တိုက်စစ်မှူး ဖာမင်နိုက မန်နေဂျာကလော့ပ်ဟာ အရမ်း သဘောထားပြည့်သူဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးလိုက်ပြီး ကစားသမားဘဝ သူ့ရဲ့ တိုးတက်လာမှုတွေ အားလုံးက ကလော့ပ်ကြောင့်ပါလို့ ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးအသင်းကို ယာဂင်ကလော့ပ် တာဝန်ယူစဉ် ကာလအတွင်း ပွဲထွက်မှု အများဆုံးရ ကစားသမားအဖြစ် ဖာမင်နိုဟာ ၂၉၄ ပွဲထိ ကစားပေးထားပါပြီ။ နံပါတ် ၉ တိုက်စစ်သမားအဖြစ် ပြောင်းလဲ ကစားလာခဲ့တဲ့ ဖာမင်နိုဟာ တိုက်စစ်ပိုင်း နေရာစုံရသူတစ်ဦးအဖြစ် False nine နေရာအတွက် စံနမူနာ ကစားသမားအဖြစ် ထင်ရှားလာခဲ့ပါတယ်။

“ ဘော်ဘီက အကောင်းမြင်တတ်တဲ့သူပါ။ အနည်းဆုံး ကျနော်နဲ့ဆို သိပ်ကို တည်ငြိမ်တဲ့လူ။ လူတိုင်းက ဘော်ဘီကိုချစ်တယ်။ အဲ့ဒါကို သံသယဖြစ်စရာ မရှိပါဘူး။ သူကို မချစ်ပဲ ဘယ်လိုနေနိုင်မလဲ။ သူက စိတ်ထားကောင်းတဲ့သူတစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင်တောင် သူတိုရဲ့ အလုပ်အားလုံးကို သူ ကူညီလုပ်ပေးနေတာကြောင့် အသင်းဖော်တိုင်းက သူ့ကို ချစ်ကြမှာပါ ” လို့ ကလော့ပ်က ထုတ်ဖော် ချီးကျူးထားတာပါ။

ဖာမင်နိုကလည်း “ ကလော့ပ်က ထူးချွန်တဲ့ နည်းပြတစ်ဦး ဖြစ်တဲ့အပြင် သဘောထားပြည့်ပြီး စိတ်လှုပ်ရှားစရာ ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။ ဒီကနေ့ ကျနော်က ပိုကောင်းတဲ့ ကစားသမားဖြစ်နေတာက ကလော့ပ်ရဲ့ ကျေးဇူးကြောင့်ဆိုတာကို ပြောနိုင်ပါတယ်။

ဂျာမနီမှာတည်းက ကျနေ်ာတို့က အချင်းချင်း သိကြပါတယ်။ လီဗာပူးမှာတော့ ကျနေ်ာတို့ နှစ်ဦးက ၆ နှစ်လောက် အတူတူ ကစားလာခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာ ကျနော်က နေရာတစ်နေရာထက် ပိုပြီး သက်သောင့်သက်သာ ကားလာနိုင်ပါတယ်။ ကျနော် လွတ်လပ်စွာ ရွေးလျား ကစားလာနိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဖာမင်နိုဟာ တစ်ကိုယ်ကောင်းဆန်မှု နည်းပါးသူဖြစ်ကာ အသင်းအတွက်ပဲ ဦးစားပေး ကစားသူအဖြစ် ချီးကျူးခံရသူလည်း ဖြစ်ပါတယ်။ ဖာမင်နိုကတော့ သူတစ်ယောက်တင် ကိုယ်ကျိုးမငဲ့ ကစားပေးနေတာ မဟုတ်ဘဲ အသင်းဖော်တွေ အားလုံးက အချင်းချင်းအတွက် ကစားပေးကြတာပါလို့ ဆိုပါသေးတယ်။

“ ကျနော်က ကိုယ်ကျိုးမငဲ့သူလို့ မထင်ပါဘူး။ အသင်းဖော်တိုင်းက ကွင်းထဲမှာ ကိုယ်ရဲ့ တာဝန်ကို ကျေပွန်အောင် ကြိုးစားကြပါတယ်။ ကျနေ်ာတို့က အချိန်တစ်ခုကြာ အသင်းဖော်တွေအဖြစ် အတူကစားလာခဲ့ကြတယ်။ ကျနေ်ာတို့က အချင်းချင်းလည်း ကောင်းကောင်းသိပါတယ်။

လီဗာပူးအတွက် ကျနေ်ာတို့ အချင်းချင်း ကစားပေးနေကြတာကပဲ ကြီးမားတဲ့ ခြားနားမှု ဖြစ်ပါတယ် ” လို့ ဖာမင်နိုက ဆိုသွားခဲ့ပါတယ်။

ZAWGYI

တိုက္စစ္မွဴး ဖာမင္ႏိုက မန္ေနဂ်ာကေလာ့ပ္ဟာ အရမ္း သေဘာထားျပည့္သူျဖစ္ေၾကာင္း ထုတ္ေဖာ္ ခ်ီးက်ဴးလိုက္ျပီး ကစားသမားဘဝ သူ႔ရဲ႕ တိုးတက္လာမႈေတြ အားလံုးက ကေလာ့ပ္ေၾကာင့္ပါလို႔ ထုတ္ေျပာခဲ့ပါတယ္။

လီဗာပူးအသင္းကို ယာဂင္ကေလာ့ပ္ တာဝန္ယူစဥ္ ကာလအတြင္း ပြဲထြက္မႈ အမ်ားဆံုးရ ကစားသမားအျဖစ္ ဖာမင္ႏိုဟာ ၂၉၄ ပြဲထိ ကစားေပးထားပါျပီ။ နံပါတ္ ၉ တိုက္စစ္သမားအျဖစ္ ေျပာင္းလဲ ကစားလာခဲ့တဲ့ ဖာမင္ႏိုဟာ တိုက္စစ္ပိုင္း ေနရာစံုရသူတစ္ဦးအျဖစ္ False nine ေနရာအတြက္ စံနမူနာ ကစားသမားအျဖစ္ ထင္ရွားလာခဲ့ပါတယ္။

“ ေဘာ္ဘီက အေကာင္းျမင္တတ္တဲ့သူပါ။ အနည္းဆုံး က်ေနာ္နဲ႔ဆို သိပ္ကို တည္ၿငိမ္တဲ့လူ။ လူတိုင္းက ေဘာ္ဘီကိုခ်စ္တယ္။ အဲ့ဒါကို သံသယျဖစ္စရာ မရွိပါဘူး။ သူကို မခ်စ္ပဲ ဘယ္လိုေနႏိုင္မလဲ။ သူက စိတ္ထားေကာင္းတဲ့သူတစ္ေယာက္ မဟုတ္ခဲ့ဘူးဆိုရင္ေတာင္ သူတိုရဲ႕ အလုပ္အားလုံးကို သူ ကူညီလုပ္ေပးေနတာေၾကာင့္ အသင္းေဖာ္တိုင္းက သူ႔ကို ခ်စ္ၾကမွာပါ ” လို႔ ကေလာ့ပ္က ထုတ္ေဖာ္ ခ်ီးက်ဴးထားတာပါ။

ဖာမင္ႏိုကလည္း “ ကေလာ့ပ္က ထူးခၽြန္တဲ့ နည္းျပတစ္ဦး ျဖစ္တဲ့အျပင္ သေဘာထားျပည့္ျပီး စိတ္လႈပ္ရွားစရာ ပုဂၢိဳလ္တစ္ဦးပဲ ျဖစ္ပါတယ္။ ဒီကေန႔ က်ေနာ္က ပိုေကာင္းတဲ့ ကစားသမားျဖစ္ေနတာက ကေလာ့ပ္ရဲ႕ ေက်းဇူးေၾကာင့္ဆိုတာကို ေျပာႏုိင္ပါတယ္။

ဂ်ာမနီမွာတည္းက က်ေန္ာတို႔က အခ်င္းခ်င္း သိၾကပါတယ္။ လီဗာပူးမွာေတာ့ က်ေန္ာတို႔ ႏွစ္ဦးက ၆ ႏွစ္ေလာက္ အတူတူ ကစားလာခဲ့တာျဖစ္ပါတယ္။ ဒီေန႔မွာ က်ေနာ္က ေနရာတစ္ေနရာထက္ ပိုျပီး သက္ေသာင့္သက္သာ ကားလာႏုိင္ပါတယ္။ က်ေနာ္ လြတ္လပ္စြာ ေရြးလ်ား ကစားလာႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဖာမင္ႏိုဟာ တစ္ကိုယ္ေကာင္းဆန္မႈ နည္းပါးသူျဖစ္ကာ အသင္းအတြက္ပဲ ဦးစားေပး ကစားသူအျဖစ္ ခ်ီးက်ဴးခံရသူလည္း ျဖစ္ပါတယ္။ ဖာမင္ႏိုကေတာ့ သူတစ္ေယာက္တင္ ကိုယ္က်ိဳးမငဲ့ ကစားေပးေနတာ မဟုတ္ဘဲ အသင္းေဖာ္ေတြ အားလံုးက အခ်င္းခ်င္းအတြက္ ကစားေပးၾကတာပါလို႔ ဆိုပါေသးတယ္။

“ က်ေနာ္က ကိုယ္က်ိဳးမငဲ့သူလို႔ မထင္ပါဘူး။ အသင္းေဖာ္တိုင္းက ကြင္းထဲမွာ ကိုယ္ရဲ႕ တာဝန္ကို ေက်ပြန္ေအာင္ ၾကိဳးစားၾကပါတယ္။ က်ေန္ာတို႔က အခ်ိန္တစ္ခုၾကာ အသင္းေဖာ္ေတြအျဖစ္ အတူကစားလာခဲ့ၾကတယ္။ က်ေန္ာတို႔က အခ်င္းခ်င္းလည္း ေကာင္းေကာင္းသိပါတယ္။

လီဗာပူးအတြက္ က်ေန္ာတို႔ အခ်င္းခ်င္း ကစားေပးေနၾကတာကပဲ ၾကီးမားတဲ့ ျခားနားမႈ ျဖစ္ပါတယ္ ” လို႔ ဖာမင္ႏိုက ဆိုသြားခဲ့ပါတယ္။