လီဗာပူးအသင်းဟာ ဒီနေ့ည ၈နာရီခွဲမှာ ဘရိုက်တန်အသင်းကို အန်းဖီးမှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပြီး ထိုပွဲမှာ လီဗာပူးမှ ဆာလာနဲ့ အယ်လစ်ဆန်တို့က ထူးခြားမှတ်တမ်းကောင်းတွေ ရသွားနိုင်ခြေ ရှိနေပါတယ်။

ဒီပွဲမှာ စိတ်ဝင်စားစရာ ကောင်းတာက မိုဆာလာ သာ ဂိုးသွင်းနိုင်ခဲ့ရင် ကင်း ကင်နီရဲ့ စံချိန် မှတ်တမ်း တစ်ခုကို အမှီ လိုက်နိုင်သွားမှာ ဖြစ်ပါတယ်။ ကင်နီ ဒဲဂလစ်ချ်ဟာ ဘရိုက်တန် အသင်းဘက် ၆ ဂိုးထိ သွင်းယူထားနိုင်တဲ့ လီဗာပူး အသင်းသား ဖြစ်ပြီး ထိုမှတ်တမ်းကို ဆာလာက လိုက်မှီသွားမှာပါ။

ဒါ့အပြင် ဆာလာရဲ့ လက်ရှိ ခြေစွမ်းနဲ့ ဆိုရင် နောက်တစ်ကြိမ် တွေ့ဆုံမှုမှာ ကင်နီကိုပါ ကျော်ဖြတ်ပြီး စံချိန်သစ် တင်သွားနိုင်ပါဦးမယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ဘရိုက်တန်နဲ့ ၂၄ ပွဲ တွေ့ဆုံဖူးပြီး ဒီနေ့ပွဲက ၂၅ ပွဲ မြောက် ဖြစ်လာမှာပါ။ ယခင် ပွဲတွေမှာ လီဗာပူးက ၁၄ ပွဲနိုင်ပြီး ၃ ကြိမ် ရှုံးနိမ့်ထားဖူးပါတယ်။

ဒီနေ့ညပွဲမှာ လီဗာပူးက ဘရိက်တန်ဘက်ကို ပေးဂိုး မရှိရင် ဂိုးသမား အယ်လစ်ဆန် အတွက် ပရီးမီးယားလိဂ် clean sheet ပွဲ ၅၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲက အယ်လစ်ဆန်ရဲ့ ၁၀၉ ပွဲ မြောက် ပရီးမီးယားလိဂ် ပွဲလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီညမှ ဘရိုက်တန်ကို မရှုံးဘူး ဆိုရင် ၁၉၈၉ က ရထားတဲ့ ၂၄ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်းကိုလည်း လိုက်မှီ သွားဦးမှာပါ။

Zawgyi

လီဗာပူးအသင္းဟာ ဒီေန႔ည ၈နာရီခြဲမွာ ဘရိုက္တန္အသင္းကို အန္းဖီးမွာ ဧည့္ခံ ကစားရေတာ့မွာ ျဖစ္ျပီး ထိုပြဲမွာ လီဗာပူးမွ ဆာလာနဲ႕ အယ္လစ္ဆန္တို႔က ထူးျခားမွတ္တမ္းေကာင္းေတြ ရသြားနုိင္ေျခ ရွိေနပါတယ္။

ဒီပြဲမွာ စိတ္၀င္စားစရာ ေကာင္းတာက မိုဆာလာ သာ ဂိုးသြင္းနိုင္ခဲ့ရင္ ကင္း ကင္နီရဲ႕ စံခ်ိန္ မွတ္တမ္း တစ္ခုကို အမွီ လိုက္နုိင္သြားမွာ ျဖစ္ပါတယ္။ ကင္နီ ဒဲဂလစ္ခ်္ဟာ ဘရိုက္တန္ အသင္းဘက္ ၆ ဂိုးထိ သြင္းယူထားနိုင္တဲ့ လီဗာပူး အသင္းသား ျဖစ္ျပီး ထိုမွတ္တမ္းကို ဆာလာက လိုက္မွီသြားမွာပါ။

ဒါ့အျပင္ ဆာလာရဲ႕ လက္ရွိ ေျခစြမ္းနဲ႕ ဆိုရင္ ေနာက္တစ္ၾကိမ္ ေတြ႔ဆံုမႈမွာ ကင္နီကိုပါ ေက်ာ္ျဖတ္ျပီး စံခ်ိန္သစ္ တင္သြားနိုင္ပါဦးမယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္မွာ ဘရုိက္တန္နဲ႕ ၂၄ ပြဲ ေတြ႔ဆံုဖူးျပီး ဒီေန႔ပြဲက ၂၅ ပြဲ ေျမာက္ ျဖစ္လာမွာပါ။ ယခင္ ပြဲေတြမွာ လီဗာပူးက ၁၄ ပြဲနိုင္ျပီး ၃ ၾကိမ္ ရံႈးနိမ့္ထားဖူးပါတယ္။

ဒီေန႔ညပြဲမွာ လီဗာပူးက ဘရိက္တန္ဘက္ကို ေပးဂိုး မရွိရင္ ဂိုးသမား အယ္လစ္ဆန္ အတြက္ ပရီးမီးယားလိဂ္ clean sheet ပြဲ ၅၀ ျပည့္ေျမာက္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီပြဲက အယ္လစ္ဆန္ရဲ႕ ၁၀၉ ပြဲ ေျမာက္ ပရီးမီးယားလိဂ္ ပြဲလည္း ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဒီညမွ ဘရိုက္တန္ကို မရံႈးဘူး ဆိုရင္ ၁၉၈၉ က ရထားတဲ့ ၂၄ ပြဲဆက္ ရံႈးပြဲ မရွိ မွတ္တမ္းကိုလည္း လိုက္မွီ သြားဦးမွာပါ။