ရီးရဲလ်မက်ဒရစ် ကွင်းလယ်တိုက်စစ်သမား အဆန်စီယိုကို ခေါ်ယူဖို့ လီဗာပူး၊ အာဆင်နယ်၊ ဂျူဗင်တပ်၊ အေစီမီလန်နဲ့ ဒေါ့မွန်တို့ဘက်က စိတ်ဝင်စားမှုတွေ ပြသနေပြီး ဂျာမာန်ကလပ်က အခွင့်အရေး အသာဆုံး ဖြစ်နေပါတယ်။
လာမယ့်ရာသီမှာ ဘယ်လင်ဟမ်က လီဗာပူးကို ပြောင်းတော့မှာလားဆိုတဲ့ FourFourTwo မှ သတင်းကို ဘယ်လင်ဟမ်က ရယ်မောနေတဲ့ ပုံစံဖြင့် တွစ်တာမှာ Tweet သွားခဲ့ပါတယ်။ နောက်ပိုင်း ပိုစ့်ကို ပြန်ဖျက်သွားပါတယ်။
လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ လက်စတာမှ ဟာဗေးဘန်းစ်ကို စိတ်ဝင်စားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမားကို ကလော့ပ်က အတော်လေး သဘောကျပြီး သူဟာ ဒီရာသီမှာ ကိုယ်တိုင် ၂ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ထားနိုင်ပါတယ်။
၂၀၁၃ မှာ လီဗာပူးကနေ အာဆင်နယ်ကို ပြောင်းဖို့ ကြိုးစားခဲ့တာက ချန်ပီယံလိဂ် ကစားလိုတာကြောင့် ဖြစ်ပေမယ့် စတီဗင်ဂျရတ်က နားချခဲ့ကြောင်း ဆွာရက်စ်က ထုတ်ဖော် ဝန်ခံပါတယ်။
လီဗာပူး ကွင်းလယ်လူတွေဖြစ်တဲ့ ဖာဘင်ညိုနဲ့ သီယာဂိုတို့ဟာ အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ပြီး နှစ်ဦးထဲမှာ ဖာဘင်ညိုက ဘောလုံးကစားနိုင်ဖို့ ပိုမို အရေးသာနေတယ်လို့ သိရပါတယ်။
စပါးမန်နေဂျာသစ်ဖြစ်လာမယ့် ကွန်တီဟာ လိဂ်ရဲ့ လုပ်ခ အမြင့်ဆုံး မန်နေဂျာစာရင်းမှာ ဂွာဒီယိုလာနဲ့ တန်းတူအဖြစ် တစ်နှစ်ကို လုပ်ခ ပေါင် သန်း ၂၀ ရမှာဖြစ်ပါတယ်။ ဒါဟာ လီဗာပူးမှာ ယာဂင်ကလော့ပ် ရနေတဲ့ တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်းထက် ပိုများပါတယ်။
ယူနီယံ ဘာလင်အသင်း တိုက်စစ်သမား အဝန်နီယီက သူ့ရဲ့ ကစားသမားဘဝအတွက် လီဗာပူးက အကောင်းဆုံး အရာတွေ ပေးခဲ့တာကြောင့် လီဗာပူးမှာ ရှိခဲ့တာကော၊ ဂျာမာန်ကလပ်ကို ပြောင်းခဲ့ရတာကိုပါ နောင်တ မရပါဘူးလို့ ပြောပါတယ်။
မာနေးက “ ကျနော် အမြဲ ပြောပါတယ်။ ဒါကိုပဲ ထပ်ပြောပါမယ်။ ဖာမင်နို မရှိရင် ကျနေ်ာတို့က ဒီလိုအသင်းမျိုးနဲ့ ကွားခြားနေမှာပါ။ ကုန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ သူနဲ့ အတူတွဲကစားခဲ့ပြီး သူက ဘောလုံးပေးမှုတွေနဲ့ ဂိုးထောက်ပံ့မှုတွေ ဘယ်လောက်တောင် လုပ်ပေးနိုင်တယ်ဆိုတာကို အားလုံးလည်း မြင်ကြပါတယ် ” လို့ ဆိုပါတယ်။
ZAWGYI
ရီးရဲလ္မက္ဒရစ္ ကြင္းလယ္တိုက္စစ္သမား အဆန္စီယိုကို ေခၚယူဖို႔ လီဗာပူး၊ အာဆင္နယ္၊ ဂ်ဴဗင္တပ္၊ ေအစီမီလန္နဲ႔ ေဒါ့မြန္တို႔ဘက္က စိတ္ဝင္စားမႈေတြ ျပသေနျပီး ဂ်ာမာန္ကလပ္က အခြင့္အေရး အသာဆံုး ျဖစ္ေနပါတယ္။
လာမယ့္ရာသီမွာ ဘယ္လင္ဟမ္က လီဗာပူးကို ေျပာင္းေတာ့မွာလားဆိုတဲ့ FourFourTwo မွ သတင္းကို ဘယ္လင္ဟမ္က ရယ္ေမာေနတဲ့ ပံုစံျဖင့္ တြစ္တာမွာ Tweet သြားခဲ့ပါတယ္။ ေနာက္ပိုင္း ပိုစ့္ကို ျပန္ဖ်က္သြားပါတယ္။
လီဗာပူးအသင္းဟာ တိုက္စစ္ပိုင္း အင္အားျဖည့္ဖို႔ လက္စတာမွ ဟာေဗးဘန္းစ္ကို စိတ္ဝင္စားေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ တိုက္စစ္သမားကို ကေလာ့ပ္က အေတာ္ေလး သေဘာက်ျပီး သူဟာ ဒီရာသီမွာ ကိုယ္တိုင္ ၂ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ လုပ္ထားႏုိင္ပါတယ္။
၂၀၁၃ မွာ လီဗာပူးကေန အာဆင္နယ္ကို ေျပာင္းဖို႔ ၾကိဳးစားခဲ့တာက ခ်န္ပီယံလိဂ္ ကစားလိုတာေၾကာင့္ ျဖစ္ေပမယ့္ စတီဗင္ဂ်ရတ္က နားခ်ခဲ့ေၾကာင္း ဆြာရက္စ္က ထုတ္ေဖာ္ ဝန္ခံပါတယ္။
လီဗာပူး ကြင္းလယ္လူေတြျဖစ္တဲ့ ဖာဘင္ညိဳနဲ႔ သီယာဂိုတုိ႔ဟာ အသင္းနဲ႔အတူ ေလ့က်င့္ေရး ျပန္ဝင္ခဲ့ျပီး ႏွစ္ဦးထဲမွာ ဖာဘင္ညိဳက ေဘာလံုးကစားႏုိင္ဖုိ႔ ပိုမို အေရးသာေနတယ္လို႔ သိရပါတယ္။
စပါးမန္ေနဂ်ာသစ္ျဖစ္လာမယ့္ ကြန္တီဟာ လိဂ္ရဲ႕ လုပ္ခ အျမင့္ဆံုး မန္ေနဂ်ာစာရင္းမွာ ဂြာဒီယိုလာနဲ႔ တန္းတူအျဖစ္ တစ္ႏွစ္ကို လုပ္ခ ေပါင္ သန္း ၂၀ ရမွာျဖစ္ပါတယ္။ ဒါဟာ လီဗာပူးမွာ ယာဂင္ကေလာ့ပ္ ရေနတဲ့ တစ္ႏွစ္လုပ္ခ ေပါင္ ၁၅ သန္းထက္ ပိုမ်ားပါတယ္။
ယူနီယံ ဘာလင္အသင္း တိုက္စစ္သမား အဝန္နီယီက သူ႔ရဲ႕ ကစားသမားဘဝအတြက္ လီဗာပူးက အေကာင္းဆံုး အရာေတြ ေပးခဲ့တာေၾကာင့္ လီဗာပူးမွာ ရွိခဲ့တာေကာ၊ ဂ်ာမာန္ကလပ္ကို ေျပာင္းခဲ့ရတာကိုပါ ေနာင္တ မရပါဘူးလို႔ ေျပာပါတယ္။
မာေနးက “ က်ေနာ္ အျမဲ ေျပာပါတယ္။ ဒါကိုပဲ ထပ္ေျပာပါမယ္။ ဖာမင္ႏို မရွိရင္ က်ေန္ာတို႔က ဒီလိုအသင္းမ်ိဳးနဲ႔ ကြားျခားေနမွာပါ။ ကုန္ခဲ့တဲ့ ၅ ႏွစ္အတြင္းမွာ သူနဲ႔ အတူတြဲကစားခဲ့ျပီး သူက ေဘာလံုးေပးမႈေတြနဲ႔ ဂိုးေထာက္ပံ့မႈေတြ ဘယ္ေလာက္ေတာင္ လုပ္ေပးႏုိင္တယ္ဆိုတာကို အားလံုးလည္း ျမင္ၾကပါတယ္ ” လို႔ ဆိုပါတယ္။