ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူး အသင်းဟာ ဒီရာသီမှာ စွမ်းဆောင်ရည် ကောင်းနေတဲ့ ဝက်ဟမ်းကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ လီဗာပူးနဲ့ ဝက်ဟမ်းပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
ဝက်ဟမ်း Vs လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၁၁)
နိုဝင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
မြန်မာစံတော်ချိန် ည ၁၁ နာရီ။
လော်ရိုး၏ သုံးသပ်ချက် ။ ။ အခုချိန်မှာ ဝက်ဟမ်းပရိသတ်တွေကတော့ စိတ်လှုပ်ရှားနေတော့ မှာပါပဲ။ ကျနော်က သရေ (သို့) အရှုံးလို့ ခန့်မှန်းရင်ကို သူတို့က နိုင်သွားတာပါ။ ဒီတော့ ဒီပွဲအတွက် ကျနော်ရဲ့ ခန့်မှန်းကို ဝက်ဟမ်း ပရိသတ်တွေကတော့ ပျော်နေပါလိမ့်မယ်။
လန်ဒန်ကွင်းမှာ သိပ်ကောင်းတဲ့ အားပေးမှုပုံစံနဲ့ အငွေ့အသက်တွေ ရှိနေပါမယ်။ ဘာလို့လည်းဆိုတော့ ဝက်ဟမ်းက အကောင်းဆုံး လုပ်နေပြီး လန်ဒန်ရဲ့ ထိပ်တန်း အသင်းတွေထဲက တစ်သင်း ဖြစ်ပါတယ်။
လီဗာပူးက ဝက်ဟမ်းရဲ့ ကောင်းမွန်နေမှုကို ဖျက်ဆီးမယ်လို့ ထင်ပါတယ်။ ကြားရက်က အက်သလက်တီကိုပွဲမှာ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ အတော်လေးကို အထင်ကြီးဖို့ ကောင်းခဲ့ပါတယ်။ ဝက်ဟမ်းကို ထိန်းနိုင်ဖို့၊ အန်တိုနီယိုကို ရင်ဆိုင်ဖို့ဆိုရင် ဗန်ဒိုက်နဲ့ မာတစ်က ယာဂင်ကလော့ပ်အတွက် အဖြေပဲ ဖြစ်ပါလိမ့်မယ်။
လော်ရိုး ခန့်မှန်းရလဒ်။ ။ ဝက်ဟမ်း ၁-၂ လီဗာပူး
Zawgyi
ဝက်ဟမ်း Vs လီဗာပူး