စိတ်လှုပ်ရှားစရာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ သီတင်းပတ်တစ်ခု ထပ်မံ ပြီးဆုံးသွားတဲ့နောက်မှာ တိုက်စစ်သမား မက်ဆီက ဒီရာသီ ဆုဖလား ပြိုင်ပွဲနဲ့ ပတ်သက်လို့ ဖြေဆိုမှုတစ်ခု ပြုလုပ်သွားခဲ့ပါတယ်။
ပီအက်စ်ဂျီနဲ့ လိုက်ဇစ်တို့ ၂-၂ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို လွဲချော်ခဲ့တဲ့ မက်ဆီက အင်္ဂလန်ကလပ် ၄ သင်းလုံးဟာ ဆုဖလားပြိုင်ပွဲကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်နေပြီဖြစ်တယ်။ beIN SPORTS က ဒီရာသီ ချန်ပီယံလိဂ်ကို စိန်ခေါ်မယ့် အသင်းတွေက ဘယ်အသင်းတွေ ဖြစ်မလဲနဲ့ ပြိုင်ပွဲရဲ့ ခက်ခဲမှုအတွက် မက်ဆီရဲ့ အမြင်ကို ပြောပေးဖို့ တောင်းဆိုခဲ့တယ်။
ပီအက်စ်ဂျီ တိုက်စစ်သမားက “ ချန်ပီယံလိဂ်က အရမ်းကို ခက်ခဲတဲ့ ပြိုင်ပွဲဖြစ်ပြီး အကောင်းဆုံး အသင်းတိုင်းလည်း အမြဲတမ်း အနိုင်ရနေတာ မဟုတ်ပါဘူး။ အနိုင်ရဖို့ ကိစ္စတွေ အများကြီး လိုအပ်တယ်၊ အရာအားလုံးကလည်း ဖြစ်နိုင်ပါတယ်။
နှစ်တွေအတွင်းမှာ အခြားသော ကလပ်တွေကလည်း အတူတကွ ကြိုးစားလာနေကြတယ်။ ကစားသမားကောင်းတွေ လက်မှတ်ထိုးထားကြတယ်။ ယူနိုက်တက်၊ စီးတီး၊ ဘိုင်ယန်၊ လီဗာပူး၊ အက်သလက်တီကိုနဲ့ ချယ်ဆီးတို့တွေပေါ့ ” ဆိုပြီး လီဗာပူးကိုပါ ထည့်သွင်း ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
တူညီတဲ့ မေးခွန်းကို ပြီးခဲ့တဲ့ လတုန်းကလည်း မက်ဆီ ဖြေဆိုခဲ့ပါသေးတယ်။ အဲ့တုန်းကတော့ သူက လီဗာပူးကို မထည့်သွင်းခဲ့ဘဲ ရီးရဲလ်မက်ဒရစ်နဲ့ အင်တာမီလန်တို့ကို ရေပန်းစား အသင်းတွေအဖြစ် ဆိုခဲ့တာပါ။ ဒါ့ပေမယ့်လို့ ဒီတစ်ကြိမ်မှာတော့ လာလီဂါကလပ်နဲ့ စီးရီးအေကလပ်တွေကို ဖြုတ်သွားခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာတုန်းက တူညီတဲ့ မေးခွန်းအတွက် မက်ဆီ ပြောရာမှာ ” လူတိုင်းက ပီအက်စ်ဂျီကိုပဲ စောင့်ကြည့်နေကြမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့်လို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် တောင့်တင်းတဲ့ အသင်းတွေလည်း ရှိနေပါသေးတယ်။
ချယ်ဆီး၊ မန်ချက်စတာကလပ် နှစ်သင်း၊ ချန်ပီယံလိဂ်မှာ အမြဲတမ်း တုန့်ပြန်မှုကောင်းတဲ့ ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်နဲ့ ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေဖြစ်ပါတယ် ” လို့ ဖြေခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
စိတ္လႈပ္ရွားစရာ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲရဲ႕ သီတင္းပတ္တစ္ခု ထပ္မံ ျပီးဆံုးသြားတဲ့ေနာက္မွာ တိုက္စစ္သမား မက္ဆီက ဒီရာသီ ဆုဖလား ျပိဳင္ပြဲနဲ႔ ပတ္သက္လို႔ ေျဖဆိုမႈတစ္ခု ျပဳလုပ္သြားခဲ့ပါတယ္။
ပီအက္စ္ဂ်ီနဲ႔ လိုက္ဇစ္တို႔ ၂-၂ သေရက်ခဲ့တဲ့ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို လြဲေခ်ာ္ခဲ့တဲ့ မက္ဆီက အဂၤလန္ကလပ္ ၄ သင္းလံုးဟာ ဆုဖလားျပိဳင္ပြဲကို စိန္ေခၚႏုိင္မယ္လို႔ ယံုၾကည္ေနျပီျဖစ္တယ္။ beIN SPORTS က ဒီရာသီ ခ်န္ပီယံလိဂ္ကို စိန္ေခၚမယ့္ အသင္းေတြက ဘယ္အသင္းေတြ ျဖစ္မလဲနဲ႔ ျပိဳင္ပြဲရဲ႕ ခက္ခဲမႈအတြက္ မက္ဆီရဲ႕ အျမင္ကို ေျပာေပးဖို႔ ေတာင္းဆိုခဲ့တယ္။
ပီအက္စ္ဂ်ီ တိုက္စစ္သမားက “ ခ်န္ပီယံလိဂ္က အရမ္းကို ခက္ခဲတဲ့ ျပိဳင္ပြဲျဖစ္ျပီး အေကာင္းဆံုး အသင္းတိုင္းလည္း အျမဲတမ္း အႏုိင္ရေနတာ မဟုတ္ပါဘူး။ အႏုိင္ရဖို႔ ကိစၥေတြ အမ်ားၾကီး လိုအပ္တယ္၊ အရာအားလံုးကလည္း ျဖစ္ႏုိင္ပါတယ္။
ႏွစ္ေတြအတြင္းမွာ အျခားေသာ ကလပ္ေတြကလည္း အတူတကြ ၾကိဳးစားလာေနၾကတယ္။ ကစားသမားေကာင္းေတြ လက္မွတ္ထိုးထားၾကတယ္။ ယူႏုိက္တက္၊ စီးတီး၊ ဘိုင္ယန္၊ လီဗာပူး၊ အက္သလက္တီကိုနဲ႔ ခ်ယ္ဆီးတို႔ေတြေပါ့ ” ဆိုျပီး လီဗာပူးကိုပါ ထည့္သြင္း ေျဖဆိုခဲ့တာ ျဖစ္ပါတယ္။
တူညီတဲ့ ေမးခြန္းကို ျပီးခဲ့တဲ့ လတုန္းကလည္း မက္ဆီ ေျဖဆိုခဲ့ပါေသးတယ္။ အဲ့တုန္းကေတာ့ သူက လီဗာပူးကို မထည့္သြင္းခဲ့ဘဲ ရီးရဲလ္မက္ဒရစ္နဲ႔ အင္တာမီလန္တို႔ကို ေရပန္းစား အသင္းေတြအျဖစ္ ဆိုခဲ့တာပါ။ ဒါ့ေပမယ့္လို႔ ဒီတစ္ၾကိမ္မွာေတာ့ လာလီဂါကလပ္နဲ႔ စီးရီးေအကလပ္ေတြကို ျဖဳတ္သြားခဲ့တာ ျဖစ္ပါတယ္။
ေအာက္တိုဘာတုန္းက တူညီတဲ့ ေမးခြန္းအတြက္ မက္ဆီ ေျပာရာမွာ ” လူတိုင္းက ပီအက္စ္ဂ်ီကိုပဲ ေစာင့္ၾကည့္ေနၾကမယ္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္လို႔ ခ်န္ပီယံဆုကို စိန္ေခၚႏုိင္မယ့္ ေတာင့္တင္းတဲ့ အသင္းေတြလည္း ရွိေနပါေသးတယ္။
ခ်ယ္ဆီး၊ မန္ခ်က္စတာကလပ္ ႏွစ္သင္း၊ ခ်န္ပီယံလိဂ္မွာ အျမဲတမ္း တုန္႔ျပန္မႈေကာင္းတဲ့ ရီးရဲလ္မက္ဒရစ္၊ အင္တာမီလန္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔လို အသင္းေတြျဖစ္ပါတယ္ ” လို႔ ေျဖခဲ့တာ ျဖစ္ပါတယ္။