အက်သလက်တီကို မက်ဒရစ်ဟာ အန်ဖီးမှာ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်း ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ပရိသတ် ၂၀၀ ကိုပဲ ခေါ်ဆောင်လာမှာ ဖြစ်ပါတယ်။
လီဗာပူးက စပိန်ချန်ပီယံတွေကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး တီကိုဘက်ကတော့ ဗြိတိန်ရဲ့ ကိုဗစ်မျိုးကွဲ ဒယ်တာဗိုင်းရပ်စ် ပျံ့နှံ့မယ့် အန္တရာယ်ကို ရှောင်ရှားဖို့ရာ အသင်းပရိသတ်တွေကို လက်မှတ် ၂၀၀ ကိုပဲ ရောင်းချခဲ့ပြီး သူတို့ရဲ့ ခွဲတမ်း အများအပြားကို ဆုံးရှုံးခံခဲ့တာ ဖြစ်ပါတယ်။
အန်ဖီးကွင်းမှာ နှစ်သင်း နောက်ဆုံးအကြိမ် တွေ့ဆုံထားမှုမှာတော့ အမှတ်တရတွေ ရှိနေခဲ့တာပါ။ မတ်လ ၂၀၂၀ မှာ ဥရောပချန်ပီယံ လီဗာပူးက စပိန်ကလပ်ကို ၁၆ သင်း အဆင့်မှာတင် အရေးနိမ့်ခဲ့တာဖြစ်ပြီး အဆိုပါပွဲဟာ ကိုဗစ်ကာလ မတိုင်ခင် လီဗာပူးရဲ့ နောက်ဆုံးသော ပရိသတ်အပြည့်ဖြင့် ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲလည်း ဖြစ်ပါတယ်။
၂၀၂၀ တုန်းက ကိုဗစ်ရိုက်ခတ်မှုတွေ မြင့်တက်လာပေမယ့်လို့ အန်ဖီးကို စပိန်ပရိသတ် ၃၀၀၀ က လာရောက် အားပေးခွင့်ရခဲ့တာဖြစ်တယ်။ ဒီရာသီမှာ လီဗာပူးဟာ ချန်ပီယံလိဂ် အုပ်စုပွဲကို ၃ ပွဲကစား ၃ ပွဲနိုင် ရမှတ် ၉ မှတ်ရနေတာပါ။
လီဗာပူးအတွက် သတင်းကောင်းကတော့ ပွဲကြို လေ့ကျင့်ရေးမှာ သီယာဂိုနဲ့ ဖာဘင်ညိုတို့ ပါဝင်နိုင်နေပြီဖြစ်ပါတယ်။ သီယာဂိုက ခြေသလုံး ဒဏ်ရာနဲ့ ဖာဘင်ညိုကတော့ တံကောက်ကြော ဒဏ်ရာတွေကြောင့် အနားယူနေခဲ့ရတာဖြစ်တယ်။
သူတို့နှစ်ဦးကို ချန်ပီယံလိဂ်ပွဲကြိုမှာ လေ့ကျင့်ရေး ပြန်ဝင်ဖို့ အသင်းဆေးအဖွဲ့က မီးစိမ်းပြခဲ့တာတယ်။ အက်သလက်တီကိုပွဲမှာ ပါဝင်ပေးဖို့ ကြံ့ခိုင်မှုပိုင်း အနီးစပ်ဆုံး အခြေအနေ ရှိနေသူက ဖာဘင်ညို ဖြစ်တယ်လို့ သိရပါတယ်။ သူ့ကို ပွဲထွက်လူစာရင်းထဲ ထည့်မလားဆိုတာကို မန်နေဂျာကလော့ပ်က နောက်ဆုံး ဆုံးဖြတ်ချက်ကို လုပ်ပေးရပါမယ်။
ဒီပွဲမှာတော့ ပထမအကြိမ် ထိပ်တိုက်တွေ့မှုမှာ အနီကဒ်ထိသွားတဲ့ အက်သလက်တီကို တိုက်စစ်သမား ဂရစ်စမန်း ပါဝင်ခွင့်ရမှာ မဟုတ်ဘဲ လူးဝစ်ဆွာရက်စ် ပွဲထွက်လူစာရင်းထဲ ပါဝင်လာမယ်လို့ သတင်းကြီးနေတာ ဖြစ်ပါတယ်။
ZAWGYI
အက္သလက္တီကို မက္ဒရစ္ဟာ အန္ဖီးမွာ ယွဥ္ျပိဳင္မယ့္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲတြင္း ကိုဗစ္ဆိုင္ရာ ကန္႔သတ္ခ်က္ေတြေၾကာင့္ ပရိသတ္ ၂၀၀ ကိုပဲ ေခၚေဆာင္လာမွာ ျဖစ္ပါတယ္။
လီဗာပူးက စပိန္ခ်န္ပီယံေတြကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္ျပီး တီကိုဘက္ကေတာ့ ျဗိတိန္ရဲ႕ ကိုဗစ္မ်ိဳးကြဲ ဒယ္တာဗိုင္းရပ္စ္ ပ်ံ႔ႏွံ႔မယ့္ အႏၱရာယ္ကို ေရွာင္ရွားဖို႔ရာ အသင္းပရိသတ္ေတြကို လက္မွတ္ ၂၀၀ ကိုပဲ ေရာင္းခ်ခဲ့ျပီး သူတို႔ရဲ႕ ခြဲတမ္း အမ်ားအျပားကို ဆံုးရွံဳးခံခဲ့တာ ျဖစ္ပါတယ္။
အန္ဖီးကြင္းမွာ ႏွစ္သင္း ေနာက္ဆံုးအၾကိမ္ ေတြ႔ဆံုထားမႈမွာေတာ့ အမွတ္တရေတြ ရွိေနခဲ့တာပါ။ မတ္လ ၂၀၂၀ မွာ ဥေရာပခ်န္ပီယံ လီဗာပူးက စပိန္ကလပ္ကို ၁၆ သင္း အဆင့္မွာတင္ အေရးနိမ့္ခဲ့တာျဖစ္ျပီး အဆိုပါပြဲဟာ ကိုဗစ္ကာလ မတိုင္ခင္ လီဗာပူးရဲ႕ ေနာက္ဆံုးေသာ ပရိသတ္အျပည့္ျဖင့္ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲလည္း ျဖစ္ပါတယ္။
၂၀၂၀ တုန္းက ကိုဗစ္ရိုက္ခတ္မႈေတြ ျမင့္တက္လာေပမယ့္လို႔ အန္ဖီးကို စပိန္ပရိသတ္ ၃၀၀၀ က လာေရာက္ အားေပးခြင့္ရခဲ့တာျဖစ္တယ္။ ဒီရာသီမွာ လီဗာပူးဟာ ခ်န္ပီယံလိဂ္ အုပ္စုပြဲကို ၃ ပြဲကစား ၃ ပြဲႏုိင္ ရမွတ္ ၉ မွတ္ရေနတာပါ။
လီဗာပူးအတြက္ သတင္းေကာင္းကေတာ့ ပြဲၾကိဳ ေလ့က်င့္ေရးမွာ သီယာဂိုနဲ႔ ဖာဘင္ညိဳတို႔ ပါဝင္ႏုိင္ေနျပီျဖစ္ပါတယ္။ သီယာဂိုက ေျခသလံုး ဒဏ္ရာနဲ႔ ဖာဘင္ညိဳကေတာ့ တံေကာက္ေၾကာ ဒဏ္ရာေတြေၾကာင့္ အနားယူေနခဲ့ရတာျဖစ္တယ္။
သူတို႔ႏွစ္ဦးကို ခ်န္ပီယံလိဂ္ပြဲၾကိဳမွာ ေလ့က်င့္ေရး ျပန္ဝင္ဖို႔ အသင္းေဆးအဖြဲ႔က မီးစိမ္းျပခဲ့တာတယ္။ အက္သလက္တီကိုပြဲမွာ ပါဝင္ေပးဖို႔ ၾကံ႕ခိုင္မႈပိုင္း အနီးစပ္ဆံုး အေျခအေန ရွိေနသူက ဖာဘင္ညိဳ ျဖစ္တယ္လို႔ သိရပါတယ္။ သူ႔ကို ပြဲထြက္လူစာရင္းထဲ ထည့္မလားဆိုတာကို မန္ေနဂ်ာကေလာ့ပ္က ေနာက္ဆံုး ဆံုးျဖတ္ခ်က္ကို လုပ္ေပးရပါမယ္။
ဒီပြဲမွာေတာ့ ပထမအၾကိမ္ ထိပ္တိုက္ေတြ႔မႈမွာ အနီကဒ္ထိသြားတဲ့ အက္သလက္တီကို တိုက္စစ္သမား ဂရစ္စမန္း ပါဝင္ခြင့္ရမွာ မဟုတ္ဘဲ လူးဝစ္ဆြာရက္စ္ ပြဲထြက္လူစာရင္းထဲ ပါဝင္လာမယ္လို႔ သတင္းၾကီးေနတာ ျဖစ္ပါတယ္။