာရီ။
ေလာ္ရိုး၏ သံုးသပ္ခ်က္ ။ ။ ဘရိုက္တန္က အသင္းေကာင္းျဖစ္သလို သူတို႔ ေျခစြမ္းေကာင္းရခ်ိန္မွာ ျပိဳင္ဘက္ေတြကို စိတ္ပ်က္ေစမယ့္ အသင္းျဖစ္ပါတယ္။ ဒီပြဲက ယူႏုိက္တက္ထက္ လီဗာပူးကို ပိုျပီး အခက္ေတြ႔ေစမယ့္ ပြဲလို႔ ထင္ပါတယ္။ ယာဂင္ကေလာ့ပ္က ဒီရာသီ တုိက္စစ္သံုးေယာက္ ေရြးခ်ယ္မႈအတြက္ အေျပာင္းအလဲေတြ လုပ္ေလ့ရွိေပမယ့္ သူ႔ရဲ႕ တိုက္စစ္ ေရြးခ်ယ္မႈေတြက အျမဲတမ္း ေကာင္းမြန္ေနပါတယ္။
ဂ်ိဳတာနဲ႔ ဖာမင္ႏိုတို႔ ႏွစ္ဦးလံုးက ယာဂင္အတြက္ ေကာင္းမြန္တဲ့ ေရြးခ်ယ္စရာေတြ ျဖစ္ပါတယ္။ က်ေနာ္ကေတာ့ ပုဂၢိဳလ္ေရးအရ ဒီပြဲမွာ ဆာလာ၊ မာေနးကို ဖာမင္ႏိုနဲ႔ တြဲဘက္ေပးတာကို ပိုလိုခ်င္ပါတယ္။ ဘရိုက္တန္က ပြဲကို ျဖန္႔က်က္ ကစားေလ့ရွိျပီး ျပိဳင္ဘက္ေတြ ေဖာက္ထြက္ဖို႔ရာအတြက္ ေနရာလြတ္ေတြ က်န္ေနေလ့ရွိပါတယ္။
ရိုးရိုးသားသား ေျပာရမယ္ဆိုရင္ ဒီအေျခအေနမွာ လီဗာပူးအသင္း အေရးနိမ့္သြားမယ္လို႔ က်ေနာ္ေတာ့ မျမင္ပါဘူး။ ယာဂင္ကေလာ့ပ္ရဲ႔ အသင္းက ေနာက္ထပ္ ႏုိင္ပြဲတစ္ပြဲ ရသြားမယ္လို႔ က်ေနာ္ ထင္ပါတယ္။
ေပါလ္မာဆန္၏ ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၃-၁ ဘရိုက္တန္