ဒီအပတ် အန်ဖီးကွင်းမှာ လီဗာပူးနဲ့ ရင်ဆိုင်ကစားရမယ့်ပွဲကို ဘရိုက်တန် မန်နေဂျာ ဂရေဟမ် ပေါ်တာက ကမ္ဘာအကောင်းဆုံ အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါလို့ ညွှန်းဆိုပါတယ်။

ဘရိုက်တန်ဟာ ဒီရာသီမှာ အတော်လေး ပုံစံကောင်းတွေ ရနေတာဖြစ်ပြီး အရင်အပတ်ကတော့ မန်စီးတီးကို ရင်ဆိုင်ကစားစဉ်မှာ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ သွင်းဂိုးတွေကို ဘေးဖယ်ကြည့်မယ်ဆိုရင် ဘရိုက်တန်က မန်စီးတီးကို သူတင်ကိုယ်တင် ကစားပြခဲ့သလို အတော်လေး ဖိအားပေးနိုင်ခဲ့တာပါ။

ဒီအပတ် ဘရိုက်တန်ကို ရင်ဆိုင်ရာမှာ လီဗာပူးက တောင့်တင်းတဲ့ လူစာရင်း ထုတ်လာဖို့ ရှိနေမေယ့် ပြောသလောက်တော့ လွယ်ကူမယ့် ပြိုင်ဘက်မျိုး မဟုတ်တာကို သတိပြုမိဖို့ လိုအပ်နေတာဖြစ်တယ်။

မီဒီယာတွေ့ဆုံမှုမှာ ဂရေဟမ်ပေါ်တာက “ အရင်အပတ်တုန်းက ကျနေ်ာတို့ဟာ ကမ္ဘာအကောင်းဆုံး အသင်းနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ခဲ့ရတယ်။ ဒီအပတ်မှာလည်း ကျနေ်ာတို့က ကမ္ဘာအကောင်းဆုံး အသင်းနဲ့ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ ဆာလာဟာ ကမ္ဘာအဆင့် ကစားသမား အဆင့်မှာတောင် မဟုတ်ပါဘူး။ သူက ဒီကမ္ဘာပေါ်မှာ ပြိုင်ဘက်မရှိ အဆင့်ကို ရောက်နေတာပါ။ ချယ်ဆီး၊ မန်စီးတီး၊ တီကိုနဲ့ ယူနိုက်တက်လို အသင်းတွေကို ရင်ဆိုင်ရတဲ့ ပွဲကြီးတွေမှာ ဆာလာက ဂိုးတွေ သွင်းယူသွားခဲ့တာပါ။

ဒါပေမယ့်လို့ ကျနေ်ာတို့အတွက် ကံဆိုးတာက ကျနေ်ာတို့ ရင်ဆိုင်ရမယ့် လီဗာပူးအသင်းမှာ ထိပ်တန်း ကစားသမားက ဆာလာ တစ်ဦးတည်း ရှိနေတာ မဟုတ်ပါဘူး ” လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်မှာ လူငယ်ကစားသမားတွေနဲ့ ဝါရင့် ကစားသမားတွေ ပေါင်းဖက်ထားနိုင်ပြီး ကွင်းလယ်လူ လယ်လာနာကလည်း ခြေစွမ်းပြနေတာဖြစ်တယ်။ လီဗာပူးကစားသမားဟောင်း လယ်လာနာကို ပြန်လည် ရင်ဆိုင်ရတာက ခံစားချက်တစ်ခုခု ပေးနိုင်ပေမယ့် ကလော့ပ်ရဲ့ အသင်းသားတွေက ဒီပွဲမှာ အနိုင်သုံးမှတ်ကို ရယူပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ အန္ဖီးကြင္းမွာ လီဗာပူးနဲ႔ ရင္ဆိုင္ကစားရမယ့္ပြဲကို ဘရိုက္တန္ မန္ေနဂ်ာ ဂေရဟမ္ ေပၚတာက ကမၻာအေကာင္းဆံု အသင္းနဲ႔ ယွဥ္ျပိဳင္ရမွာပါလို႔ ညႊန္းဆိုပါတယ္။

ဘရိုက္တန္ဟာ ဒီရာသီမွာ အေတာ္ေလး ပံုစံေကာင္းေတြ ရေနတာျဖစ္ျပီး အရင္အပတ္ကေတာ့ မန္စီးတီးကို ရင္ဆိုင္ကစားစဥ္မွာ ဂိုးျပတ္ အေရးနိမ့္ခဲ့ပါတယ္။ သြင္းဂိုးေတြကို ေဘးဖယ္ၾကည့္မယ္ဆိုရင္ ဘရိုက္တန္က မန္စီးတီးကို သူတင္ကိုယ္တင္ ကစားျပခဲ့သလို အေတာ္ေလး ဖိအားေပးႏုိင္ခဲ့တာပါ။

ဒီအပတ္ ဘရိုက္တန္ကို ရင္ဆိုင္ရာမွာ လီဗာပူးက ေတာင့္တင္းတဲ့ လူစာရင္း ထုတ္လာဖို႔ ရွိေနေမယ့္ ေျပာသေလာက္ေတာ့ လြယ္ကူမယ့္ ျပိဳင္ဘက္မ်ိဳး မဟုတ္တာကို သတိျပဳမိဖို႔ လိုအပ္ေနတာျဖစ္တယ္။

မီဒီယာေတြ႔ဆံုမႈမွာ ဂေရဟမ္ေပၚတာက “ အရင္အပတ္တုန္းက က်ေန္ာတို႔ဟာ ကမၻာအေကာင္းဆံုး အသင္းနဲ႔ ထိပ္တုိက္ ယွဥ္ျပိဳင္ခဲ့ရတယ္။ ဒီအပတ္မွာလည္း က်ေန္ာတို႔က ကမၻာအေကာင္းဆံုး အသင္းနဲ႔ ယွဥ္ျပိဳင္ရဦးမွာ ျဖစ္ပါတယ္။

ဒီအေျခအေနမွာ ဆာလာဟာ ကမၻာအဆင့္ ကစားသမား အဆင့္မွာေတာင္ မဟုတ္ပါဘူး။ သူက ဒီကမၻာေပၚမွာ ျပိဳင္ဘက္မရွိ အဆင့္ကို ေရာက္ေနတာပါ။ ခ်ယ္ဆီး၊ မန္စီးတီး၊ တီကိုနဲ႔ ယူႏုိက္တက္လို အသင္းေတြကို ရင္ဆိုင္ရတဲ့ ပြဲၾကီးေတြမွာ ဆာလာက ဂိုးေတြ သြင္းယူသြားခဲ့တာပါ။

ဒါေပမယ့္လို႔ က်ေန္ာတို႔အတြက္ ကံဆိုးတာက က်ေန္ာတို႔ ရင္ဆိုင္ရမယ့္ လီဗာပူးအသင္းမွာ ထိပ္တန္း ကစားသမားက ဆာလာ တစ္ဦးတည္း ရွိေနတာ မဟုတ္ပါဘူး ” လို႔ ခ်ီးက်ဴးခဲ့တာ ျဖစ္ပါတယ္။

ဘရိုက္တန္မွာ လူငယ္ကစားသမားေတြနဲ႔ ဝါရင့္ ကစားသမားေတြ ေပါင္းဖက္ထားႏုိင္ျပီး ကြင္းလယ္လူ လယ္လာနာကလည္း ေျခစြမ္းျပေနတာျဖစ္တယ္။ လီဗာပူးကစားသမားေဟာင္း လယ္လာနာကို ျပန္လည္ ရင္ဆိုင္ရတာက ခံစားခ်က္တစ္ခုခု ေပးႏုိင္ေပမယ့္ ကေလာ့ပ္ရဲ႕ အသင္းသားေတြက ဒီပြဲမွာ အႏုိင္သံုးမွတ္ကို ရယူေပးဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။