လီဗာပူးအသင်းဟာ ဒီည ဘရိုက်တန်နဲ့ ပွဲမှာ အီဂျစ်သား တိုက်စစ်မှုး မိုဆာလာကို အနားပေးဦးမလားလို့ ပွဲကြို မှာ မေးမြန်းခံခဲ့ရရာ ကလော့ပ်ကတော့ ထိုအဆိုကို ငြင်းပယ်သွားခဲ့ပါတယ်။
ဆာလာက ဒီရာသီ ပဂီးမီးယားလိဂ် သွင်းဂိုး ၁၀ ဂိုး ထိ ရရှိထားပြီး လိဂ်မှာ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်နေပါတယ်။ ဆာလာကို အနားပေးဖို့ ဆိုတာ ပြစ်မှု ကျူးလွန်သလိုတောင် ဖြစ်နေလိမ့်မယ်၊ မေးမှ မေးရက်တယ် လို့ ကလော့ပ်က တင်စား ပြောဆိုရင်း တုန့်ပြန်သွားခဲ့ပါတယ်။
ဘရိုက်တန်နဲ့ ပွဲပြီးရင် အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ပွဲ ရှိနေတာကြောင့် ဒီစနေမှာ ဆာလာကို အနားပေးထားမလား အမေးကို ကလော့ပ်က အခုလို ပြောဆိုခဲ့တာပါ။
” ဒါဆိုရင် ခင်ဗျား မေးခွန်းကို ပထမပိုင်း တစ်ခုလုံးကို မေ့လိုက်တော့ လို့ ပြောရမှာပဲ။ ပလိစ်ဗျာ။ ဘရိုက်တန်နဲ့ ပွဲမှာ ကစားသမားတွေကို အနားပေးရမယ် ဟုတ်လား။ ဒါဆို ပြစ်မှုကြီး ကျူးလွန်လိုက်သလို ဖြစ်မှာပဲ။
ဘရိုက်တန်က သိပ်ကို ကောင်းတဲ့ အသင်းပါ။ ဒီရာသီဆို အစလည်း ကောင်းထားတယ်။ ဒီတလော သူတို့ ရလဒ်တွေ သိပ်မကောင်းတာ ရှိရင်ရှိမယ်။ ဒါပေမယ့် သူတို့နဲ့ တွေ့ရတာ လိဂ်မှာ စပယ်ရှယ် ပွဲတစ်ပွဲပါ။
မန်စီးတီးနဲ့ အရင် သူတို့တွေ့ခဲ့တဲ့ ပွဲကို မကြည့်ခဲ့ဘူး ဆိုရင် ငါ အခု ဒီလို ပြောနေတာ နားလည်ချင်မှ နားလည်လိမ့်မယ်။ ” လို့ ကလော့ပ်က ဆိုပါတယ်။
ဆာလာနဲ့ ပတ်သတ်ပြီး – ” ဟုတ်ကဲ့။ မိုကတော့ မိနစ်တိုင်း ဝင် ကစားချင်တာပဲ။ အဲဒီလောက် မလုပ်နိုင်သေးပေမယ့် သူက လုပ်ချင်တယ်။ သူတို့ အားလုံးက ပွဲတိုင်းကို ကစားချင်နေတာ။ ကျနော်က သူတို့ကို အနားပေးရင်တောင် သူတို့ နားချင်တဲ့ ပွဲတွေ မဟုတ်ဘူး။ အဲဒီလို ဖြစ်နေတာ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။
ဆာလာဟာ ဒီည အန်းဖီးမှာ ဘရိုက်တန်ကို ဧည့်ခံတဲ့ ပွဲမှာလည်း အဓိက အသင်းသား ဖြစ်လာဖို့ ရှိပြီး အသင်းရဲ့ ပြိုင်ပွဲစုံ ရှုံးပွဲ မရှိ ၂၂ ပွဲ မှတ်တမ်းကိုလည်း ဆက်လက် ဆွဲဆန့်သွားဦးမှာ ဖြစ်ပါတယ်။
Zawgyi
လီဗာပူးအသင္းဟာ ဒီည ဘရိုက္တန္နဲ႕ ပြဲမွာ အီဂ်စ္သား တိုက္စစ္မႈး မိုဆာလာကို အနားေပးဦးမလားလို႔ ပြဲၾကိဳ မွာ ေမးျမန္းခံခဲ့ရရာ ကေလာ့ပ္ကေတာ့ ထိုအဆိုကို ျငင္းပယ္သြားခဲ့ပါတယ္။
ဆာလာက ဒီရာသီ ပဂီးမီးယားလိဂ္ သြင္းဂိုး ၁၀ ဂိုး ထိ ရရွိထားျပီး လိဂ္မွာ ထိပ္တန္း ဂိုးသြင္းရွင္ ျဖစ္ေနပါတယ္။ ဆာလာကို အနားေပးဖို႔ ဆိုတာ ျပစ္မႈ က်ဴးလြန္သလိုေတာင္ ျဖစ္ေနလိမ့္မယ္၊ ေမးမွ ေမးရက္တယ္ လို႔ ကေလာ့ပ္က တင္စား ေျပာဆိုရင္း တုန္႔ျပန္သြားခဲ့ပါတယ္။
ဘရိုက္တန္နဲ႕ ပြဲျပီးရင္ အက္သလက္တီကို မက္ဒရစ္နဲ႕ ခ်န္ပီယံလိဂ္ ပြဲ ရွိေနတာေၾကာင့္ ဒီစေနမွာ ဆာလာကို အနားေပးထားမလား အေမးကို ကေလာ့ပ္က အခုလို ေျပာဆိုခဲ့တာပါ။
” ဒါဆိုရင္ ခင္ဗ်ား ေမးခြန္းကို ပထမပိုင္း တစ္ခုလံုးကို ေမ့လိုက္ေတာ့ လို႔ ေျပာရမွာပဲ။ ပလိစ္ဗ်ာ။ ဘရိုက္တန္နဲ႕ ပြဲမွာ ကစားသမားေတြကို အနားေပးရမယ္ ဟုတ္လား။ ဒါဆို ျပစ္မႈၾကီး က်ဴးလြန္လိုက္သလို ျဖစ္မွာပဲ။
ဘရုိက္တန္က သိပ္ကို ေကာင္းတဲ့ အသင္းပါ။ ဒီရာသီဆို အစလည္း ေကာင္းထားတယ္။ ဒီတေလာ သူတို႔ ရလဒ္ေတြ သိပ္မေကာင္းတာ ရွိရင္ရွိမယ္။ ဒါေပမယ့္ သူတို႔နဲ႕ ေတြ႔ရတာ လိဂ္မွာ စပယ္ရွယ္ ပြဲတစ္ပြဲပါ။
မန္စီးတီးနဲ႕ အရင္ သူတို႔ေတြ႔ခဲ့တဲ့ ပြဲကို မၾကည့္ခဲ့ဘူး ဆိုရင္ ငါ အခု ဒီလို ေျပာေနတာ နားလည္ခ်င္မွ နားလည္လိမ့္မယ္။ ” လို႔ ကေလာ့ပ္က ဆိုပါတယ္။
ဆာလာနဲ႕ ပတ္သတ္ျပီး – ” ဟုတ္ကဲ့။ မိုကေတာ့ မိနစ္တိုင္း ၀င္ ကစားခ်င္တာပဲ။ အဲဒီေလာက္ မလုပ္နိုင္ေသးေပမယ့္ သူက လုပ္ခ်င္တယ္။ သူတို႔ အားလံုးက ပြဲတိုငး္ကို ကစားခ်င္ေနတာ။ က်ေနာ္က သူတို႔ကို အနားေပးရင္ေတာင္ သူတို႔ နားခ်င္တဲ့ ပြဲေတြ မဟုတ္ဘူး။ အဲဒီလို ျဖစ္ေနတာ။ ” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။
ဆာလာဟာ ဒီည အန္းဖီးမွာ ဘရိုက္တန္ကို ဧည့္ခံတဲ့ ပြဲမွာလည္း အဓိက အသင္းသား ျဖစ္လာဖို႔ ရွိျပီး အသင္းရဲ႕ ျပိဳင္ပြဲစံု ရံႈးပြဲ မရွိ ၂၂ ပြဲ မွတ္တမ္းကိုလည္း ဆက္လက္ ဆြဲဆန္႔သြားဦးမွာ ျဖစ္ပါတယ္။