ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူး အသင်းဟာ ဒီရာသီမှာ စွမ်းဆောင်ရည် ကောင်းနေတဲ့ ဘရိုက်တန်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ ဘရိုက်တန်ပွဲ အတွက် မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
လီဗာပူး Vs ဘရိုက်တန်
ပရီးမီးယားလိဂ် ပွဲစဉ် (၁၀)
အောက်တိုဘာလ ၃၀ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၈း၃၀ နာရီ။
အိုဝင်၏ သုံးသပ်ချက် ။ ။ အတိုက်အခံလုပ်ပြီး အငြင်းပွားစရာတွေ ဖြစ်လာဖို့ မရှိတော့တာက မိုဆာလာဟာ ကမ္ဘာအကောင်းဆုံး ကစားသမား ဆိုတာပါပဲ။ ပြီးခဲ့တဲ့ အပတ်တုန်းက သူ့ရဲ့ ထိပ်တန်း ခြေစွမ်းကို မြင်ခဲ့ကြရတယ်။ တိုက်စစ်သမားတစ်ယောက်အတွက်က ကွင်းထဲ ခြေချလိုက်တာနဲ့ ဂိုးသွင်းနိုင်တော့မယ်ဆိုတာကို သိနေတဲ့ ခံစားချက်ထက် ပိုကောင်းတာမျိုး မရှိတော့ပါဘူး။
အရင်အပတ်တုန်းက ဖာမင်နိုကလည်း သိပ်ကို ကောင်းခဲ့ပြီး ဂျိုတာနဲ့ ဆာလာတို့ တိုက်စစ်ပိုင်းမှာ အကောင်းဆုံး ကစားနိုင်ဖို့အတွက် ကူညီပေးနိုင်ခဲ့ပါတယ်။
စီးတီးကို ရင်ဆိုင်တုန်းက ဘရိုက်တန်အသင်း ရခဲ့တဲ့ ရလဒ်ကို ကျနော် အံ့သြမိခဲ့တယ်။ သူတို့ရဲ့ ကစားပုံက အဲ့လောက်လည်း မဆိုးပါဘူး။ မန်စီးတီးကိုက ကောင်းလွန်းခဲ့တာပါ။
အန်ဖီးမှာ ဘရိုက်တန်က တုန့်ပြန်မှုတွေ လုပ်ပြဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဒါပေမယ့်လို့ လီဗာပူးက သူတို့အတွက်တော့ အားကောင်းလွန်းနေတယ်။ ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ ပြသခဲ့တဲ့ ခြေစွမ်းအရဆိုရင် ဘရိုက်တန်က လီဗာပူးရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ ဒီပွဲမှာ လီဗာပူးက ၂-၁ နဲ့ အနိုင်ရသွားပါလိမ့်မယ်။
အိုဝင်၏ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၁ ဘရိုက်တန်
Zawgyi
ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ လီဗာပူး အသင္းဟာ ဒီရာသီမွာ စြမ္းေဆာင္ရည္ ေကာင္းေနတဲ့ ဘရိုက္တန္ကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ လီဗာပူးနဲ႔ ဘရိုက္တန္ပြဲ အတြက္ မိုက္ကယ္အိုဝင္က အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။
လီဗာပူး Vs ဘရိုက္တန္
ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၀)
ေအာက္တိုဘာလ ၃၀ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ည ၈း၃၀ နာရီ။
အိုဝင္၏ သံုးသပ္ခ်က္ ။ ။ အတိုက္အခံလုပ္ျပီး အျငင္းပြားစရာေတြ ျဖစ္လာဖို႔ မရွိေတာ့တာက မိုဆာလာဟာ ကမၻာအေကာင္းဆံုး ကစားသမား ဆိုတာပါပဲ။ ျပီးခဲ့တဲ့ အပတ္တုန္းက သူ႔ရဲ႕ ထိပ္တန္း ေျခစြမ္းကို ျမင္ခဲ့ၾကရတယ္။ တိုက္စစ္သမားတစ္ေယာက္အတြက္က ကြင္းထဲ ေျခခ်လိုက္တာနဲ႔ ဂိုးသြင္းႏုိင္ေတာ့မယ္ဆိုတာကို သိေနတဲ့ ခံစားခ်က္ထက္ ပိုေကာင္းတာမ်ိဳး မရွိေတာ့ပါဘူး။
အရင္အပတ္တုန္းက ဖာမင္ႏိုကလည္း သိပ္ကို ေကာင္းခဲ့ျပီး ဂ်ိဳတာနဲ႔ ဆာလာတို႔ တိုက္စစ္ပိုင္းမွာ အေကာင္းဆံုး ကစားႏုိင္ဖို႔အတြက္ ကူညီေပးႏုိင္ခဲ့ပါတယ္။
စီးတီးကို ရင္ဆိုင္တုန္းက ဘရိုက္တန္အသင္း ရခဲ့တဲ့ ရလဒ္ကို က်ေနာ္ အံ့ၾသမိခဲ့တယ္။ သူတို႔ရဲ႕ ကစားပံုက အဲ့ေလာက္လည္း မဆိုးပါဘူး။ မန္စီးတီးကိုက ေကာင္းလြန္းခဲ့တာပါ။
အန္ဖီးမွာ ဘရိုက္တန္က တုန္႔ျပန္မႈေတြ လုပ္ျပဖို႔ ေမွ်ာ္လင့္ေနပါလိမ့္မယ္။ ဒါေပမယ့္လို႔ လီဗာပူးက သူတို႔အတြက္ေတာ့ အားေကာင္းလြန္းေနတယ္။ ယူႏုိက္တက္ကို ရင္ဆုိင္ရာမွာ ျပသခဲ့တဲ့ ေျခစြမ္းအရဆိုရင္ ဘရိုက္တန္က လီဗာပူးရဲ႕ ျပိဳင္ဘက္ မဟုတ္ပါဘူး။ ဒီပြဲမွာ လီဗာပူးက ၂-၁ နဲ႔ အႏုိင္ရသြားပါလိမ့္မယ္။
အိုဝင္၏ ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၂-၁ ဘရိုက္တန္