လီဗာပူးညာအစွန်လူ ထရန့်က တီကို နိုင်ပွဲနဲ့အတူ ညာခြမ်းမှာ သူနဲ့ ဆာလာရဲ့ တွဲဖက်မှုက အရမ်းနားလည်မှုတွေ ရှိနေတဲ့အကြောင်းကို ပွဲအပြီးမှာ ပြောပြခဲ့ပါတယ်။

ဒီရာသီမှာ လီဗာပူးအသင်းဟာ တိုက်စစ်ရဲ့ ညာခြမ်းကို အားပြုကစားလာနေခဲ့တာပါ။ ရာသီစတုန်းက ထရန့်၊ အယ်လီးယော့၊ ဆာလာ တွဲလုံးဟာ အဓိက ဖြစ်ခဲ့သလို ဒီနောက်ပိုင်း ပွဲတွေမှာလည်း အယ်လီးယော့နေရာမှာ ဟန်ဒိုက ပါဝင်လာပြီး ညာခြမ်းတိုက်စစ်ကို အကောင်းဆုံး အားဖြည့်ပေးနေတာဖြစ်တယ်။

ဆာလာရဲ့ တောက်ပမှုတွေမှာ ထရန့်နဲ့ ဟန်ဒိုတို့ရဲ့ ပံ့ပိုးပေးမှုလည်း ပါဝင်နေပြီး တီကိုနိုင်ပွဲအပြီးမှာ ညာအစွန်လူက အသင်းရဲ့ ကစားဟန်အကြောင်းကို လီဗာပူးဝဘ်ဆိုဒ်ကနေ တစ်ဆင့် အခုလို ပြောခဲ့ပါတယ်။

“ တီကိုပွဲက ကျွန်တော်တို့အတွက် အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပွဲတိုင်းက အရေးပါပေမယ့် ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ဂိမ်းပလန်ကို သေချာဆွဲထားခဲ့တာပါ။ အစောပိုင်းမှာပဲ အနိုင်ဂိုးတွေ ရခဲ့တယ်။ မက်ဒရစ်မှာတုန်းက ၂-၀ နဲ့ ဦးဆောင်ထားချိန်မှာ ကြုံခဲ့ရတဲ့ သင်ခန်းစာတွေကို ကျွန်တော်တို့ သင်ယူပြီးပြင်ဆင်ခဲ့တယ်။ ပွဲကို လုံးဝလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

သူတို့က ဘယ်လိုအသင်းမျိုးလဲဆိုတာ ကျွန်တော်တို့သိတယ်။ သူတို့က ကျွန်တော်တို့ကို သူတို့ကစားပုံထဲ ဆွဲသွင်းထားချင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဘောလုံးကို ထိန်းသိမ်းထားခဲ့ပြီး မြန်မြန် လှုပ်ရှားပြီးတော့ သိပ်ကောင်းတဲ့ ဂိုး ၂ ဂိုးကို သွင်းယူခဲ့တယ်။

အခုချိန်မှာ ကျွန်တော်နဲ့ ဆာလာက တကယ်ကို ကောင်းမွန်တဲ့ နားလည်မှု ရရှိထားတာပါ။ ဟန်ဒိုက တိုက်စစ်အတွက် တွန်းအားပေးခဲ့ပြီး ဖာဘင်ညို ပြန်လာတာကလည်း ကျွန်တော်တို့အတွက် ကြီးမားတဲ့ အကူအညီ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့တွေ ဘောလုံးကိုင်ထားပြီးတော့ အခွင့်အရေးတွေ ဖန်တီးဖို့ကြိုးစားခဲ့တယ်။

ကျွန်တော်တို့ရဲ့ ကစားသမားကောင်းတွေရဲ့ ခြေစွမ်းတွေနဲ့အတူ ပြိုင်ဘက်ကို ဘောလုံးမပေးရအောင် ကြိုးစားခဲ့ပြီး အဲ့အတိုင်း လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်”လို ထရန့်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးညာအစြန္လူ ထရန္႔က တီကို ႏိုင္ပြဲနဲ႔အတူ ညာျခမ္းမွာ သူနဲ႔ ဆာလာရဲ႕ တြဲဖက္မႈက အရမ္းနားလည္မႈေတြ ရွိေနတဲ့အေၾကာင္းကို ပြဲအၿပီးမွာ ေျပာျပခဲ့ပါတယ္။

ဒီရာသီမွာ လီဗာပူးအသင္းဟာ တိုက္စစ္ရဲ႕ ညာျခမ္းကို အားျပဳကစားလာေနခဲ့တာပါ။ ရာသီစတုန္းက ထရန္႔၊ အယ္လီးေယာ့၊ ဆာလာ တြဲလံုးဟာ အဓိက ျဖစ္ခဲ့သလို ဒီေနာက္ပိုင္း ပြဲေတြမွာလည္း အယ္လီးေယာ့ေနရာမွာ ဟန္ဒိုက ပါဝင္လာျပီး ညာျခမ္းတိုက္စစ္ကို အေကာင္းဆံုး အားျဖည့္ေပးေနတာျဖစ္တယ္။

ဆာလာရဲ႕ ေတာက္ပမႈေတြမွာ ထရန္႔နဲ႔ ဟန္ဒိုတို႔ရဲ႕ ပံ့ပိုးေပးမႈလည္း ပါဝင္ေနျပီး တီကိုႏုိင္ပြဲအျပီးမွာ ညာအစြန္လူက အသင္းရဲ႕ ကစားဟန္အေၾကာင္းကို လီဗာပူးဝဘ္ဆိုဒ္ကေန တစ္ဆင့္ အခုလို ေျပာခဲ့ပါတယ္။

“ တီကိုပြဲက ကြၽန္ေတာ္တို႔အတြက္ အေရးပါတဲ့ ပြဲတစ္ပြဲ ျဖစ္ခဲ့ပါတယ္။ ပြဲတိုင္းက အေရးပါေပမယ့္ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ရဲ႕ ဂိမ္းပလန္ကို ေသခ်ာဆြဲထားခဲ့တာပါ။ အေစာပိုင္းမွာပဲ အႏိုင္ဂိုးေတြ ရခဲ့တယ္။ မက္ဒရစ္မွာတုန္းက ၂-၀ နဲ႔ ဦးေဆာင္ထားခ်ိန္မွာ ႀကဳံခဲ့ရတဲ့ သင္ခန္းစာေတြကို ကြၽန္ေတာ္တို႔ သင္ယူၿပီးျပင္ဆင္ခဲ့တယ္။ ပြဲကို လုံးဝလႊမ္းမိုးထားႏိုင္ခဲ့ပါတယ္။

သူတို႔က ဘယ္လိုအသင္းမ်ိဳးလဲဆိုတာ ကြၽန္ေတာ္တို႔သိတယ္။ သူတို႔က ကြၽန္ေတာ္တို႔ကို သူတို႔ကစားပုံထဲ ဆြဲသြင္းထားခ်င္တာပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေဘာလုံးကို ထိန္းသိမ္းထားခဲ့ၿပီး ျမန္ျမန္ လႈပ္ရွားၿပီးေတာ့ သိပ္ေကာင္းတဲ့ ဂိုး ၂ ဂိုးကို သြင္းယူခဲ့တယ္။

အခုခ်ိန္မွာ ကြၽန္ေတာ္နဲ႔ ဆာလာက တကယ္ကို ေကာင္းမြန္တဲ့ နားလည္မႈ ရရွိထားတာပါ။ ဟန္ဒိုက တိုက္စစ္အတြက္ တြန္းအားေပးခဲ့ၿပီး ဖာဘင္ညိဳ ျပန္လာတာကလည္း ကြၽန္ေတာ္တို႔အတြက္ ႀကီးမားတဲ့ အကူအညီ ျဖစ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ေတြ ေဘာလုံးကိုင္ထားၿပီးေတာ့ အခြင့္အေရးေတြ ဖန္တီးဖို႔ႀကိဳးစားခဲ့တယ္။

ကြၽန္ေတာ္တို႔ရဲ႕ ကစားသမားေကာင္းေတြရဲ႕ ေျခစြမ္းေတြနဲ႔အတူ ၿပိဳင္ဘက္ကို ေဘာလုံးမေပးရေအာင္ ႀကိဳးစားခဲ့ၿပီး အဲ့အတိုင္း လုပ္ႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္”လို ထရန္႔က ေျပာျပခဲ့တာ ျဖစ္ပါတယ္။