၁၉၈၉ ခုနှစ်နဲ့ ၁၉၉၀ ခုနှစ်တွေမှာ အေစီမီလန်အသင်းနဲ့အတူ ဥရောပချန်ပီယံဆုကို နှစ်နှစ်ဆက် အနိုင်ရခဲ့ပြီး အီတလီဘောလုံးလောကရဲ့ ဂန္တဝင်ကြီးအဖြစ် ချစ်ခင်ခြင်းခံရတဲ့ နည်းပြဟောင်း ဆာချီက လီဗာပူးအသင်းကို masterpiece လို့ တင်စားလိုက်ပါတယ်။
ဒီကနေ့ခေတ် မန်နေဂျာာတွေ အများအပြားဟာ ဆာချီရဲ့ ကိုင်တွယ်ပုံ နည်းစနစ်တွေကို လေ့လာခဲ့ကြရပြီး အဲ့အထဲမှာ ယာဂင်ကလော့ပ်နဲ့ ဂွာဒီယိုလာလို မန်နေဂျာတွေလည်း ပါဝင်ခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ တယ်လီဂရပ်မှာ ဂျင်မီကာရေဂါနဲ့ ပြုလုပ်တဲ့ အင်တာဗျူးအတွင်း ဆာချီက သူ့ရဲ့ နောက်ပေါက်တွေဖြစ်တဲ့ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကို အတော်လေး ချီးကျူးခဲ့ပါတယ်။
အီတလီဂန္တဝင်ကြီး ဆာချီက “ လီဗာပူးအသင်းက တကယ်ကို masterpiece ပါပဲ။ စူပါစတား ကစားသမားတွေ မပါပါဘဲ သိပ်ကောင်းတဲ့အသင်း ဖြစ်နေတာပါ။ စစ်မှန်တဲ့ အသင်းပါပဲ။
အသင်းသား ၁၁ ယောက်က ၁ ယောက်ထဲလို ကစားနေကြပြီး အခြားသော အသင်းတွေရဲ့ အသင်းသား ၁၁ ယောက်ကတော့ ကိုယ်အတွက်ကို ကစားနေကြတယ်။ ၈၀% အချိန်တွေမှာ လီဗာပူးက ဘောလုံးရချိန်တိုင်း ရွေးလျားကစားကြပါတယ်။
အကယ်လို့ သူတို့က သံစုံသီးဝိုင်းဆိုရင် ချိန်သားကိုက် မှန်ကန်တဲ့ သံစဉ်ကို ထုတ်လွှင့်နေတာပါပဲ ” လို့ ချီးကျူးခဲ့တယ်။
ဆာချီက မန်နေဂျာကလော့ပ်နဲ့ ဂွာဒီယိုလာကို တိုက်ရိုက် ချီးကျူးမှုလည်း လုပ်ပါသေးတယ်။
“ ပပ်နဲ့ ကလော့ပ်လို ထူးချွန်တဲ့ မန်နေဂျာနှစ်ဦးက ဘောလုံးလောကကို ရှေ့ဆက် တိုးတက်အောင် လုပ်ပေးနေတာပါ။ သူတို့လို မန်နေဂျာတွေ မရှိရင် ဘောလုံးလောကက သေဆုံးသွားမှာပါ။
ဘာစီလိုနာကို ရင်ဆိုင်ကစားတဲ့ လီဗာပူးပွဲကို ကြည့်ရတာ ကျနော် သိပ်ကို ခံစားရပါတယ်။ အတော်လေး ခံစားရတယယ်။ အဲ့တာက ကလပ်တစ်သင်းက အနိုင်ရတာတင် မဟုတ်ဘဲ မြို့ကတစ်ခုလုံး အနိုင်ရတာပါ။ ကျနော်ရဲ့ နောက်ဘဝမှာတော့ အင်္ဂလန်မှာ နည်းပြဖြစ်လိုပါတယ် ” လို့ ဆာချီက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
ZAWGYI
၁၉၈၉ ခုႏွစ္နဲ႔ ၁၉၉၀ ခုႏွစ္ေတြမွာ ေအစီမီလန္အသင္းနဲ႔အတူ ဥေရာပခ်န္ပီယံဆုကို ႏွစ္ႏွစ္ဆက္ အႏုိင္ရခဲ့ျပီး အီတလီေဘာလံုးေလာကရဲ႕ ဂႏၱဝင္ၾကီးအျဖစ္ ခ်စ္ခင္ျခင္းခံရတဲ့ နည္းျပေဟာင္း ဆာခ်ီက လီဗာပူးအသင္းကို masterpiece လို႔ တင္စားလိုက္ပါတယ္။
ဒီကေန႔ေခတ္ မန္ေနဂ်ာာေတြ အမ်ားအျပားဟာ ဆာခ်ီရဲ႕ ကိုင္တြယ္ပံု နည္းစနစ္ေတြကို ေလ့လာခဲ့ၾကရျပီး အဲ့အထဲမွာ ယာဂင္ကေလာ့ပ္နဲ႔ ဂြာဒီယိုလာလို မန္ေနဂ်ာေတြလည္း ပါဝင္ခဲ့တာပါ။ ဒီတစ္ၾကိမ္မွာေတာ့ တယ္လီဂရပ္မွာ ဂ်င္မီကာေရဂါနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးအတြင္း ဆာခ်ီက သူ႔ရဲ႕ ေနာက္ေပါက္ေတြျဖစ္တဲ့ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကို အေတာ္ေလး ခ်ီးက်ဴးခဲ့ပါတယ္။
အီတလီဂႏၱဝင္ၾကီး ဆာခ်ီက “ လီဗာပူးအသင္းက တကယ္ကို masterpiece ပါပဲ။ စူပါစတား ကစားသမားေတြ မပါပါဘဲ သိပ္ေကာင္းတဲ့အသင္း ျဖစ္ေနတာပါ။ စစ္မွန္တဲ့ အသင္းပါပဲ။
အသင္းသား ၁၁ ေယာက္က ၁ ေယာက္ထဲလို ကစားေနၾကျပီး အျခားေသာ အသင္းေတြရဲ႕ အသင္းသား ၁၁ ေယာက္ကေတာ့ ကိုယ္အတြက္ကို ကစားေနၾကတယ္။ ၈၀% အခ်ိန္ေတြမွာ လီဗာပူးက ေဘာလံုးရခ်ိန္တိုင္း ေရြးလ်ားကစားၾကပါတယ္။
အကယ္လို႔ သူတို႔က သံစံုသီးဝိုင္းဆိုရင္ ခ်ိန္သားကိုက္ မွန္ကန္တဲ့ သံစဥ္ကို ထုတ္လႊင့္ေနတာပါပဲ ” လို႔ ခ်ီးက်ဴးခဲ့တယ္။
ဆာခ်ီက မန္ေနဂ်ာကေလာ့ပ္နဲ႔ ဂြာဒီယိုလာကို တိုက္ရိုက္ ခ်ီးက်ဴးမႈလည္း လုပ္ပါေသးတယ္။
“ ပပ္နဲ႔ ကေလာ့ပ္လို ထူးခၽြန္တဲ့ မန္ေနဂ်ာႏွစ္ဦးက ေဘာလံုးေလာကကို ေရွ႔ဆက္ တိုးတက္ေအာင္ လုပ္ေပးေနတာပါ။ သူတို႔လို မန္ေနဂ်ာေတြ မရွိရင္ ေဘာလံုးေလာကက ေသဆံုးသြားမွာပါ။
ဘာစီလိုနာကို ရင္ဆိုင္ကစားတဲ့ လီဗာပူးပြဲကို ၾကည့္ရတာ က်ေနာ္ သိပ္ကို ခံစားရပါတယ္။ အေတာ္ေလး ခံစားရတယယ္။ အဲ့တာက ကလပ္တစ္သင္းက အႏုိင္ရတာတင္ မဟုတ္ဘဲ ျမိဳ႔ကတစ္ခုလံုး အႏုိင္ရတာပါ။ က်ေနာ္ရဲ႕ ေနာက္ဘဝမွာေတာ့ အဂၤလန္မွာ နည္းျပျဖစ္လိုပါတယ္ ” လို႔ ဆာခ်ီက ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။