အက်သလက်တီကို မက်ဒရစ်နဲ့ပွဲက အကောင်းစား စွမ်းဆောင်မှုတွေအပြီး ထရန့် အလက်ဇန္ဒား-အာနိုးဟာ အင်္ဂလန်ရဲ့ ညာအစွန် ပွဲထွက်နေရာမှာ ကျန်တဲ့ကစားသမားတွေ အားလုံးထက် ရှေ့မှာ ရောက်နေသင့်တယ်လို့ ပီတာခရော့ချ်က မှတ်ချက်ပေးလိုက်ပါတယ်။
ဒဏ်ရာကြောင့် ယူရို ၂၀၂၀ ကို လွဲချော်ခဲ့တဲ့ လီဗာပူးနောက်ခံလူဟာ မနေ့က အန်ဖီးမှာ ၂-၀ နဲ့ နိုင်ခဲ့တဲ့အတွင်း အသင်းဖော် တိုက်စစ်သမားတွေဖြစ်တဲ့ ဂျိုတာ၊ မာနေးတို့ရဲ့ သွင်းဂိုးတွေအတွက် နှစ်ဂိုးလုံးကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ညာအစွန်လူဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ညာအစွန် နေရာမှာလည်း ချယ်ဆီးရဲ့ ရိစ်ဂျိမ်းထက် နေရာရသင့်ပါကြောင်း အင်္ဂလန်တိုက်စစ်မှူးဟောင်းက ပြောဆိုခဲ့တာပါ။
“ ထရန့်က ကျွန်တော့်ရဲ့ ပထမဦးစားပေး ညာအစွန်လူပါပဲ။ သူ့ရဲ့ တိုက်စစ်ပံ့ပိုးမှု အရည်အသွေး၊ ဘောလုံးထိန်းချုပ်ပုံနဲ့ ပေးပို့မှု စွမ်းရည်တွေက မယုံနိုင်စရာကောင်းတယ်လို့ ထင်တယ်။
ရိစ်ဂျိမ်းစ်ကိုလည်း ကျွန်တော် ကြိုက်ပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ညာအစွန်လူတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် ထရန့်က အကောင်းဆုံးပါပဲ ” လို့ ခရော့က ပြောခဲ့တာ ဖြစ်ပါတယ်။
မတူညီတဲ့ ချန်နယ်ကနေပဲ အင်္ဂလန်ကစားသမားဟောင်းတွေဖြစ်တဲ့ ဖာဒီနန်နဲ့ အိုဝင်တို့ကလည်း အင်္ဂလန်ရဲ့ ညာအစွန်လူနေရာကို ဘယ်သူ ရသင့်သလဲကို ဆွေးနွေးခဲ့ပါသေးတယ်။ လက်ရှိ အင်္ဂလန်မှာက ဦးစားပေး ညာအစွန်လူနေရာကို ထရစ်ပီယာ ပိုင်ဆိုင်နေတာပါ။
ခံစစ်မှူးဟောင်း ဖာဒီနန်ကတော့ အင်္ဂလန်အသင်းမှာ ခံစစ်ပိုင်း ပိုကောင်းတဲ့ ချယ်ဆီးမှ ရိစ်ဂျိမ်း နေရာရသင့်တယ်လို့ မြင်ပြီး တိုက်စစ်မှူးဟောင်း အိုဝင်ကတော့ အင်္ဂလန်ဟာ အပြောင်းအလဲတွေကို ကြိုဆိုသင့်ပြီဖြစ်ကြောင်းနဲ့ တိုက်စစ်အားသန်တဲ့ ထရန့်ကို ဘာလို့ နေရာပေးပြီး ကောင်းမွန်တဲ့ တိုက်စစ်ပုံစံကို မပြောင်းလဲနိုင်ရမှာလဲလို့ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
အက္သလက္တီကို မက္ဒရစ္နဲ႔ပြဲက အေကာင္းစား စြမ္းေဆာင္မႈေတြအၿပီး ထရန႔္ အလက္ဇႏၵား-အာႏိုးဟာ အဂၤလန္ရဲ႕ ညာအစြန္ ပြဲထြက္ေနရာမွာ က်န္တဲ့ကစားသမားေတြ အားလုံးထက္ ေရွ႕မွာ ေရာက္ေနသင့္တယ္လို႔ ပီတာခေရာ့ခ်္က မွတ္ခ်က္ေပးလိုက္ပါတယ္။
ဒဏ္ရာေၾကာင့္ ယူ႐ို ၂၀၂၀ ကို လြဲေခ်ာ္ခဲ့တဲ့ လီဗာပူးေနာက္ခံလူဟာ မေန႔က အန္ဖီးမွာ ၂-၀ နဲ႔ ႏိုင္ခဲ့တဲ့အတြင္း အသင္းေဖာ္ တိုက္စစ္သမားေတြျဖစ္တဲ့ ဂ်ိဳတာ၊ မာေနးတို႔ရဲ႕ သြင္းဂိုးေတြအတြက္ ႏွစ္ဂိုးလုံးကို ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ လီဗာပူးဟာ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။
အသက္ ၂၃ ႏွစ္အ႐ြယ္ ညာအစြန္လူဟာ အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ ညာအစြန္ ေနရာမွာလည္း ခ်ယ္ဆီးရဲ႕ ရိစ္ဂ်ိမ္းထက္ ေနရာရသင့္ပါေၾကာင္း အဂၤလန္တိုက္စစ္မွဴးေဟာင္းက ေျပာဆိုခဲ့တာပါ။
“ ထရန္႔က ကြၽန္ေတာ့္ရဲ႕ ပထမဦးစားေပး ညာအစြန္လူပါပဲ။ သူ႔ရဲ႕ တိုက္စစ္ပံ့ပိုးမႈ အရည္အေသြး၊ ေဘာလုံးထိန္းခ်ဳပ္ပုံနဲ႔ ေပးပို႔မႈ စြမ္းရည္ေတြက မယုံႏိုင္စရာေကာင္းတယ္လို႔ ထင္တယ္။
ရိစ္ဂ်ိမ္းစ္ကိုလည္း ကြၽန္ေတာ္ ႀကိဳက္ပါတယ္။ ကြၽန္ေတာ္တို႔မွာ ေကာင္းမြန္တဲ့ ညာအစြန္လူေတြ အမ်ားႀကီးရွိတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ ထရန္႔က အေကာင္းဆုံးပါပဲ ” လို႔ ခေရာ့က ေျပာခဲ့တာ ျဖစ္ပါတယ္။
မတူညီတဲ့ ခ်န္နယ္ကေနပဲ အဂၤလန္ကစားသမားေဟာင္းေတြျဖစ္တဲ့ ဖာဒီနန္နဲ႔ အိုဝင္တုိ႔ကလည္း အဂၤလန္ရဲ႕ ညာအစြန္လူေနရာကို ဘယ္သူ ရသင့္သလဲကို ေဆြးေႏြးခဲ့ပါေသးတယ္။ လက္ရွိ အဂၤလန္မွာက ဦးစားေပး ညာအစြန္လူေနရာကို ထရစ္ပီယာ ပိုင္ဆုိင္ေနတာပါ။
ခံစစ္မွဴးေဟာင္း ဖာဒီနန္ကေတာ့ အဂၤလန္အသင္းမွာ ခံစစ္ပိုင္း ပိုေကာင္းတဲ့ ခ်ယ္ဆီးမွ ရိစ္ဂ်ိမ္း ေနရာရသင့္တယ္လို႔ ျမင္ျပီး တိုက္စစ္မွဴးေဟာင္း အိုဝင္ကေတာ့ အဂၤလန္ဟာ အေျပာင္းအလဲေတြကို ၾကိဳဆိုသင့္ျပီျဖစ္ေၾကာင္းနဲ႔ တိုက္စစ္အားသန္တဲ့ ထရန္႔ကို ဘာလို႔ ေနရာေပးျပီး ေကာင္းမြန္တဲ့ တိုက္စစ္ပံုစံကို မေျပာင္းလဲႏုိင္ရမွာလဲလို႔ ေမးခြန္းထုတ္ခဲ့တာ ျဖစ္ပါတယ္။