ဒီတစ်ပတ် ချန်ပီယံလိဂ် အုပ်စုတွင်း ပွဲစဉ် (၄) အဖြစ် လီဗာပူး အသင်းဟာ လာလီဂါချန်ပီယံ အက်သလက်တီကို မက်ဒရစ်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
လီဗာပူး ကွင်းလယ်လူတွေဖြစ်တဲ့ ဖာဘင်ညိုနဲ့ သီယာဂိုတို့ဟာ အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ပြီး နှစ်ဦးထဲမှာ ဖာဘင်ညိုက ဘောလုံးကစားနိုင်ဖို့ ပိုမို အရေးသာနေတယ်လို့ သိရပါတယ်။ သူတို့ နှစ်ဦးကလွဲရင် အခြားသော ကွင်းလယ်လူတွေအဖြစ်တော့ ဟန်ဒါဆန်၊ ချိန်ဘာလိန်နဲ့ ကာတစ်ဂျုံးတို့ ရှိနေမှာဖြစ်တယ်။
လီဗာပူးဟာ အုပ်စုတွင်း ပွဲစဉ် ၃ ပွဲ ကစားရာမှာ ရမှတ် ၉ မှတ်ရထားတာဖြစ်ပြီး ဒီပွဲကို အနိုင်ရရင် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ပြီဖြစ်ပါလိမ့်မယ်။ လီဗာပူးနဲ့ အက်သလက်တီကိုပွဲ အတွက် မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
လီဗာပူး Vs တီကို
ချန်ပီယံလိဂ် အုပ်စုတွင်း ပွဲစဉ် (၄)
နိုဝင်ဘာလ ၃၀ ရက်၊ ကြာသပတေးနေ့။
မြန်မာစံတော်ချိန် နံနက် ၂း၃၀ နာရီ။
အိုဝင်၏ သုံးသပ်ချက် ။ ။ လီဗာပူးက ဒီရာသီ ချန်ပီယံမှာ သုံးပွဲကစား သုံးပွဲနိုင်ရလဒ်ကို ရယူထားတာဖြစ်ပါတယ်။ မက်ဒရစ်မှာ စိတ်လှုပ်ရှားဖွယ် နိုင်ပွဲအပြီး အန်ဖီးမှာလည်း လီဗာပူးက အနိုင်ရမယ်လို့ ကျနော် မျှော်လင့်ထားတယ်။ ဆာလာက အုပ်စုပွဲ ၃ ပွဲမှာ သွင်းဂိုး ၅ ဂိုး ရထားပါတယ်။ ဆာလာ ဂိုးသွင်းပြီး လီဗာပူး အနိုင်ရပါလိမ့်မယ်။
အိုဝင်၏ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၀ အက်သလက်တီကို မက်ဒရစ်
Zawgyi
ဒီတစ္ပတ္ ခ်န္ပီယံလိဂ္ အုပ္စုတြင္း ပြဲစဥ္ (၄) အျဖစ္ လီဗာပူး အသင္းဟာ လာလီဂါခ်န္ပီယံ အက္သလက္တီကို မက္ဒရစ္ကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။
လီဗာပူး ကြင္းလယ္လူေတြျဖစ္တဲ့ ဖာဘင္ညိဳနဲ႔ သီယာဂိုတုိ႔ဟာ အသင္းနဲ႔အတူ ေလ့က်င့္ေရး ျပန္ဝင္ခဲ့ျပီး ႏွစ္ဦးထဲမွာ ဖာဘင္ညိဳက ေဘာလံုးကစားႏုိင္ဖုိ႔ ပိုမို အေရးသာေနတယ္လို႔ သိရပါတယ္။ သူတို႔ ႏွစ္ဦးကလြဲရင္ အျခားေသာ ကြင္းလယ္လူေတြအျဖစ္ေတာ့ ဟန္ဒါဆန္၊ ခ်ိန္ဘာလိန္နဲ႔ ကာတစ္ဂ်ံဳးတို႔ ရွိေနမွာျဖစ္တယ္။
လီဗာပူးဟာ အုပ္စုတြင္း ပြဲစဥ္ ၃ ပြဲ ကစားရာမွာ ရမွတ္ ၉ မွတ္ရထားတာျဖစ္ျပီး ဒီပြဲကို အႏုိင္ရရင္ ရွံဳးထြက္အဆင့္ကို တက္ေရာက္ႏုိင္ျပီျဖစ္ပါလိမ့္မယ္။ လီဗာပူးနဲ႔ အက္သလက္တီကိုပြဲ အတြက္ မိုက္ကယ္အိုဝင္က အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။
လီဗာပူး Vs တီကို
ခ်န္ပီယံလိဂ္ အုပ္စုတြင္း ပြဲစဥ္ (၄)
ႏိုဝင္ဘာလ ၃၀ ရက္၊ ၾကာသပေတးေန႔။
ျမန္မာစံေတာ္ခ်ိန္ နံနက္ ၂း၃၀ နာရီ။
အိုဝင္၏ သံုးသပ္ခ်က္ ။ ။ လီဗာပူးက ဒီရာသီ ခ်န္ပီယံမွာ သံုးပြဲကစား သံုးပြဲႏုိင္ရလဒ္ကို ရယူထားတာျဖစ္ပါတယ္။ မက္ဒရစ္မွာ စိတ္လႈပ္ရွားဖြယ္ ႏုိင္ပြဲအျပီး အန္ဖီးမွာလည္း လီဗာပူးက အႏုိင္ရမယ္လို႔ က်ေနာ္ ေမွ်ာ္လင့့္ထားတယ္။ ဆာလာက အုပ္စုပြဲ ၃ ပြဲမွာ သြင္းဂိုး ၅ ဂိုး ရထားပါတယ္။ ဆာလာ ဂိုးသြင္းျပီး လီဗာပူး အႏုိင္ရပါလိမ့္မယ္။
အိုဝင္၏ ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၂-၀ အက္သလက္တီကို မက္ဒရစ္