ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူး အသင်းဟာ ဒီရာသီမှာ စွမ်းဆောင်ရည် ကောင်းနေတဲ့ ဘရိုက်တန်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ လီဗာပူးနဲ့ ဘရိုက်တန်ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လီဗာပူး Vs ဘရိုက်တန်
ပရီးမီးယားလိဂ် ပွဲစဉ် (၁၀)
အောက်တိုဘာလ ၃၀ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၈း၃၀ နာရီ။

လော်ရိုး၏ သုံးသပ်ချက် ။ ။ ဒီရာသီ အခုချိန်ထိ ဘရိုက်တန်ရဲ့ လုပ်ပြထားမှုက ကျနော်ကို အတော်လေး အထင်ကြီးမိစေပါတယ်။ ပြီးခဲ့တဲ့ အပတ်ပွဲမှာ သူတို့က မန်စီးတီးကို ယှဉ်ပြိုင်ကစားပြီး ၃-၀ ဖြင့် အရေးနိမ့်နေတာတောင်မှ စီးတီးကို ပြဿနာအချို့ ပေးနိုင်အောင် ဆက်ပြီး ကြိုးစားပြနိုင်ခဲ့တယ်။

ဒီရာသီမှာ မန်စီးတီး၊ လီဗာပူးအသင်းတို့ကို ရင်ဆိုင် ကစားဖို့ဆိုတာက သူတို့ဟာ ဘရိုက်တန်တို့ အနိုင်ယူခဲ့တဲ့ အခြားသော ပြိုင်ဘက်တွေနဲ့ ခြားနာတဲ့ အဆင့်မှာ ရှိနေတာပါ။ ဒီတော့ ဒီပွဲမှာလည်း မန်စီးတီးပွဲလိုပဲ ဘရိုက်တန်တို့ အရေးနိမ့်သွားနိုင်ပါတယ်။

ဒီရာသိ ပြိင်ပွဲစုံ ၁၄ ပွဲလုံးကို လီဗာပူးက အရေးမနိမ့်ထားသလို အဲ့ထဲက ၁၁ ပွဲကို သူတို့ အသင်း အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ကျနော် ကိုယ်တိုင် ဘောလုံးကစားခဲ့တာကြောင့် ဒီလို အခိုက်အတန်မှာ ကစားသမားတွေ ဘယ်လို ခံစားနေရမယ်ဆိုတာကို ကျနော် နားလည်ပါတယ်။

ဘယ်လို ပြိုင်ဘက်နဲ့ပဲ ရင်ဆိုင်ရပါစေ ကိုယ်က အနိုင်ရမယ်လို့ ယုံကြည်နေမှာပါ ဘာလို့လည်းဆိုတော့ အသင်းက လူတိုင်းဟာ သိပ်ကို ကောင်းနေကြလို့ ဖြစ်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၀ ဘရိုက်တန်

Zawgyi

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ လီဗာပူး အသင္းဟာ ဒီရာသီမွာ စြမ္းေဆာင္ရည္ ေကာင္းေနတဲ့ ဘရိုက္တန္ကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သုံးသပ္သူ ေလာ္႐ိုးကေတာ့ လီဗာပူးနဲ႔ ဘရိုက္တန္ပြဲ အတြက္ အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။

လီဗာပူး Vs ဘရိုက္တန္
ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၀)
ေအာက္တိုဘာလ ၃၀ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ည ၈း၃၀ နာရီ။

ေလာ္ရိုး၏ သံုးသပ္ခ်က္ ။ ။ ဒီရာသီ အခုခ်ိန္ထိ ဘရိုက္တန္ရဲ႕ လုပ္ျပထားမႈက က်ေနာ္ကို အေတာ္ေလး အထင္ၾကီးမိေစပါတယ္။ ျပီးခဲ့တဲ့ အပတ္ပြဲမွာ သူတို႔က မန္စီးတီးကို ယွဥ္ျပိဳင္ကစားျပီး ၃-၀ ျဖင့္ အေရးနိမ့္ေနတာေတာင္မွ စီးတီးကို ျပႆနာအခ်ိဳ႔ ေပးႏုိင္ေအာင္ ဆက္ျပီး ၾကိဳးစားျပႏုိင္ခဲ့တယ္။

ဒီရာသီမွာ မန္စီးတီး၊ လီဗာပူးအသင္းတို႔ကို ရင္ဆိုင္ ကစားဖို႔ဆိုတာက သူတို႔ဟာ ဘရိုက္တန္တို႔ အႏုိင္ယူခဲ့တဲ့ အျခားေသာ ျပိဳင္ဘက္ေတြနဲ႔ ျခားနာတဲ့ အဆင့္မွာ ရွိေနတာပါ။ ဒီေတာ့ ဒီပြဲမွာလည္း မန္စီးတီးပြဲလိုပဲ ဘရိုက္တန္တို႔ အေရးနိမ့္သြားႏုိင္ပါတယ္။

ဒီရာသိ ျပိင္ပြဲစံု ၁၄ ပြဲလံုးကို လီဗာပူးက အေရးမနိမ့္ထားသလို အဲ့ထဲက ၁၁ ပြဲကို သူတို႔ အသင္း အႏုိင္ရခဲ့တာ ျဖစ္ပါတယ္။ က်ေနာ္ ကိုယ္တိုင္ ေဘာလံုးကစားခဲ့တာေၾကာင့္ ဒီလို အခိုက္အတန္မွာ ကစားသမားေတြ ဘယ္လို ခံစားေနရမယ္ဆိုတာကို က်ေနာ္ နားလည္ပါတယ္။

ဘယ္လို ျပိဳင္ဘက္နဲ႔ပဲ ရင္ဆိုင္ရပါေစ ကိုယ္က အႏုိင္ရမယ္လို႔ ယံုၾကည္ေနမွာပါ ဘာလို႔လည္းဆိုေတာ့ အသင္းက လူတိုင္းဟာ သိပ္ကို ေကာင္းေနၾကလို႔ ျဖစ္ပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၃-၀ ဘရိုက္တန္