ဒီတစ်ပတ်မှာ ဒေါ့မွန် ဥက္ကဌ ဆီဘက်ရှန်ခယ်ကို ဘယ်လင်ဟမ်နဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ ထင်ကြေးပေးမှုတွေ အကြောင်း မေးမြန်းခဲ့ရာ ၎င်းက ဒီရာသီ သွင်းဂိုး ၃ ဂိုး ရယူထားတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ကြယ်ပွင့်ဟာ မကြာခင်အချိန်အတွင်း ကလပ်ကို စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ လီဗာပူးအသင်းက အလေးအနက် စိတ်ဝင်စားနေကြောင်း သတင်းတွေကို ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြတာပါ။ ထိုနည်းတူပဲ ဂျာမာန်ဘက်ကလည်း အင်္ဂလန်လူငယ်လေးကို လီဗာပူးဘက်က စောင့်ကြည့်မှုတွေ ရှိနေပါကြောင်း သတင်းဖော်ပြမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ စိတ်ဝင်စားမှုတွေနဲ့ ပတ်သက်ပြီး ဒေါ့မွန်ဥက္ကဌက “ သူက ဒေါ့မွန်ကစားသမားတစ်ယောက်ပါ။ ဒေါ့မွန် ကစားသမားတစ်ယောက်ပဲ ဆက်ရှိနေဦးမှာပါ။ လီဗာပူးတင်မက ဘယ်လင်ဟမ်အပေါ် စိတ်ဝင်စားတဲ့ အသင်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် စာချုပ်ဖျက်သိမ်းခွင့်တွေ၊ အပြောင်းအရွှေ့ တောင်းဆိုမှုတွေ မရှိပါဘူး။

ဒီက လူတွေက ဘယ်လင်ဟမ်ကို သဘောကျကြသလို သူလည်း အသင်းမှာ ပျော်ရွှင်နေပါတယ်။ သူ့အနေနဲ့ မကြာခင်မှာ ဒေါ့မွန်ကို စွန့်ခွာနိုင်လောက်တဲ့ အရိပ်အယောင်မျိုး မရှိဘူး။

ကျွန်တော်တို့ ကစားသမားတွေနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်နေတာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါက ကျွန်တော်တို့ ကစားသမားတွေက ကောင်းကောင်းလုပ်နေတယ်ဆိုတာကို ပြသတာပဲလေ။

ဒေါ့မွန်မှာ ကျနေ်ာတို့ ပေးနိုင်တာတွေက အများကြီးပါ။ ကျွန်တော်တို့ ဆုဖလားတွေ အောင်မြင်ချင်တယ်။ ဒါပေမယ့် အဲ့ဒီ့လိုလုပ်ဖို့အတွက် ရှိတဲ့ ကစားသမားတွေကို ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ် ” လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါ့မွန်ဟာ ဘင်လယ်ဟမ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၁၀၁ သန်းထိ ဈေးသက်မှတ်ထားပြီး အဆိုပါ ပမာဏက ဆယ်ကျော်သက် ကွင်းလယ်လူအတွက် ကမ်းလှမ်းမှုတွေကို ဟန့်တားစေနိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ZAWGYI

ဒီတစ္ပတ္မွာ ေဒါ့မြန္ ဥကၠဌ ဆီဘက္ရွန္ခယ္ကို ဘယ္လင္ဟမ္နဲ႔ ပတ္သက္တဲ့ အေျပာင္းအေရႊ႔ ထင္ေၾကးေပးမႈေတြ အေၾကာင္း ေမးျမန္းခဲ့ရာ ၎က ဒီရာသီ သြင္းဂိုး ၃ ဂိုး ရယူထားတဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္ လူငယ္ၾကယ္ပြင့္ဟာ မၾကာခင္အခ်ိန္အတြင္း ကလပ္ကို စြန႔္ခြာသြားမွာ မဟုတ္ဘူးလို႔ အခိုင္အမာ ေျပာဆိုခဲ့ပါတယ္။

ဘယ္လင္ဟမ္ကို ေခၚယူဖို႔ လီဗာပူးအသင္းက အေလးအနက္ စိတ္ဝင္စားေနေၾကာင္း သတင္းေတြကို ျဗိတိန္မီဒီယာေတြက ေဖာ္ျပေနၾကတာပါ။ ထိုနည္းတူပဲ ဂ်ာမာန္ဘက္ကလည္း အဂၤလန္လူငယ္ေလးကို လီဗာပူးဘက္က ေစာင့္ၾကည့္မႈေတြ ရွိေနပါေၾကာင္း သတင္းေဖာ္ျပမႈေတြ ရွိေနခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးရဲ႕ စိတ္ဝင္စားမႈေတြနဲ႔ ပတ္သက္ၿပီး ေဒါ့မြန္ဥကၠဌက “ သူက ေဒါ့မြန္ကစားသမားတစ္ေယာက္ပါ။ ေဒါ့မြန္ ကစားသမားတစ္ေယာက္ပဲ ဆက္ရွိေနဦးမွာပါ။ လီဗာပူးတင္မက ဘယ္လင္ဟမ္အေပၚ စိတ္ဝင္စားတဲ့ အသင္းေတြ အမ်ားႀကီး ရွိပါတယ္။ ဒါေပမယ့္ စာခ်ဳပ္ဖ်က္သိမ္းခြင့္ေတြ၊ အေျပာင္းအေ႐ႊ႕ ေတာင္းဆိုမႈေတြ မရွိပါဘူး။

ဒီက လူေတြက ဘယ္လင္ဟမ္ကို သေဘာက်ၾကသလို သူလည္း အသင္းမွာ ေပ်ာ္႐ႊင္ေနပါတယ္။ သူ႔အေနနဲ႔ မၾကာခင္မွာ ေဒါ့မြန္ကို စြန႔္ခြာႏိုင္ေလာက္တဲ့ အရိပ္အေယာင္မ်ိဳး မရွိဘူး။

ကြၽန္ေတာ္တို႔ ကစားသမားေတြနဲ႔ ပတ္သက္ၿပီး ေကာလာဟလေတြ ထြက္ေနတာ ေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲ့ဒါက ကြၽန္ေတာ္တို႔ ကစားသမားေတြက ေကာင္းေကာင္းလုပ္ေနတယ္ဆိုတာကို ျပသတာပဲေလ။

ေဒါ့မြန္မွာ က်ေန္ာတို႔ ေပးႏုိင္တာေတြက အမ်ားႀကီးပါ။ ကြၽန္ေတာ္တို႔ ဆုဖလားေတြ ေအာင္ျမင္ခ်င္တယ္။ ဒါေပမယ့္ အဲ့ဒီ့လိုလုပ္ဖို႔အတြက္ ရွိတဲ့ ကစားသမားေတြကို ထိန္းသိမ္းထားဖို႔ လိုအပ္ပါတယ္ ” လို႔ ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ေဒါ့မြန္ဟာ ဘင္လယ္ဟမ္အတြက္ ေျပာင္းေရႊ႔ေၾကးကို ေပါင္ ၁၀၁ သန္းထိ ေစ်းသက္မွတ္ထားျပီး အဆိုပါ ပမာဏက ဆယ္ေက်ာ္သက္ ကြင္းလယ္လူအတြက္ ကမ္းလွမ္းမႈေတြကို ဟန္႔တားေစႏုိင္မယ္လို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။